မမျှော်မှန်းနိုင် လောက်တဲ့ ထိ အရွေ့တွေ ဖြစ်လာ နိုင်တဲ့ ကမ္ဘာ့အ ရေး ( သို့ ) ဂုဏ် သိက္ခာ ကြီး မြင့် သည့် မြန်မာ နိုင်ငံ တော်သစ် ဆီသို့ အေ ရွ့
ရဲထွန်း ( Credit )
မမျှော်မှန်းနိုင် လောက်တဲ့ ထိ အရွေ့တွေ ဖြစ်လာ နိုင်တဲ့ ကမာ ္ဘ့အ ရေး ( သို့ ) ဂုဏ် သိက္ခာ ကြီး မြင့် သည့် မြန်မာ နိုင်ငံ တော်သစ် ဆီသို့ အ ေ ရွ့
ကမ္ဘာ က အရွေ့ အကြီးကြီး တခု ကို ရွေ့နေ တယ် ဗျ။ သည် ရက်ပိုင်း မှာ နိုင်ငံတကာ သတင်းတွေ သတိ ထားကြည့် ။ ကမ္ဘာဟာ မမျှော်မှန်း နိုင်လောက် တဲ့ထိ အရွေ့တွေ ဖြစ်လာနိုင် တယ်။ ဒီမိုကရက် သမတလောင်း ဂျိုးဘီဒင် ကလည် သူ့အနေနဲ့လည်း တရုတ် နဲ့ လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေ ကို တင်းတင်းကြပ်ကြပ် ဆက်လက်ကိုင်တွယ်သွားပါမယ် ဆိုတဲ့ သတင်းထွက်လာပြီး တဲ့ နောက်မှာ ဒီမိုကရက်သာ တက်လာ ရင် တရုတ်နဲ့တင်းမာမှုလျော့မယ် ဆိုတဲ့ မျှော်မှန်းချက်က ပျောက်သွား ပါတယ်။ အဲသည်အချက် က နောက်ဆက်စပ်ဖြစ်လာမ ယ့်အချက်တွေ အတွက် အရေးကြီး ပါတယ်။
နောက် တ ချက် က အေ မ ရိက န် က ကမကထပြုပြီး ဂျပန်နဲ့ ဩစတေးလျ ၃နိုင်ငံဦးဆောင်တဲ့ ဝင်ရိုးတန်းစီမံချက်ကလည်း ရုပ်လုံးပေါ်လာပြီ။ (သည်အချက်က အလွန် အရေးကြီး ပါ တယ်။) ပြီးခဲ့တဲ့ လက တောင်တရုတ် ပင်လယ် အနုညာ တခုံရုံးဆုံးဖြတ်ချက် ချတဲ့နှစ်ပတ်လ ည်နေ့ မှာ အရှေ့တောင် အာရှမှာ ရှိတဲ့ ဆိုင်ရာနိုင်ငံတွေက အမေရိကန် သံရုံးတွေက ကြေညာချက်တွေ ထွက်လာ ပါတယ်။ အမေရိကန် အနေနဲ့ အရှေ့တောင်အာရှကို တရုတ် လွှမ်းမိုး လာ တာ တည့်တည့်တန် ပြန် လိုက်တာတွေ့ မှာပါ။
အင်ဒိုနီး ရှား ဟာ နဂိုက တရုတ်ကို ပေးထားပြီး သား အမြန်ရထား စီမံကိန်းကို ဖျက်ပစ်လိုက် ခဲ့ပြိးပြီ ။ ထိုင်းက တရုတ် စီမံကိန်း ကရာလာတူးမြောင်း ကလည်း ပျက်သွားခဲ့ပြီးပြီ။ အင်္ဂလန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ လန်ဒန်မှာ ဆွေးနွေးပြီးပြန် လာတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက တမြန်နေ့က အာရှအလယ်ပိုင်း က နိုင်ငံ၅နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ဆွေးနွေး ပါတယ်၊ (တရုတ်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ စီးပွားရေးဆက်သွယ် မှုများ တဲ့ နိုင်ငံတွေချည်းဖြစ်နေတာ ကို သတိပြုမိပါ)
ဒီဖြစ်ပေါ်မှုတွေအားလုံး ကို တရုတ် ဘက်က လဲ သေသေ ချာချာ စောင့်ကြည့်နေတဲ့ပုံ ရပါတယ်။ လာမယ့် ဩဂုတ် ၁၃ မှာ တရုတ် ဗဟိုဘဏ်အပါ တရုတ်ဘဏ်ကြီး၄ဘဏ်ရဲ့ အမေရိကန် ဒေါ်လာ နိုင်ငံခြားအရန် ငွေအကောင့်တွေ ကို ထိန်းချုပ်လိုက် ဖို့ ဆုံးဖြတ် ကောင်းဆုံးဖြတ်မယ် ဆိုတဲ့ ပူပန်မှုတွေ ရှိနေပါ တယ်။ ဒါကို ကျော်ဖို့ တရုတ်ဘက် ကလည်း ယွမ်ကို ဘလောက်ချိန်း နည်း ပညာသုံးပြီး ဒစ်ဂျစ်တယ် ယွမ် ကို 5G နဲ့ သွားဖို့ဆိုတာ မျိုး အထိ သတင်းတွေ ရှိနေပါပြီ ကမ္ဘာ့နိုင်ငံတွေဟာ ဘက် တဖက်ဖက်ကို ရွေးဖို့ Soft power တွေကရော Hard Power တွေကနေ ပါ တွန်းနေ တာတွေ့နို င်ပါ တယ် ။
မကြာခင် မှာ ဂျပန်နိုင်ငံ ခြားရေးဝန်ကြိး မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ် ပါတော့ မယ် ။ ကျွန်တော် တို့ မြန်မာနိုင်ငံ အတွက် သတင်းကောင်း များ ဆောင်ယူလာစေ ဖို့ များစွာမျှော် လင့် ပါကြောင်း။ ငြိမ်းချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက် သည့် ဂုဏ် သိက္ခာကြီးမြင့် သည့် မြန်မာနိုင်ငံတော်သစ်ဆီ သို့……။
ရဲထွန်း ( Credit )