



Source: Yan Aung’s fb

မေသန်းနု နဲ့ စင်ရော်မောင်မောင် တို့ မိသားစုလေး ကို အမြဲထာဝရ စုံစုံညီညီ ပျော်ပျော် ရွှင်ရွှင် မြင်တွေ့ချင် တယ် ဆိုတဲ့ သူ့ရဲ့ ဆန္ဒ လေးကို ထုတ်ဖော် ပြောပြ လာတဲ့ ရန် အောင်

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချော မေသန်းနုကတော့ ဒါရိုက်တာ စင်ရော်မောင်မောင် နဲ့ ကွာရှင်း ပြီး တဲ့နောက် သားလေး မင်းသန့်မောင်မောင် နဲ့ နှစ်ယောက် ဘဝကို တည်ဆောက် ထားတာ ဖြစ်ပါတယ်။ မေသန်းနုက ပြီးခဲ့တဲ့လတွေက အမှုကိစ္စ တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူမရဲ့ ခင်ပွန်းဟောင်း ဒါရိုက်တော စင်ရော်မောင်မောင် က အစအဆုံးလိုက်ပါ ကူညီပြီး နေရေးထိုင်ရေး ကအစ စီစဉ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိ မှာလည်း မေသန်းနု နဲ့ စင်ရော်မောင်မောင်က သားလေး မင်းသန့်မောင်မောင် နဲ့ ပက်သတ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အခေါ်အပြော မပြတ်ကြသေးတာကို တွေ့ရပါတယ်။

ပရိသတ်တွေ ကလည်း မေသန်းနုနဲ့ စင်ရော်မောင်မောင် တို့ မိသားစုလေး ကို စည်းစည်း လုံးလုံးမြင်ချင်သလို မေသန်းနုရဲ့ အစ်ကိုတစ်ယောက်လို ခင်မင်ရင်းနှီး ရတဲ့ သရုပ်ဆောင် ရန်အောင် ကလည်း “”ပြန်လည် ဆုံတွေ့ကြရာဝယ်…..” ဒီလိုမိသားစု စုံစုံညီညီ ပျော်ပျော်ရွှင်ရွှင် စည်းစည်း လုံးလုံး အနေအထားကို အမြဲထာဝရ မြင်ချင် တွေ့ချင်မိတာ ကျွန်တော် တယောက်ထည်း လားဗျာ…” ဆိုပြီး သူ့ရဲ့ ရင်ထဲက ဆန္ဒကို ပြောပြထားပါတယ်။

ရန်အောင် ကတော့ မေသန်းနုတို့ မိသားစုနဲ့ ပက်သတ်ပြီး သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ပြောထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ရန်အောင်နဲ့ ထပ်တူ မေသန်းနုတို့ မိသားစုလေး ကို အမြဲထာဝရ စုံစုံညီညီ ပျော်ပျော် ရွှင်ရွှင် မြင်တွေ့ချင်ကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yan Aung’s fb
Credit Cele Connections