ပထမ ဦးဆံုး ကိုယ္၀န္ မွာပဲ သံုးမႊာပူး ေအာင္ျမင္ စြာ ေမြးဖြား ႏိုင္ ခဲ႔တဲ႔ မိ ခင္

ေတာင္ငူျပည္သူ ႔ေဆး႐ုံႀကီးတြင္ သုံးမႊာပူးကေလးအား ခြဲစိတ္ေမြးဖြားေအာင္ျမင္ခဲ့ၿပီး မိခင္ႏွင့္ ကေလးမ်ားက်န္းမာလၽွက္ရွိ

ပဲခူးတိုင္း ေဒသႀကီး ေတာင္ငူၿမိဳ့နယ္ ျပည္သူ႔ေဆး႐ုံ ႀကီးတြင္ဩဂုတ္ ၂ ရက္ေန႔က သုံးမႊာပူးကေလး အား ခြဲစိတ္ေမြးဖြားေအာင္ျမင္ ထားၿပီး ကေလးမ်ားႏွင့္မိခင္ျဖစ္သူတို့မွာက်န္းမာေရးေကာင္းမြန္လၽွက္ ရွိေၾကာင္း ေတာင္ငူျပည္သူ႔ေဆး႐ုံႀကီးမွသိရသည္။

အဆိုပါ သုံးမႊာပူးကေလးအား ေတာင္ငူျပည္သူ ႔ေဆး႐ုံမွ သားဖြားႏွင့္မီးယပ္ အထူးကု ဆရာဝန္ ေဒါက္တာ လဲ့ယဥ္မင္းက ဦးေဆာင္ၿပီး ေဒါက္တာ မႏၲာထက္မင္း၊ ေဒါက္တာေအာင္မင္းခန္႔တို့က ဩဂုတ္ ၂ ရက္ နံနက္ပိုင္း ၉ နာရီ ၂၀ မိနစ္အခ်ိန္၌ မိန္းကေလးႏွစ္ဦးႏွင့္ ေယာက်ာ္းေလးတစ္ဦး ၊စုစုေပါင္း သုံးမႊာပူးအား ခြဲစိတ္ေမြးဖြားခဲ့ျခင္း ျဖစ္ေၾကာင္း၊

ေမြးဖြားစတြင္ ကိုယ္ အေလးခ်ိန္ မ(ပထမကေလး) ၂.၂ Kg၊က်ား(ဒုတိယကေလး) ၂.၂Kgႏွင့္ မ(တတိယကေလး) ၁.၅ Kg ျဖင့္ ေမႊးဖြားခဲ့ျခင္းျဖစ္ေၾကာင္း၊ သုံးမႊာပူးကေလးမ်ား၏ မိဘႏွစ္ပါးမွာ ဖခင္-ကိုနိုင္လင္းစိုး +မိခင္- မေဝေဝၿဖိဳး ၂၆ ႏွစ္၊ ေက်ာက္တံခါးၿမိဳ့နယ္ အနန္းေဘာ္ေက်းရြာအုပ္စု၊ ကြင္းေခ်ာင္း ဝေနသူတို့ျဖစ္ၿပီး ၎တို့၏ သားဦးကေလးမ်ားျဖစ္ေၾကာင္းသိရသည္။

လက္ရွိတြင္ ကေလးမ်ားႏွင့္ မိခင္ျဖစ္သူတို့မွာ က်န္းမာေရးေကာင္းမြန္လၽွက္ရွိၾကၿပီး ရက္အနည္းငယ္ အတြင္း ေဆး႐ုံမွဆင္းနိုင္ ေတာ့မည္ျဖစ္ေၾကာင္းႏွင့္ ကေလးမ်ား အတြက္ မိခင္တစ္ဦးတည္း၏နို့ျဖင့္မလုံေလာက္သျဖင့္ နို့မွုန႔္ကူၿပီး တိုက္ေနရေၾကာင္းသိရသည္။

