႐ုရွား ၏ ကိုရိုနာ ဗိုင္း ရပ္စ္ ကာကြယ္ ေဆး တရားဝင္ ျဖစ္လွ်င္ ျမန္မာႏိုင္ ငံ အ တြက္ ( WHO ) က စီစဥ္ ေပးထား

ပထမဆုံး ကိုဗစ္ ကာကြယ္ ေဆးကို ရရွိၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ လိုက္ေသာ ႐ုရွားနိုင္ငံ ၏ တာဝန္ ရွိသူမ်ား ႏွင့္ ကမာၻ႔ က်န္းမာေရးအဖြဲ႕ ( WHO ) မွ ညွိႏွိုင္း ေဆြးေႏြးလ်က္ ရွိေနေၾကာင္း ႏွင့္ ကာကြယ္ေဆး တရားဝင္ရ ၿပီးဆို လ်င္ ဝင္ေငြနည္း၊ ဝင္ေငြ အလယ္အလတ္ ရွိသည့္ နိုင္ငံ ေပါင္းစုံ မက်န္ေစရန္ WHO အဖြဲ႕က စီစဥ္ေပး ထားေၾကာင္း က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီး ဌာန ၊ အၿမဲတမ္း အတြင္းဝန္ ေဒါက္တာ သက္ခိုင္ဝင္း က ေျပာသည္ ။

႐ုရွားနိုင္ငံ အေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္ ကို တိုက္ဖ်က္ နိုင္ၿပီး ကိုယ္ခံအားကို ထိန္းထား ေပးနိုင္ေသာ ပထမဆုံး ကာကြယ္ေဆး ကို ထုတ္လုပ္ ခဲ့ေၾကာင္း သမၼတဗလာဒီမာပူတင္က ၾသဂုတ္လ ၁၁ က ထုတ္ျပန္ ခဲ့ျခင္း ျဖစ္ သည္ ။

“႐ုရွား က စၿပီးေတာ့ Viccnine (ကာကြယ္ေဆး) ေတြ႕တယ္ လို႔ေျပာ ပါတယ္။ ေတြ႕တဲ့ ကိစၥကို WHO က တရားဝင္ ျဖစ္ မျဖစ္ ကို ႐ုရွားက တာဝန္ရွိသူေတြ နဲ႕ ညွိႏွိုင္းေဆြးေႏြး လ်က္ ရွိ တယ္ လို႔ သတင္း ရရွိပါတယ္။ ေနာက္ၿပီး ေတာ့ WHO နဲ႕လည္း ကြၽန္ေတာ္တို႔ အားကစားနဲ႕ က်န္းမာေရးဝန္ႀကီးဌာန ေဆြးေႏြးထား တာ ရွိပါတယ္။ WHO က ကာကြယ္ ေဆးက တကယ္လို႔ တရားဝင္ ရၿပီ ဆိုရင္ ကြၽန္ေတာ္တို႔လို ဝင္ေငြနည္းတဲ့ နိုင္ငံေတြေရာ၊ ဝင္ေငြ အလယ္အလတ္ရွိတဲ့ နိုင္ငံေတြပါ မက်န္ခဲ့ေအာင္ သက္ဆိုင္ရာ နိုင္ငံတကာ အဖြဲ႕ အစည္းေတြနဲ႕ညွိႏွိုင္းၿပီးေတာ့ နိုင္ငံေပါင္းစုံ က ရရွိဖို႔ အတြက္ အထူးသျဖင့္ High Rise ျပည္သူေတြ ျဖစ္တဲ့ သက္ႀကီး႐ြယ္အိုေတြ ၊ က်န္းမာေရး ေစာင့္ေရွာက္တဲ့ ဝန္ထမ္းေတြ ဦးစားေပးၿပီး ရရွိေအာင္ စီစဥ္ထားတယ္ ဆိုတာ ကို တင္ျပလို ပါတယ္ ” ဟု ေဒါက္တာ သက္ခိုင္ဝင္း က ယေန႕ ၾသဂုတ္လ ၁၂ရက္ တြင္ နိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ႏွင့္ ေဖ့ဖ္ဘုတ္ တိုက္ရိုက္ ေဆြးေႏြးစဥ္ ေျပာဆို ခဲ့သည္ ။

႐ုရွားနိုင္ငံ အေနျဖင့္ ကိုရိုနာ ဗိုင္းရပ္စ္ ကာကြယ္ ေဆး ကို သီတင္းပတ္ မ်ား အတြင္း အမ်ား အျပား ထုတ္လုပ္မႈ စတင္ရန္ ေမွ်ာ္မွန္း ထားၿပီး လာမည့္ႏွစ္အတြင္းမွစ၍ တစ္လလွ်င္ ေဆးခုနစ္ သန္း အထိ ထုတ္လုပ္နိုင္ မည္ျဖစ္ေၾကာင္း နိုင္ငံတကာ သတင္းမ်ား တြင္ ေဖာ္ျပ ထားသည္ ။

