ဒီနှ စ်(၂၀၂၀)ဟာ ကြာသပတေးသားသမီးတွေအတွက် ၂၀၁၉ခုနှစ်တွေမှာညံ့နေခဲ့သမျှ ၂၀၂၀ခုနှစ်မှာတော့ အညံ့အဆိုးတွေ စတင်လျော့ပါးသက်သာလာပြီဖြစ်ပါတယ်။အောင်မြင်ခြင်းရောင်နီသန်းလာတဲ့နှစ်တစ်ခုပဲဖြစ်ပါတယ်။အကောင်းအဆိုးတွေဒွန်တွဲနေပေမယ့်အကောင်းဘက်ကိုအလေးသာနေပါလိမ့်မယ်။ မိမိတို့ကသာစီးပွားရေးနားလည်ပြီး လိမ္မာပါးနပ်တဲ့သူဖြစ်တယ်ဆိုရင်တော့ဒီနှစ်မှာ ခိုင်မာတဲ့စီးပွားရေးတွေကို တည်ဆောက်နိုင်ပါလိမ့်မယ်။ စိတ်လိုလက်ရလုပ်ကိုင်ချင်နေတဲ့အလုပ်တွေရှိရင်တော့ ဒီနှစ်စိတ်နှစ်ပြီး လုပ်ကိုင်သွားနိုင်ပါလိမ့်မယ်။

ဒီနှစ်ဟာ အခက်အခဲအသေးအမွှားလေးတွေရင်ဆိုင်ပြီးမှ အဆင်ပြေမှုတွေလာတတ်ပါတယ်။အခက်အခဲကြုံတိုင်း လက်လျှော့တတ်တဲ့သူတွေကတော့ အဆင်ပြေမှုမဖြစ်ပါ။ဘာလုပ်လုပ်အဆုံးသတ်ထိလုပ်သွားဖို့တိုက်တွန်းလိုက်ရပါတယ်။ဒီနှစ်ဟာခရီးတိုတွေ အလွန်ပဲသွားရတတ်ပါတယ်။ရေလမ်းခရီးလဲဖြစ် ၊မိမိကိုယ်တိုင်ကလဲ ရေမှာမကျွမ်းကျင်ဘူးဆိုရင်တော့ ရေလမ်းခရီးတွေကိုသတိထားလိုက်ပါ။အထက်လူကြီးတွေနဲ့စကားပြောဆိုတဲ့အခါအထူးဂရုစိုက်ပါ။မိမိပြောဆိုတာကိုသဘောကျပြီးအကူအညီပေးနိုင်သလို မိမိထောင့်မကျိုးရင်လဲ မိမိကိုလျစ်လျူရှုတတ်တာကိုသိထားစေချင်ပါတယ်။

ဒီနှစ်ဟာ ငွေကြေးဆိုင်ရာကိစ္စအ၀၀အတွက် စိတ်ညစ်ရတတ်ပါတယ်။ ငွေချေးမိရင်ပြန်မဆပ်နိုင်လို့ စိတ်ညစ်ရတာမျိုးတွေဖြစ်တတ်သလို တရားတဘောင်ရင်ဆိုင်ရသည်အထိလဲဖြစ်တတ်ပါတယ်။အခြားသူတွေကိုငွေချေးမိတယ်ဆိုရင်လဲပြန်မရတာဆုံးတာမျိုးတွေ အလွန်ဖြစ်တတ်ပါတယ်။အလုပ်ထဲမှာငွေအရမ်းမြုပ်သွားတယ်ဆိုရင်လဲ ပြန်ပေါ်ဖို့လွန်စွာမှခဲယဉ်းပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီး တကယ့်ကိုစနစ်တကျကိုင်တွယ်အသုံးချတတ်မှပဲအဆင်ပြေပါလိမ့်မယ်။ဒါကြောင့် ငွေကြေးအတိုးပေးစားသူများ၊ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်သူများ ၊ စုမဲစုကြသူများသတိထားသင့်တဲ့နှစ်တစ်ခုပါပဲ။ဒီနှစ်မှာ ကြာသပတေးသားသမီးတွေအနေနဲ့ အလုပ်သစ်တွေစချင်နေတာမျိုးရှိရင်အစပျိုးဖို့ အကြံပြုချင်ပါတယ်။အချို့ဆို လုပ်ငန်းအသေးစားလေးတွေအလုပ်တစ်ဖက်နဲ့စထားချင်တယ်။ အွန်လိုင်းစီးပွားလေးတွေ အစပျိုးထားချင်တယ်။

ဒီလိုမျိုးအကြံအစည်တွေရှိရင် လုပ်ပါလို့ပြောချင်ပါတယ်။ ဒီနှစ်မှာစတင်လိုက်တဲ့လုပ်ငန်းတွေ ချက်ချင်းကြီး ကောက်ရိုးမီးလိုဟုန်းကနဲထမတောက်ပေမယ့် တဖြည်းဖြည်းနဲ့အဆင်ပြေပြီးတော့ အောင်မြင်မှုတွေရှိလာတတ်ပါတယ်။ ဒ့ါအပြင် ရေရှည်ရပ်တည်သွားပြီးမယိုင်လဲတဲ့အလုပ်တစ်ခုအဖြစ်တည်ရှိနေနိုင်ပါလိမ့်မယ်။

