ယောက်ျားစစ်စစ်တွေလို့ သုံးလိုက်လို့ စိတ်မရှိစေချင်ဘူးဗျ။ ဒါပေမယ့် အခုခေတ်မှာ အမျိုးသမီးတစ်ယောက်အပေါ် ယောက်ျားတစ်ယောက်ရဲ့ အပြုအမူနဲ့မထိုက်တန်တဲ့ လုပ်ရပ်တွေ လုပ်လုပ်သွားကြလို့ သူတို့တစ်တွေနဲ့ ကွဲပြားသွားအောင် ယောက်ျားကောင်း လို့ သုံးလိုက်ရတာပါ။ ဒါဖြင့် အမျိုးသမီးတွေကကော ယောက်ျားတွေကို နောက်ကောက် ချမသွားဘူးလား … မေးစရာရှိပါတယ် …. အဲဒါကိုလည်း ဒီနေရာကနေ ပြစ်တင်ရှုံ့ချလိုက်ပါတယ် … ။

သစ္စာရှိရှိ ချစ်သူတွေပေါများပါစေ … လက်တွဲခိုင်မာတဲ့ ချစ်သူတွေ ပေါများပါစေ ဆုတောင်းပေးရင် ကျွန်တော်နဲ့ ဘ၀တူအမျိုးသားတွေ ယောက်ျားစစ်စစ်တွေ အဖြစ် ဂုဏ်ယူကြမယ်ဗျာ … ။

ဒါနဲ့တစ်စပ်တည်းမှာပဲ auntymay ပရိသတ်ကြီးအတွက် ချစ်သူအမျိုးသားတွေဟာ ကိုယ့်ချစ်သူကို တစ်ကယ်ချစ်ရင် အောက်ပါအချက်တွေ မလွဲမသွေလုပ်ပေးပါလိမ့်မယ်ဆိုတာ လက်ဆောင်ပါးလိုက်ပါတယ်။

(၁) ချစ်သူကို ချစ်ခင်လေးစားမှုအပြည့်အ၀ပေးတယ်

ချစ်သူဟာ ဘယ်လောက်နိမ့်ကျနေပါစေ တကယ်ချစ်တဲ့ ယောက်ျားတစ်ယောက်ဟာ ဘယ်တော့မှ ချစ်သူအပေါ် လက်လွတ်စပယ် မဆက်ဆံပါဘူး။ ယုတ်စွအဆုံး ချစ်သူဟာ အပျော်မယ်ဖြစ်နေရင်တောင် ချစ်သူကို လေးစားမြတ်နိုးမှု အပိုင်းက တစ်စက်ကလေးမှ လျှော့မသွားပါဘူး … ။

(၂) ချစ်သူကို လုံခြုံမှုအပြည့်အ၀ပေးလိမ့်မယ်

ချစ်သူကို လုံခြုံမှုပေးတဲ့နေရာမှာလည်း ပြောစရာမလိုပါဘူး။ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အသာထား၊ သူကို ချစ်မိတဲ့ ချစ်သူ ကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပြည့်အ၀ ပေးနိုင်စွမ်းတဲ့သူတွေ ဖြစ်ပါတယ် … ။

(၃) ဆန္ဒတွေကို ဖြည့်ဆည်းပေးလိမ့်မယ်

ချစ်သူရဲ့ ဆန္ဒ ဘာဆိုတာ အမြဲအလေးထားသူတွေ ဖြစ်သည့်အလျှောက် တစ်ချက်ကလေးမှ မျက်နှာမညိုစေတဲ့ သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူ ဖြည့်ပေးနိုင်တာမျိုးတော့ ဖြစ်ရမယ်ပေါ့ … ။

(၄) ဆုံးဖြတ်ချက်/အပြုအမူတွေနဲ့ပတ်သက်ပြီး တာဝန်ယူမှုအပြည့်ရှိတယ်

ချစ်သူနဲ့ပတ်သက်ရင် သူ့ရဲ့ ဆုံးဖြတ်ချက်တွေ၊ အပြုအမူတွေ ဖြစ်လာရင် တာဝန်ယူမှုအပြည့်ရှိပါတယ်။ အနီးစပ်ဆုံး ဥပမာပြောရရင် လွန်ကျူးမိလို့ မဖုံးနိုင်မဖိနိုင် ဖြစ်လာရင် ဘယ်လိုအခက်အခဲရှိပါစေ ချစ်သူကို ပစ်မထားဘဲ သူရဲ့ တာဝန်သိစိတ်ကို ပြတတ်သူတွေ ဖြစ်ပါတယ် .. ။ ဒီထက် ပိုနိုင်သေးတာကတော့ ချစ်သူဟာ တစ်ပါးသောယောက်ျားနဲ့ မောက်မှားမိတယ်ဆိုရင်တောင် သူ့မှာချစ်စိတ်နဲ့ တာဝန်ယူစိတ် ရှိပါတယ် .. ။

(၅) သူ့စိတ်ထဲမှာရှိတဲ့အတိုင်း ဖွင့်ပြောတယ်

သူတို့တစ်တွေဟာ ဘာကိုမှ လျှို့ဝှက်ဖို့ စဉ်းစားတဲ့သူတွေ မဟုတ်ပါဘူး။ လုပ်စရာရှိရင်လည်း ချစ်သူနဲ့ တိုင်ပင်တယ်၊ ပြောစရာရှိရင်လည်း ချစ်သူကို ဖွင့်ပြောတယ်။ ရိုးသားတဲ့ ချစ်သူတွေမှာသာ တွေ့ရနိုင်တဲ့ အမူအကျင့်ဖြစ်ပါတယ် .. ။

(၆) အရာရာအတွက် မားမားမတ်မတ်ရပ်တည်တယ်

ချစ်သူနဲ့ပတ်သက်လာရင် ကောင်းသည်ဆိုးသည် ပဓာနမဟုတ်။ သူ့ဘက်က မားမားမတ်မတ်မရပ်တည်ပါတယ်။ ရင်ဆိုင် ဖြေရှင်းရန်ပြဿနာတွေ ပေါ်လာပါကလည်း ချစ်သူရှေ့ကနေ ရဲရဲရင်ဆိုင် ဖြေရှင်းတတ်သူတွေ ဖြစ်ပါတယ် … ။

(၇) ချစ်သူကို အခက်အခဲကြားကနေ ကယ်တင်တယ်

ချစ်သူဟာ အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရရင်လည်း ဘေးကနေ ပါးစပ်နဲ့တင် ပူပင်ပြတဲ့သူ မဟုတ်ပါဘူး။ သူ လုပ်နိုင်တဲ့ ရှု့ထောင့်ကနေ ရေသာမခိုပဲ ၀င်ရောက်ရုန်းကန်ပေးသူဖြစ်ပါတယ်။ စံချိန်လည်း အတူတူ ခံချိန်လည်း အတူတူစိတ်ဓာတ်မျိုးရှိသူတွေ ဖြစ်ပါတယ် .. ။

Si Si (auntymay)

source : lifehack.org