“႐ုရွား ကေတာ့ ကိုဗစ္ ကာကြယ္ ေဆးေတြ႕ၿပီး လို႔ ေျပာ ပါတယ္ ။ ဒါကြၽန္မ တို႔ ဘယ္ေလာက္ အထိေသခ်ာ တယ္ ၊ မေသခ်ာ တယ္ ဆိုတာ မသိေသး ဘူးေပါ့ေနာ္ ။ ေသခ်ာၿပီ ဆို ရင္ ကြၽန္မ တို႔က ကြၽန္မ တို႔ ျပည္ သူေတြ အတြက္ အျမန္ဆုံး ရေအာင္ လို႔ လုပ္ မွာ ပဲ။ သို႔ေသာ္ လည္း ဒါ ဟာ လည္း ဒီေန႕ မနက္ျဖန္ ျဖစ္ မွာ မဟုတ္ဘူး။ ကြၽန္မ ေျပာ ရ တဲ့ အေၾကာင္းက ဒီၾကားကာလ မွာ သည္းညည္းခံၿပီးေတာ့ ေနၾက ပါ ။ စည္း ကမ္း ထိန္းသိမ္း ၾကပါ ” ဟု နိုင္ငံေတာ္၏ အတိုင္ခံပုဂၢိဳလ္က ျပည္သူမ်ားအား တိုက္တြန္းေျပာ ဆို ခဲ့သည္ ။

ရုရှား ၏ ကိုရိုနာ ဗိုင်း ရပ်စ် ကာကွယ် ဆေး တရားဝင် ဖြစ်လျှင် မြန်မာနိုင် ငံ အ တွက် ( WHO ) က စီစဉ် ပေးထား

ပထမဆုံး ကိုဗစ် ကာကွယ် ဆေးကို ရရှိပြီးဖြစ်ကြောင်း ထုတ်ပြန် လိုက်သော ရုရှားနိုင်ငံ ၏ တာဝန် ရှိသူများ နှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ( WHO ) မှ ညှိနှိုင်း ဆွေးနွေးလျက် ရှိနေကြောင်း နှင့် ကာကွယ်ဆေး တရားဝင်ရ ပြီးဆို လျင် ဝင်ငွေနည်း၊ ဝင်ငွေ အလယ်အလတ် ရှိသည့် နိုင်ငံ ပေါင်းစုံ မကျန်စေရန် WHO အဖွဲ့က စီစဉ်ပေး ထားကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန ၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း က ပြောသည် ။

ရုရှားနိုင်ငံ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကို တိုက်ဖျက် နိုင်ပြီး ကိုယ်ခံအားကို ထိန်းထား ပေးနိုင်သော ပထမဆုံး ကာကွယ်ဆေး ကို ထုတ်လုပ် ခဲ့ကြောင်း သမ္မတဗလာဒီမာပူတင်က သြဂုတ်လ ၁၁ က ထုတ်ပြန် ခဲ့ခြင်း ဖြစ် သည် ။

“ရုရှား က စပြီးတော့ Viccnine (ကာကွယ်ဆေး) တွေ့တယ် လို့ပြော ပါတယ်။ တွေ့တဲ့ ကိစ္စကို WHO က တရားဝင် ဖြစ် မဖြစ် ကို ရုရှားက တာဝန်ရှိသူတွေ နဲ့ ညှိနှိုင်းဆွေးနွေး လျက် ရှိ တယ် လို့ သတင်း ရရှိပါတယ်။ နောက်ပြီး တော့ WHO နဲ့လည်း ကျွန်တော်တို့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန ဆွေးနွေးထား တာ ရှိပါတယ်။ WHO က ကာကွယ် ဆေးက တကယ်လို့ တရားဝင် ရပြီ ဆိုရင် ကျွန်တော်တို့လို ဝင်ငွေနည်းတဲ့ နိုင်ငံတွေရော၊ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေပါ မကျန်ခဲ့အောင် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ညှိနှိုင်းပြီးတော့ နိုင်ငံပေါင်းစုံ က ရရှိဖို့ အတွက် အထူးသဖြင့် High Rise ပြည်သူတွေ ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ ၊ ကျန်းမာရေး စောင့်ရှောက်တဲ့ ဝန်ထမ်းတွေ ဦးစားပေးပြီး ရရှိအောင် စီစဉ်ထားတယ် ဆိုတာ ကို တင်ပြလို ပါတယ် ” ဟု ဒေါက်တာ သက်ခိုင်ဝင်း က ယနေ့ သြဂုတ်လ ၁၂ရက် တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဖေ့ဖ်ဘုတ် တိုက်ရိုက် ဆွေးနွေးစဉ် ပြောဆို ခဲ့သည် ။

ရုရှားနိုင်ငံ အနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ် ဆေး ကို သီတင်းပတ် များ အတွင်း အများ အပြား ထုတ်လုပ်မှု စတင်ရန် မျှော်မှန်း ထားပြီး လာမည့်နှစ်အတွင်းမှစ၍ တစ်လလျှင် ဆေးခုနစ် သန်း အထိ ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများ တွင် ဖော်ပြ ထားသည် ။

“ရုရှား ကတော့ ကိုဗစ် ကာကွယ် ဆေးတွေ့ပြီး လို့ ပြော ပါတယ် ။ ဒါကျွန်မ တို့ ဘယ်လောက် အထိသေချာ တယ် ၊ မသေချာ တယ် ဆိုတာ မသိသေး ဘူးပေါ့နော် ။ သေချာပြီ ဆို ရင် ကျွန်မ တို့က ကျွန်မ တို့ ပြည် သူတွေ အတွက် အမြန်ဆုံး ရအောင် လို့ လုပ် မှာ ပဲ။ သို့သော် လည်း ဒါ ဟာ လည်း ဒီနေ့ မနက်ဖြန် ဖြစ် မှာ မဟုတ်ဘူး။ ကျွန်မ ပြော ရ တဲ့ အကြောင်းက ဒီကြားကာလ မှာ သည်းညည်းခံပြီးတော့ နေကြ ပါ ။ စည်း ကမ်း ထိန်းသိမ်း ကြပါ ” ဟု နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ်က ပြည်သူများအား တိုက်တွန်းပြော ဆို ခဲ့သည် ။