ကိုယ္ဝန္(၆) လ ရွိေန တဲ့ ဇနီး ျဖစ္ သူ အ တြက္ အာမခံ မရလို႔ စိတ္ မေကာင္း ျဖစ္ေန တဲ့ မင္းရာဇာ

ကိုယ္ဝန္က (၆) လရွိပါၿပီ။အိမ္အကူ မိန္းကေလးအား ညႇင္းပန္း ႏွိပ္စက္မႈ၊ မုဒိန္းမႈေတြနဲ႔ တရားစြဲဆို ခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာက အာမခံ မရခဲ့တဲ့ ဇနီးျဖစ္သူအတြက္ စိတ္မေကာင္းျဖစ္ ရတယ္လို႔ ဆိုပါတယ္။အိမ္အကူ မိန္းကေလးအား ညႇင္းပန္းႏွိပ္စက္မႈ၊ မုဒိန္းမႈတိုနဲ႔ တရားစြဲဆို ခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာကို ဒီေန႔ ၾသဂုတ္လ(၁၂)ရက္က ေျမာက္ဥကၠလာ တရား႐ုံးမွာ ႐ုံးထုတ္ ခဲ့ပါတယ္။ ဒီေန႔ ႐ုံးခ်ိန္းမွာေတာ့ ဇနီးျဖစ္သူ အတြက္ အာမခံ ေလၽွာက္ထား ခဲ့ေပမယ့္ အာမခံမရခဲ့တဲ့ အေပၚ သူ႔ရဲ့ သေဘာထားကို မီဒီယာေတြကေန တဆင့္ ေျပာျပလာပါတယ္။ “သမီးနဲ႔ သားလည္း အျပင္မွာ ဒုကၡေရာက္ေနတာဆိုေတာ့ မိန္းမ အတြက္ အာမခံေလၽွာက္ထား တာ အခုခ်ိန္ထိ အာမခံ မရပါဘူး။ အာမခံကိစၥကို ပယ္လိုက္တဲ့ အခ်ိန္မွာ စိတ္မေကာင္းပါဘူး။ကၽြန္ေတာ္တို႔ မိသားစုက ကၽြန္ေတာ့္ကို မွီခိုေနရတာဆိုေတာ့ စိတ္မေကာင္းဘူး။ ကၽြန္ေတာ္ မရွိလည္း မိန္းမရွိေနမွ ျဖစ္မွာေလ။ သားနဲ႔ သမီးရဲ့စားဝတ္ေနေရး၊ ေက်ာင္းသြားဖို႔ေတြကလည္း အဲဒါေတြ အဆင္ေျပမွ ရမွာပါ။ ကိုယ္ဝန္နဲ႔က်ေတာ့ အထဲမွာေနရတာ အဆင္မေျပဘူး” ဒီေန႔ ၾသဂုတ္လ(၁၂) ရက္ေန႔ ႐ုံးခ်ိန္း အၿပီး အခ်ဳပ္ကားေပၚ ကေန ေျပာခဲ့တာျဖစ္ပါတယ္။

