
Wednesday, Aug 12, 2020




Bella

Myanmar_Online_News

B.Ed တက်ပြီး ကျောင်း ဆရာမ ဖြစ်ချင် တဲ့ ၄ဘာသာ ဂုဏ်ထူး ရှင် ညီမလေး မမိုးမိုး ကို Bella မှ ပညာသင် ဆု ဂုဏ်ပြုချီးမြှင့်ပြီ

Wednesday, Aug 12, 2020

တက် ကသိုလ်ဝင်ခွင့်၊ ပညာသင်နှစ် ၂၀၁၉- ၂၀၂၀ မှာ ၄ဘာသာဂုဏ်ထူးနှင့် ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာကျေးရွာက ညီ၎င်းလေး မိုးမိုးကို bella မှ ပညာသင်ဆုအား ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

‌ မိသားစု စားဝတ်နေရေး အခြေအနေ အတွက် နေ့ဘက်မှာ အလုပ်လုပ် ညဘက် မှာ ဖ‌ ယောင်းတိုင်းထွန်းပြီး ကျောင်းစာကို လေ့လာ ခဲ့တဲ့ ညီမလေး မိုးမိုးက ငယ်စဉ်တည်းက ဖခင် ဆုံးပါးသွားခဲ့ပြီး မိခင် ဖြစ်သူနဲ့အတူ နေထိုင်ပြီး မွေးချင်း ၈ယောက်ထဲမှာ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်သူလေးလည်းဖြစ်ပါတယ်။

တက္ကသိုလ် တက်ဖို့အတွက် အခက်အခဲဖြစ်နေတဲ့ ညီမလေးကို bella တို့က ကူညီခွင့်ရတဲ့အတွက်လည်း ဝမ်းသာကြည်နူးရပါတယ်ညီမလေး မိုးမိုးလည်း ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘဝခရီးလမ်းမှာလည်း အခက်အခဲ အတားအဆီးမရှိဘဲရည်မှန်းချက် ပန်းတိုင်ဆီသို့အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်

Bella

Myanmar_Online_News