ကေလးမ်ားအတြက္ နို့မွုန႔္ဖိုးကူညီလိုသူမ်ားရွိပါကလည္း

ဖုန္းနံပါတ္-09-773929422 သို့ဆက္သြယ္လွူဒါန္းနိုင္ပါတယ္ခင္ဗ်ာ။

ေဇာ္ဝင္းခ်စ္(ေတာင္ငူ)

၁၀.၈.၂၀၂၀

ပထမ ဦးဆုံး ကိုယ်ဝန် မှာပဲ သုံးမွှာပူး အောင်မြင် စွာ မွေးဖွား နိုင် ခဲ့တဲ့ မိ ခင်

တောင်ငူပြည်သူ ့ဆေးရုံကြီးတွင် သုံးမွှာပူးကလေးအား ခွဲစိတ်မွေးဖွားအောင်မြင်ခဲ့ပြီး မိခင်နှင့် ကလေးများကျန်းမာလျှက်ရှိ

ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံ ကြီးတွင်ဩဂုတ် ၂ ရက်နေ့က သုံးမွှာပူးကလေး အား ခွဲစိတ်မွေးဖွားအောင်မြင် ထားပြီး ကလေးများနှင့်မိခင်ဖြစ်သူတို့မှာကျန်းမာရေးကောင်းမွန်လျှက် ရှိကြောင်း တောင်ငူပြည်သူ့ဆေးရုံကြီးမှသိရသည်။

အဆိုပါ သုံးမွှာပူးကလေးအား တောင်ငူပြည်သူ ့ဆေးရုံမှ သားဖွားနှင့်မီးယပ် အထူးကု ဆရာဝန် ဒေါက်တာ လဲ့ယဉ်မင်းက ဦးဆောင်ပြီး ဒေါက်တာ မန္တာထက်မင်း၊ ဒေါက်တာအောင်မင်းခန့်တို့က ဩဂုတ် ၂ ရက် နံနက်ပိုင်း ၉ နာရီ ၂၀ မိနစ်အချိန်၌ မိန်းကလေးနှစ်ဦးနှင့် ယောကျာ်းလေးတစ်ဦး ၊စုစုပေါင်း သုံးမွှာပူးအား ခွဲစိတ်မွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း၊

မွေးဖွားစတွင် ကိုယ် အလေးချိန် မ(ပထမကလေး) ၂.၂ Kg၊ကျား(ဒုတိယကလေး) ၂.၂Kgနှင့် မ(တတိယကလေး) ၁.၅ Kg ဖြင့် မွှေးဖွားခဲ့ခြင်းဖြစ်ကြောင်း၊ သုံးမွှာပူးကလေးများ၏ မိဘနှစ်ပါးမှာ ဖခင်-ကိုနိုင်လင်းစိုး +မိခင်- မဝေဝေဖြိုး ၂၆ နှစ်၊ ကျောက်တံခါးမြို့နယ် အနန်းဘော်ကျေးရွာအုပ်စု၊ ကွင်းချောင်း ဝနေသူတို့ဖြစ်ပြီး ၎င်းတို့၏ သားဦးကလေးများဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ကလေးများနှင့် မိခင်ဖြစ်သူတို့မှာ ကျန်းမာရေးကောင်းမွန်လျှက်ရှိကြပြီး ရက်အနည်းငယ် အတွင်း ဆေးရုံမှဆင်းနိုင် တော့မည်ဖြစ်ကြောင်းနှင့် ကလေးများ အတွက် မိခင်တစ်ဦးတည်း၏နို့ဖြင့်မလုံလောက်သဖြင့် နို့မှုန့်ကူပြီး တိုက်နေရကြောင်းသိရသည်။

ကလေးများအတွက် နို့မှုန့်ဖိုးကူညီလိုသူများရှိပါကလည်း

ဖုန်းနံပါတ်-09-773929422 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

ဇော်ဝင်းချစ်(တောင်ငူ)

၁၀.၈.၂၀၂၀