Yone lay’s FB
Memory တွေ ပြန် တက် လာလို့ ပီတိ ဖြစ်လို့ တင်တာ ပါ ဆိုတဲ့ ယုန် လေး…
အခု ဗီဒီယိုလေးကို Memory တွေ ပြန်တက် လာလို့ ပီတိ ဖြစ်လို့ တင်တာပါ ဆိုပြီး ကိုယုန်လေး က တင်ထားတာပဲ ဖြစ်ပါတယ် …။
မြင့်မြတ် ကတော့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ် ….။
မြင့်မြတ်ကတော့ သဘာဝကျတဲ့ ဇာတ်ရုပ်တွေ ပီပြင်တဲ့ သရုပ်ဆောင်ပုံတွေကြောင့် အကယ်ဒမီဆုတွေကို ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်နေတဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ် …။
ပရိသတ်တွေအားကျချစ်ခင်နေရပြီး အေးချမ်းတဲ့ မိသားစုလေး တစ်ခုကို တည်ဆောက် ထားနိုင်ပြီး ချစ်စရာ ကောင်းလွန်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။
မြင့်မြတ်ရဲ့သားလေးမြတ်သူကတော့ ချစ်စရာ ကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်း ကျော်လေးဖြစ်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ် …။
ကိုယုန်လေးက ကိုမြင့်မြတ်ရဲ့သား မြတ်သူရဲ့ မွေးနေ့လေးမှာ စပရိုက်လုပ်ခဲ့ပါတယ်။
ကိုမြင့်မြတ်ရဲ့ဇာတိ အင်းစိန်က အင်းစိန်ရွာ မကျောင်းမှာ နေ့ဆွမ်းကပ်လှူပြီး ငယ်ငယ်ကသင်ကြားပေးခဲ့တဲ့ ဆရာမတွေကို ဝတ္ထုငွေနဲ့ကန်တော့ခဲ့တာပါ …။
ဒီကိစ္စတွေက ကျနော်မသိဘူး ကိုယုန်လေး ရယ် အဖေနဲ့အမေရယ်ပေါင်းပီး စီစဉ်ပေးခဲ့တာပါလို့ ကိုမြင့်မြတ်ကေ ပြာပါတယ်။
ကိုမြင့်မြတ်နဲ့ ကိုယုန်လေး တို့ကြားက ခင်မင်မှု သံယောဇဉ်ကို လေးစားအား ကျဖွယ် တွေ့မြင်ရပါတယ်နော် …။ ။
Yone lay’s FB