





အားပေး တဲ့ပ ရိ သတ် တွေ အား လုံး သိချင် နေ ကြ တဲ့ နေခြည်ရွှန်း လဲ့ ရဲ့ လျှို့ဝှက် ချက် လေး

မင်း သမီးချော နေခြည် ရွှန်း လက် ကတော့ MRTV -4 ဇာတ်လမ်းတွဲ ေ တွမှာ ပါဝင် သရုပ်ဆောင် ရင်း အနုပညာလော ကထဲကို စတင်ဝင် ရောက်လာ ခဲ့သူပဲဖြစ်ပါတ ယ်။ နေခြည်ရွှန်း လက် က ရှည်လျားလှပတဲ့ ဆံနွယ် ရှည်လေး ကို ပိုင်ဆိုင်ထားတဲ့အပြင် ပိန်ပါးကျစ်လစ်တဲ့ ကိုယ်ခန္ဓာ အချိုးအစားလေးနဲ့ လိုက်ဖက်ညီအောင် ဖက်ရှင်အ လန်းလေး တွေကို ဝတ် ဆင် တက်တာကြောင့် ပုရိသ တို့ အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

မင်းသမီး ချောလေး နေခြည်ရွှန်းလက် ကတော့ ပရိသတ်ေ တွအားကျ ချစ်နေကြတဲ့ ဆံနွယ်ရှည်တွေရဲ့ လျှိဝှက်ချက်ကို “ဒီနေ့ နေခြည့် ပရိသတ်တွေ အမြဲလိုလို မေးတတ်တဲ့ မေးခွန်းလေး တစ်ခုနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမယ်နော်.. နေခြည့်ကို “ဆံပင်အရမ်းကောင်းတာပဲ…ဘယ်လိုတွေ ထိန်းသိမ်းတာလဲ”ဆိုပြီး အမြဲလိုလို မေးကြတော့ ကျန်းမာ တဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့ နေခြည့်ရဲ့ ဆံကေသာ ထိန်းသိမ်းတဲ့ နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်ရှင့်…. ဆံပင်ကို ဘီးနဲ့ ပုံမှန် ဖြီးပေးပါ။

သဘာဝကိုအခြေခံပြီး ဆံသား ကျန်းမာစေဖို့ ဦးစားပေး ထုတ်လုပ် ထားတဲ့ ခေါင်းလျှော်ရည် ကို ရွေးချယ် အသုံးပြုပါ။ တစ်ပတ်ကို နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ် ပုံမှန် ခေါင်း လျှော် ပေးပါ။ ရေစိုနေတဲ့ ဆံပင်ကို သဘာဝလေနဲ့ အခြောက်ခံ ပေးခြင်းက အကောင်းဆုံးပါပဲ။ ဆံသားအားဖြစ်‌‌စေဖို့ ဗီတာမင် B၊C၊E ပါဝင်တဲ့ အစားအသောက်တွေ ကို များများစား ပေးပါ။ ရေများများသောက်ပေးဖို့လည်း လိုမယ်နော်။ ဒါတွေကတော့ နေခြည့်ရဲ့ ဆံပင်ကို ထိန်းသိမ်းတဲ့ နည်းလမ်းလေးတွေပဲ ဖြစ် ပါတယ်… ဒါပေမယ့် အဓိက လျှို့ဝှက်ချက်လေး တစ်ခုတော့ရှိနေပါသေးတယ်….။

အဲ့တာက ဘာလဲ ဆိုတော့… နေခြည်တို့ ထပ်ပြီး ဆုံတဲ့အခါ ပြောပြမယ် နော့်…။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပရိသတ်ကြီးရေ မင်းသမီးချောလေး နေခြည်ရွှန်းလက် ကတော့ သူ့ရဲ့ ကျက်သရေ ရှိလာတဲ့ ဆံပင်ရှည်ကို ထိန်းသိမ်းတဲ့ နည်းလမ်း လေးတွေကို ပရိသတ်တွေအတွက် ပြန်လည် ဝေမျှ ထားပါတယ်နော်။

ချစ်ခင် အားပေးရတဲ့ ဆံနွယ်ရှည်ပိုင်ရှင် မင်းသမီးလေးရဲ့ ဆံသား ထိန်းသိမ်း တဲ့ လျှို့ဝှက်ချက်လေး ကို သိရှိရပြီဆိုတော့ ကျေနပ်နှစ်သက် ကြလိမ့်မယ် ထင်ပါတယ်နော်။