



credit-cele zone

လက်ရှိ မှာ ဖြစ် ပျက် ခဲ့တဲ့ စိတ်ရှုပ် ထွေးမှုတွေ ကို ဖြေဖျောက် ဖို့ တရား ဘာ ဝနာ အား ထုတ် နေတဲ့ ယုန်လေး

ယုန်လေး ကတော့ တေးရေး တေးဆို တစ်ယောက် အနေနဲ့ အနုပညာ လောကထဲကို စတင် ဝင်ရောက်ကာ ပရိသတ် အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင် တစ်ယောက်ပါ။ သူမတူအောင်ဖန်တီးရတာတွေကို ဝါသနာပါ လွန်းတဲ့ ယုန်လေး ကတော့ နောက်ပိုင်းမှာ သရုပ်ဆောင် ဒါရိုက်တာ အနေနဲ့ပါ ရုပ်ရှင်ဇာတ်ကား တွေကို ရိုက်ကူးခဲ့ပါတယ်။

သို့ပေမဲ့ မကြာသေးခင် အချိန်ကတော့ သီချင်း (၁)ပုဒ်ရဲ့ MV ရိုက်ကူးမှုတွေ နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ခံနေခဲ့ရပြီး ရုပ်ရှင်အစည်းရုံးကနေ အနုပညာလှုပ်ရှား မှုတွေကို (၁)နှစ်တိတိရပ်နား ခံထားခဲ့ရပါတယ်။ MV နဲ့ ပတ်သက်လို့ ဂယက်တွေ လည်း တော်တော်လေးကို ထခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာထက်မှာ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တာ ပရိသတ် တွေလည်း သိရှိပြီးသား ဖြစ်မှာပါ။

ယုန်လေးကတော့ လက်ရှိမှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်ရှုပ် ထွေးမှုတွေ ကို ဖြေဖျောက် ဖို့ စိတ်အေးချမ်းသာ ရအောင် တရားဘာဝနာ အားထုတ် နေခဲ့ပါတယ်။ ပရိသတ်ကြီးရေ အခုလိုယုန်လး တစ်ယောက် တရားဘာဝနာအားထုတ်နေတဲ့အကြောင်းကို သူငယ်ချင်းဖြစ်သူ နွေးနွေးချစ်ဖွယ်က သူ့ရဲ့လူမှုကွန်ရက်စာ မျက်နှာကနေ မျှဝေဖော်ပြထား ခဲ့တာပဲ ဖြစ်ပါတယ်။

credit-cele zone