ပင် လယ်ရေအောက်က သတ္တဝါဆန်းတွေအကြောင်း စိတ်ဝင်စားတဲ့ပရိသတ်ကြီးအတွက် အံ့သြထူးဆန်းဖွယ် ရေနေသတ္တဝါလေးတွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။

ပ ထမဆုံးအနေနဲ့ ဗီဒီယိုလေးထဲမှာ မြင်တွေ့ရမှာကတော့ သက်ရှိတစ်ကောင်မှဟုတ်ရဲ့လားလို့ အထင်မှားလောက်တဲ့ သတ္တဝါတစ်ကောင်ပဲဖြစ်ပါတယ်။

ဒီသတ္တဝါကို ဘာပုံစံရှိတယ်လို့ တပ်အပ်ပုံဖော်လို့ မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိုသတ္တဝါဟာ ဖောင်းဖောင်းပြည့်ပြည့်ပုံပြောင်းသွားလိုက် မှိုပွင့်ပုံဖြစ်သွားလိုက် စသဖြင့် ပုံစံပြောင်းနေတာကို တွေ့မြင်ရမှာဖြစ်တဲ့အပြင် ထူးဆန်းစွာ မြွေတစ်ကောင်ရဲ့ပုံစံနဲ့တူအောင် လုပ်နိုင်တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

နောက်ထပ် ထူးဆန်းစွာလှပယိမ်းနွဲ့နေတဲ့ ရေဘဝဲကိုလည်း တွေ့မြင်ကြရမှာပါ။ ထိုရေဘဝဲဟာလည်း ပင်လယ်ရေ မျက်နှာပြင်အောက် 5250 ပေမှာပဲတွေ့ရတဲ့ ရေသတ္တဝါဖြစ်ပါတယ်။

ဒီလိုတွေ့မြင်ရခဲတဲ့ ရေသတ္တဝါတွေကို အထူးအဆန်းတွေ့မြင်ရမှာမို့ ဒီဗွီဒီယိုလေးကို လက်မလွတ်တမ်း ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Writer -LLA ( Shwe Yaung Lan )
Source-Daily Mail