အချစ်ရေးမှာတော့ ပေးဆပ်နေရတတ်ပါတယ်။ကိုယ်ချစ်သလောက်ကိုယ့်အပေါ်ပြန်တုန့်ပြန်မှုတွေနည်းနေတတ်ပါတယ်။ ချစ်သူသက်တမ်းတွေကြာလို့ချစ်သူနဲ့လက်ထပ်ဖို့မင်္ဂလာဆောင်ဖို့ရည်ရွယ်ထားတယ်ဆိုရင်လဲဒီနှစ်ဟာအဆင်ပြေပြေနဲ့ ပြီးမြောက်သွားတတ်ပါတယ်။ဝန်ထမ်းများရာထူးတိုးနိုင်သလို တာဝန်တွေလဲတိုးနိုင်ပါတယ်။ဝန်ထမ်းများလွန်စွာမှအလုပ်တာဝန်တွေနဲ့ မအားလပ်နိုင်အောင်ဖြစ်နေတတ်ပါတယ်။Over timeများ လာမဲ့နှစ်တစ်ခုပါပဲ။အလုပ်တွေအချိန်ပြည့်လုပ်ဖို့သာ ပြင်ထားပါ။

ကိုယ်ပိုင်စီးပွားရေးသမားများကတော့ အလွန်မှအဆင်ပြေတိုးတက်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ငွေမြုပ်သွားရင်တော့ ငွေကြေးလည်ပတ်မှုမရှိဘဲ ကျဆုံးသွားတတ်ပါတယ်။ Money managementမလုပ်တတ်သူများဒီနှစ်သေချာပေါက်ကျဆုံးပါလိမ့်မယ်။ဘေးလူအမြင်မှာတော့ အလုပ်တွေကောင်းနေတော့ အဆင်ပြေတယ်ထင်ကြပေမယ့် မိမိကိုယ်တိုင်ကတော့ နာမည်ကြီးထမင်းငတ်ဖြစ်နေရတတ်ပါတယ်။

သူတစ်ပါးကို ပြစ်တင်ကဲ့ရဲ့ခြင်းတွေကိုမလုပ်ဘဲ မိမိကိုယ်တိုင်ပြုပြင်ပြီးကောင်းအောင်နေရင် အလွန်မှအောင်မြင်တတ်ပါတယ်။အမျိုးသမီးများချမ်းသာဂုဏ်မောက်ပြီးကြွားဝါခြင်းတွေကို အထူးရှောင်ပါ။အိမ်ထောင်သည်များအိမ်ထောင်ရေး အဆင်ပြေသာယာပါလိမ့်မယ်။အဆင်မပြေအချင်းများနေတဲ့လင်မယားစုံတွဲတွေ နားလည်မှုတွေပြန်ရလိမ့်မယ်။ မိသားစုစီးပွားရေးတွေ သိသာစွာတိုးတက်နိုင်ပါတယ်။ ညီအကိုမောင်နှမတွေနဲ့ ပြေလည်မှုတွေရလာတတ်ပါတယ်။

ဒီနှစ်မှာသတိထားစေချင်တာကကျန်းမာရေးပါပဲ။ ကြာသပတေးသားသမီးတွေကျန်းမာရေးခြူခြာမှုတွေ ဆက်လက်ရှိနေတတ်ပါတယ်။ခွဲစိပ်ကုသရသည်အထိ ကျန်းမာရေးညံ့ဖျင်းနိုင်တာကို တွေ့ရပါတယ်။ခေါင်းကိုက်ခြင်း ၊ဝမ်းဗိုက်နဲ့ပတ်သက်သောရောဂါ၊ခါးအောက်ပိုင်း၊မျက်စိ၊ မီးယပ်နှင့်မတော်တဆထိခိုက်မှုတွေကိုသတိထားရမဲ့နှစ်ပါပဲ။၂၀၁၉မှာကျန်းမာရေးအညံ့တွေကအရှင်းမပျောက်ဘဲတရှောင်ရှောင်ဖြစ်နေသေးတာမျိုးလဲဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဇန်နဝါရီလကနေ ဧပြီလကုန်သည်အထိ ကျန်းမာရေးဂရုစိုက်ကြဖို့ မှာချင်ပါတယ်။

တနင်္ဂနွေ ၊ ရာဟု ၊အင်္ဂါသားသမီးတွေဟာ ကောင်းကျိုးပေးမယ့်နေ့သားတွေ ဒီနှစ်ဖြစ်လာတတ်ပါတယ်။ဒီနှစ်မှာ ပညာရေးဝန်ဆောင်မှုလုပ်ငန်း ၊သစ်သီးပွဲရုံ ၊ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ၊ အထည်ထီးဖိနပ်လုပ်ငန်း ၊ရေသန့်လုပ်ငန်းများအထူးအဆင်ပြေတိုးတက်နိုင်တာကို တွေ့ရပါတယ်။ စက်ပစ္စည်းကြီးကြီးမားမားဝယ်ချင်တယ်ဆိုရင်လဲ ဒီနှစ်မှာဝယ်ယူလို့အလွန်ကောင်းပါတယ်။

