ဆယ္တန္းကို (၅)ဘာသာ ဂုဏ္ထူး ထြက္ ခဲ့တဲ့ သမီးျဖစ္သူ က ဆရာဝန္ ျဖစ္ ခ်င္ေၾကာင္း ေျပာျပ ခဲ့တဲ့ လူရႊင္ ေတာ္ ေဂၚဇီလာ

တကၠသိုလ္ ဝင္တန္း စာေမးပြဲကို လူ႐ႊင္ေတာ္ ေဂၚဇီလာရဲ႕ သမီးေလး မသမီးေခ်ာ ဟာ ဂုဏ္ထူး(၅) ဘာသာ နဲ႔ ႏွစ္ခ်င္းေပါက္ ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။ သမီးေလးဟာ ဆရာဝန္တစ္ေယာက္ ျဖစ္လာဖို႔ ရည္မွန္းထားတာ လို႔လည္း ေဂၚဇီလာက ေျပာျပခဲ့ပါတယ္။ “ သမီးေလးက ဆရာဝန္ျဖစ္ခ်င္တယ္လို႔ေတာ့ ေျပာတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေဖ နဲ႔ အေမ နဲ႔ အသက္ႀကီးလာရင္ ျပဳစုေစာင့္ေရွာက္ေပးရမွာေတြ

လိုအပ္လာၿပီ။ သမီးေလး က စိတ္လည္း ေအးတယ္၊ သနားၾကင္နာ တတ္တဲ့ စိတ္လည္း ရွိေတာ့ ဆရာဝန္ျဖစ္ခ်င္တယ္ လို႔ ေျပာလာတယ္။ ေဆးခန္းသြားျပတဲ့ အခ်ိန္မွာ ေငြေရး၊ ေၾကးေရး ဒုကၡမ်ားတဲ့ သူေတြကို သူေတြ႕ခဲ့ရတယ္။ အဲဒီမွာ သူ ဆရာဝန္ျဖစ္ေအာင္ႀကိဳးစား မယ္ဆိုတဲ့ စိတ္ေလးနဲ႔ အခုလို ငါး ဘာသာဂုဏ္ထူးရေအာင္ သူႀကိဳးစားခဲ့တာပါ” လို႔ သူက ဆိုပါတယ္။ေဂၚဇီလာဟာ မိသားစု စီးပြားေရး မျပည့္စုံတဲ့ အခ်ိန္မွာ စာႀကိဳးစား ခဲ့တဲ့ သမီးေလး

အတြက္ ဂုဏ္ယူ မဆုံးျဖစ္ ေနတာပါ။ သားအႀကီးဆုံးကလည္း (၄) ဘာသာ ဂုဏ္ထူးရွင္ အျဖစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲ ကို ႏွစ္ခ်င္းေပါက္ ေအာင္ျမင္ခဲ့ဖူးတယ္လို႔ သိရပါတယ္။ ပညာေရးနဲ႔ ပတ္သက္ၿပီး သားသမီးေတြကို ေကာင္းေကာင္းမြန္မြန္မထားေပးႏိုင္ေပမယ့္ စာအရမ္းေတာ္လြန္းတဲ့ သားသမီးေတြေၾကာင့္ ရင္ထဲအရမ္းကို ပီတိျဖစ္ရ တယ္လို႔ ဆိုပါတယ္။ “ အေဖ ဘက္က မျပည့္စုံတာေတြရွိခဲ့တယ္၊ အမွားအယြင္းေတြ

ရွိခဲ့တယ္။ အဲဒီအေပၚမွာ သားသမီး ေတြက မွားယြင္းတယ္ ဆိုတဲ့ စိတ္မေတြးပဲနဲ႔ သူတို႔ လုပ္ရမယ့္ လုပ္ေဆာင္ခ်က္ေတြ ကိုပဲ မွန္မွန္ကန္ကန္ တိတိက်က် လုပ္သြားႏိုင္တယ္။ မျပည့္စုံတဲ့ ဘဝမွာ တင္းတိမ္ေရာင့္ရဲၿပီးေတာ့ ကိုယ့္ ႀကိဳးစားမႈကို လုံ႔လ၊ ဝီရိယ မေလွ်ာ့ပဲ သူတို႔ လိုခ်င္တဲ့ ပန္းတိုင္ကို ေရာက္သြားႏိုင္ၾကတယ္” လို႔လည္း ဆက္ လက္ ေျပာျပခဲ့ပါတယ္။ ဂုဏ္ထူး(၅) ဘာသာနဲ႔ ေအာင္ျမင္ခဲ့တဲ့လူ႐ႊင္ေတာ္