ဒီေန႔ ႐ုံးခ်ိန္းမွာလည္း တရားလို ဘက္က ႐ုံးခ်ိန္းတက္ေရာက္မလာျပန္ ဘူးလို႔ မင္းရာဇာက ဆိုပါတယ္။သူ႔အေနနဲ႔ အမွန္တရား ကို အျမန္ဆုံး ေျဖရွင္းသင့္ ေနၿပီလို႔လည္း ေျပာခဲ့ပါေသးတယ္။“သားက သိပ္ေနမေကာင္းဘူး။သမီးေလးကေတာ့ လြမ္းဖ်ား ဖ်ားေနတယ္။ ဒီတစ္ပတ္မွာ လည္း တရားလို မလာဘူးဗ်ာ။ သူတို႔ အိမ္ေတြဘာေတြ ေျပာင္းသြားတယ္ လို႔ေတာ့ ၾကားတယ္။ ဘယ္လိုျဖစ္တာလဲ ဆိုတာ ကၽြန္ေတာ္ မသိပါဘူး။ အမွန္အတိုင္းေျဖရွင္းဖို႔ သင့္ပါတယ္။အခုဆို ကၽြန္ေတာ့္ မိန္းမရဲ့ ကိုယ္ဝန္ ကလည္း အခုဆို (၅) လေက်ာ္လို႔ (၆) လထဲ ေရာက္ေနပါၿပီ။”လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ သ႐ုပ္ေဆာင္ မင္းရာဇာဟာ ဇူလိုင္လ(၂၂) ရက္ေန႔ ႐ုံးခ်ိန္းတုန္းက တရားလို မိန္းကေလးရဲ့ နာမည္အရင္းကို မီဒီယာေတြ အေရွ႕မွာ ထုတ္ေဖာ္ေျပာျပခဲ့ ပါေသးတယ္။အဲဒီလို ထုတ္ေဖာ္ေျပာဆိုလာတဲ့ အတြက္ ၂၀၁၉ ခုႏွစ္ ကေလးသူငယ္မ်ား အခြင့္အေရးဆိုင္ရာ ဥပေဒနဲ႔ ၿငိစြန္းတယ္လို႔ တရားလိုဘက္က ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာျပခဲ့ဖူးပါတယ္။ ေျမာက္ဥကၠလာတရား႐ုံးမွာ ျပဳလုပ္တဲ့ ႐ုံးခ်ိန္းေတြမွာ မင္းရာဇာ ေျဖဆိုခဲ့တဲ့ စကားတိုင္းကို တရားလိုဘက္က မွတ္တမ္းတင္ထားတယ္လို႔လည္း သိရပါတယ္။

အိမ္အကူ အမ်ိဳးသမီးငယ္ အား ညႇင္းပန္းႏွိပ္စက္မႈနဲ႔ သ႐ုပ္ေဆာင္မင္းရာဇာ အပါ အဝင္ ၄ ဦးကို ေမ ၇ ရက္ေန႔က ေျမာက္ဥကၠလာပ ၿမိဳ႕နယ္တရား႐ုံမွာ ပထမဆုံး အႀကိမ္ ႐ုံးထုတ္ခဲ့တာျဖစ္ၿပီး မင္းရာဇာရဲ့ ေယာကၡထီးျဖစ္သူ အၿငိမ္းစား ရဲဝန္ထမ္း ဦးေမာင္ေမာင္ေအး က တရား႐ုံးမွာ ေငြက်ပ္ ၁၀ သိန္းျဖင့္ အာမခံ ရရွိခဲ့ပါတယ္။ မင္းရာဇာနဲ႔ အေပါင္းအပါ (၃)ဦးကို အိမ္အကူ မိန္းကေလး အား အက္စစ္နဲ႔ပက္ မႈျဖင့္ မိန္းကေလးရဲ့ မိခင္က ေရႊေပါက္ကံ ရဲစခန္းမွာ (ပ)အမွတ္ ၅၀၅၊ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို႔ျဖင့္ အမႈဖြင့္ အေရးယူခဲ့တာျဖစ္ပါတယ္။

Credit Duwun

ကိုယ်ဝန်(၆) လ ရှိနေ တဲ့ ဇနီး ဖြစ် သူ အ တွက် အာမခံ မရလို့ စိတ် မကောင်း ဖြစ်နေ တဲ့ မင်းရာဇာ