ကြာသပတေးနေ့ဖွားတွေဟာ အခုနှစ်၂၀၂၀မှာ အသက်အားဖြင့် ၃နှစ် ၊ ၁၀နှစ် ၊ ၁၇နှစ် ၊၂၄နှစ် ၊ ၃၁နှစ် ၊ ၃၈နှစ် ၊ ၄၅နှစ် ၊ ၅၂နှစ် ၊၅၉နှစ် ၊၆၆နှစ် ၊၇၃နှစ် စသောအသက်အပိုင်းအခြားတွေမှာရောက်နေချိန်ဆိုရင်တော့ ကံအညံ့တွေများပြားပြီး ကံဇာတာညှိုးနွမ်းနေတယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ ဒီအသက်အပိုင်းအခြားရောက်နေသူတွေကတော့ နီးစပ်တဲ့ဆရာတွေဆီမှာမေးမြန်းပြီး အသေးစိတ်အကြံဉာဏ်ယူစေချင်ပါတယ်။

မတ်လ ၊ မေလနှင့် ဒီဇင်ဘာလတွေမှာ အရာရာအဆင်ပြေမည်။လာဘ်လာဘတွေပေါများမည်။အဘက်ဘက်က ကံကောင်းနေမဲ့ကာလလဲဖြစ်လာတတ်ပါတယ်။ပညာရေးမှာတော့ ဆရာကောင်းတွေနဲ့ဆုံတွေရပြီးတော့ ထင်ထားသည်ထက် ပိုမိုထူးချွှန်တတ်ပါတယ်။ပြည်တွင်းပြည်ပပညာရေးခရီးများ သွားလာရတတ်ပါတယ်။ကျောင်းအတတ်ပညာကစလို့ အသက်မွေးမှုပညာတွေအထိသင်ယူလို့အလွန်ကောင်းတဲ့နှစ်ပါပဲ။လုပ်ငန်းခွင်အတွင်း ကြာသပတေး ၊ဗုဒ္ဓဟူး ၊ တနလာင်္နှင့် တွဲဖက်လုပ်ကိုင်ရသည်ဖြစ်စေ ၊ စပ်တူစီးပွားလုပ်ရသည်ဖြစ်စေ အခက်အခဲတွေများနေတတ်ပါတယ်။

ဒီနှစ်ကိုနိဂုံးချုပ်ပြောနေရရင်တော့ ကြာသပတေးသားသမီးတွေက ကျန်းမာရေးအညံ့နှင့် ငွေကြေးညံ့ဖျင်းမှုတွေကို ကြုံရတတ်ပါတယ်။ ငွေကိုလက်ထဲကိုင်ထားရင် ကုန်စရာပေါ်လာတတ်ပါတယ်။ ငွေစာရင်းဖွင့်ပြီး စုဖို့တိုက်တွန်းလိုပါတယ်။ အချစ်ရေးမှာလဲ အွန်လိုင်းကချစ်သူသစ်တွေ ရလွယ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီနှစ်မှာတော့ မျက်စိ ၊အမြင်အာရုံ အားနည်းနိုင်ပါတယ်။အာရုံစိုက်ရတဲ့အလုပ်တွေကိုသေသေချာချာစနစ်တကျဆောင်ရွက်လုပ်ကိုင်ပါ။ ဂိမ်းတွေအချိန်ပြည့်ဆော့နေတာမျိုးတွေ အထူးရှောင်လိုက်ပါ။တတ်သိနားလည်တဲ့ဆရာသမားတွေဆီက အကြံဉာဏ်ယူလိုက်ပါ။

တစ်နှစ်စာအထူးယတြာ

– မွေးနေ့နံနက်တွင် အနီရောင်အင်္ကျီဝတ်ဆင်ပြီးတော့ နီးစပ်ရာစေတီရဲ့အင်္ဂါထောင့်မှာ စိန်ခြယ်ပန်း(သို့)ဇီးသီးရှစ်လုံး လှူဒါန်းဆုတောင်းတာမျိုး မကြာခဏလုပ်ပေးပါ။

– ဘိုးဘွားရိပ်သာတွေ ၊ လူအိုရုံတွေကို တတ်နိုင်သလောက် မကြာခဏလှူဒါန်းပေးလိုက်ပါ။- လမ်းသန့်ရှင်းရေးလုပ်ပေးခြင်း ၊လမ်းခင်းနေတဲ့နေရာတွေမှာ လှူဒါန်းခြင်းတွေ အမြဲလုပ်ပါ။

– နီးစပ်ရာစေတီတွေမှာ ညလုံးပေါက်လျှပ်စစ်မီးပူဇော်တာမျိုး မကြာခဏလုပ်ပါ။-လူကြီးမိဘတွေကို မကြာခဏအားဆေးတွေ လှူပေးပါ။
.
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)