ေဂၚဇီလာရဲ႕ သမီးေလး အတြက္ အႏုပညာ အသိုင္းအဝိုင္းက မိတ္ေဆြ၊ အေပါင္းအသင္းေတြ ကလည္း ဝမ္းသာဂုဏ္ယူ ေနၾကတာေတြကို လူမႈကြန္ယက္ စာမ်က္ႏွာေတြ ေပၚမွာ ေရးသားထား ၾကပါေသးတယ္။ ေဂၚဇီလာဟာ အႏုပညာေလာကထဲကို လူ႐ႊင္ေတာ္ တစ္ေယာက္ အျဖစ္ စတင္ဝင္ေရာက္ လာခဲ့သူ ျဖစ္ပါတယ္။ အဲဒီေနာက္ ဗီဒီယို ဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားေတြ မွာလည္း ဇာတ္ပို႔ သ႐ုပ္ေဆာင္ တစ္ဦး အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဆယ်တန်းကို (၅)ဘာသာ ဂုဏ်ထူး ထွက် ခဲ့တဲ့ သမီးဖြစ်သူ က ဆရာဝန် ဖြစ် ချင်ကြောင်း ပြောပြ ခဲ့တဲ့ လူရွှင် တော် ဂေါ်ဇီလာ

တက္ကသိုလ် ဝင်တန်း စာမေးပွဲကို လူရွှင်တော် ဂေါ်ဇီလာရဲ့ သမီးလေး မသမီးချော ဟာ ဂုဏ်ထူး(၅) ဘာသာ နဲ့ နှစ်ချင်းပေါက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ သမီးလေးဟာ ဆရာဝန်တစ်ယောက် ဖြစ်လာဖို့ ရည်မှန်းထားတာ လို့လည်း ဂေါ်ဇီလာက ပြောပြခဲ့ပါတယ်။ “ သမီးလေးက ဆရာဝန်ဖြစ်ချင်တယ်လို့တော့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ အဖေ နဲ့ အမေ နဲ့ အသက်ကြီးလာရင် ပြုစုစောင့်ရှောက်ပေးရမှာတွေ

လိုအပ်လာပြီ။ သမီးလေး က စိတ်လည်း အေးတယ်၊ သနားကြင်နာ တတ်တဲ့ စိတ်လည်း ရှိတော့ ဆရာဝန်ဖြစ်ချင်တယ် လို့ ပြောလာတယ်။ ဆေးခန်းသွားပြတဲ့ အချိန်မှာ ငွေရေး၊ ကြေးရေး ဒုက္ခများတဲ့ သူတွေကို သူတွေ့ခဲ့ရတယ်။ အဲဒီမှာ သူ ဆရာဝန်ဖြစ်အောင်ကြိုးစား မယ်ဆိုတဲ့ စိတ်လေးနဲ့ အခုလို ငါး ဘာသာဂုဏ်ထူးရအောင် သူကြိုးစားခဲ့တာပါ” လို့ သူက ဆိုပါတယ်။ဂေါ်ဇီလာဟာ မိသားစု စီးပွားရေး မပြည့်စုံတဲ့ အချိန်မှာ စာကြိုးစား ခဲ့တဲ့ သမီးလေး

အတွက် ဂုဏ်ယူ မဆုံးဖြစ် နေတာပါ။ သားအကြီးဆုံးကလည်း (၄) ဘာသာ ဂုဏ်ထူးရှင် အဖြစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကို နှစ်ချင်းပေါက် အောင်မြင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး သားသမီးတွေကို ကောင်းကောင်းမွန်မွန်မထားပေးနိုင်ပေမယ့် စာအရမ်းတော်လွန်းတဲ့ သားသမီးတွေကြောင့် ရင်ထဲအရမ်းကို ပီတိဖြစ်ရ တယ်လို့ ဆိုပါတယ်။ “ အဖေ ဘက်က မပြည့်စုံတာတွေရှိခဲ့တယ်၊ အမှားအယွင်းတွေ

ရှိခဲ့တယ်။ အဲဒီအပေါ်မှာ သားသမီး တွေက မှားယွင်းတယ် ဆိုတဲ့ စိတ်မတွေးပဲနဲ့ သူတို့ လုပ်ရမယ့် လုပ်ဆောင်ချက်တွေ ကိုပဲ မှန်မှန်ကန်ကန် တိတိကျကျ လုပ်သွားနိုင်တယ်။ မပြည့်စုံတဲ့ ဘဝမှာ တင်းတိမ်ရောင့်ရဲပြီးတော့ ကိုယ့် ကြိုးစားမှုကို လုံ့လ၊ ဝီရိယ မလျှော့ပဲ သူတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်သွားနိုင်ကြတယ်” လို့လည်း ဆက် လက် ပြောပြခဲ့ပါတယ်။ ဂုဏ်ထူး(၅) ဘာသာနဲ့ အောင်မြင်ခဲ့တဲ့လူရွှင်တော်

ဂေါ်ဇီလာရဲ့ သမီးလေး အတွက် အနုပညာ အသိုင်းအဝိုင်းက မိတ်ဆွေ၊ အပေါင်းအသင်းတွေ ကလည်း ဝမ်းသာဂုဏ်ယူ နေကြတာတွေကို လူမှုကွန်ယက် စာမျက်နှာတွေ ပေါ်မှာ ရေးသားထား ကြပါသေးတယ်။ ဂေါ်ဇီလာဟာ အနုပညာလောကထဲကို လူရွှင်တော် တစ်ယောက် အဖြစ် စတင်ဝင်ရောက် လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေ မှာလည်း ဇာတ်ပို့ သရုပ်ဆောင် တစ်ဦး အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။