ကိုယ်ဝန်က (၆) လရှိပါပြီ။အိမ်အကူ မိန်းကလေးအား ညှင်းပန်း နှိပ်စက်မှု၊ မုဒိန်းမှုတွေနဲ့ တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာက အာမခံ မရခဲ့တဲ့ ဇနီးဖြစ်သူအတွက် စိတ်မကောင်းဖြစ် ရတယ်လို့ ဆိုပါတယ်။အိမ်အကူ မိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတိုနဲ့ တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ သြဂုတ်လ(၁၂)ရက်က မြောက်ဥက္ကလာ တရားရုံးမှာ ရုံးထုတ် ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ ဇနီးဖြစ်သူ အတွက် အာမခံ လျှောက်ထား ခဲ့ပေမယ့် အာမခံမရခဲ့တဲ့ အပေါ် သူ့ရဲ့ သဘောထားကို မီဒီယာတွေကနေ တဆင့် ပြောပြလာပါတယ်။ “သမီးနဲ့ သားလည်း အပြင်မှာ ဒုက္ခရောက်နေတာဆိုတော့ မိန်းမ အတွက် အာမခံလျှောက်ထား တာ အခုချိန်ထိ အာမခံ မရပါဘူး။ အာမခံကိစ္စကို ပယ်လိုက်တဲ့ အချိန်မှာ စိတ်မကောင်းပါဘူး။ကျွန်တော်တို့ မိသားစုက ကျွန်တော့်ကို မှီခိုနေရတာဆိုတော့ စိတ်မကောင်းဘူး။ ကျွန်တော် မရှိလည်း မိန်းမရှိနေမှ ဖြစ်မှာလေ။ သားနဲ့ သမီးရဲ့စားဝတ်နေရေး၊ ကျောင်းသွားဖို့တွေကလည်း အဲဒါတွေ အဆင်ပြေမှ ရမှာပါ။ ကိုယ်ဝန်နဲ့ကျတော့ အထဲမှာနေရတာ အဆင်မပြေဘူး” ဒီနေ့ သြဂုတ်လ(၁၂) ရက်နေ့ ရုံးချိန်း အပြီး အချုပ်ကားပေါ် ကနေ ပြောခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ရုံးချိန်းမှာလည်း တရားလို ဘက်က ရုံးချိန်းတက်ရောက်မလာပြန် ဘူးလို့ မင်းရာဇာက ဆိုပါတယ်။သူ့အနေနဲ့ အမှန်တရား ကို အမြန်ဆုံး ဖြေရှင်းသင့် နေပြီလို့လည်း ပြောခဲ့ပါသေးတယ်။“သားက သိပ်နေမကောင်းဘူး။သမီးလေးကတော့ လွမ်းဖျား ဖျားနေတယ်။ ဒီတစ်ပတ်မှာ လည်း တရားလို မလာဘူးဗျာ။ သူတို့ အိမ်တွေဘာတွေ ပြောင်းသွားတယ် လို့တော့ ကြားတယ်။ ဘယ်လိုဖြစ်တာလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ အမှန်အတိုင်းဖြေရှင်းဖို့ သင့်ပါတယ်။အခုဆို ကျွန်တော့် မိန်းမရဲ့ ကိုယ်ဝန် ကလည်း အခုဆို (၅) လကျော်လို့ (၆) လထဲ ရောက်နေပါပြီ။”လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ သရုပ်ဆောင် မင်းရာဇာဟာ ဇူလိုင်လ(၂၂) ရက်နေ့ ရုံးချိန်းတုန်းက တရားလို မိန်းကလေးရဲ့ နာမည်အရင်းကို မီဒီယာတွေ အရှေ့မှာ ထုတ်ဖော်ပြောပြခဲ့ ပါသေးတယ်။အဲဒီလို ထုတ်ဖော်ပြောဆိုလာတဲ့ အတွက် ၂၀၁၉ ခုနှစ် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ တရားလိုဘက်က ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပြခဲ့ဖူးပါတယ်။ မြောက်ဥက္ကလာတရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းတွေမှာ မင်းရာဇာ ဖြေဆိုခဲ့တဲ့ စကားတိုင်းကို တရားလိုဘက်က မှတ်တမ်းတင်ထားတယ်လို့လည်း သိရပါတယ်။

အိမ်အကူ အမျိုးသမီးငယ် အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါ အဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပ မြို့နယ်တရားရုံမှာ ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူ အငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေး က တရားရုံးမှာ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံ ရရှိခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူ မိန်းကလေး အား အက်စစ်နဲ့ပက် မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူခဲ့တာဖြစ်ပါတယ်။

Credit Duwun