




အပြင်မှာ တခါမှမမြင်ဖူးသေးတဲ့သူ ကို အွန်လိုင်း ချစ်သူ အဖြစ်ရွေးချယ် ခဲ့ရတဲ့ အကြောင်း အရင်း ကို ဖွင့်ဟ လာတဲ့ မင်းသမီး ချော မေမီကိုကို

မေမီကိုကို ကတော့ MRTV-4ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမူကို စတင်ရရှိခဲ့တဲ့သရုပ်ဆောင် တစ်ယာက်ပဲဖြစ်ပါတယ်။ သူမရဲ့ ရိုးသားကြိုးစားမှု တွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်လာခဲ့ပြီး ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။လတ်တလောမှာလည်း မေမီကိုကိုဟာ ကြော်ငြာတွေနဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မေမီကိုကိုက သရုပ်ဆောင်အလုပ်တွေအပြင် အဆိုတော်တစ်ယောက်အနေနဲ ့ပါအနုပညာအလုပ်တွေကိုချဲ့ထွင်လုပ်ကိုင်နေခဲ့ပါတယ်။ မကြာသေးခင်ကလည်းသူမရဲ့ ပထမဦးဆုံးသီချင်းလေး ဖြစ်တဲ့”အလွမ်းပြေ”သီချင်းလေးကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့ပြီး ပရိသတ်အားပေးမှုကို အပြည့်အဝရရှိခဲ့ပါတယ်။

သူမရဲ့ “အနမ်းတစ်ပွင့်ရဲ့ကျိန်စာ”စာအုပ်အသစ်ကို ပရိသတ်ထံရောင်းချပေးခဲ့တဲ့ပွဲ မှာတော့ မေမီကိုကိုက သူမရဲ့ အွန်လိုင်းချစ်သူ အကြောင်းပြောပြလာခဲ့တာပါ မေမီကိုကိုက ” ချစ်သူကစိတ်ထားကောင်းတဲ့အသိုင်းအဝိုင်းကပါ တခုခြွင်းချက်ကတော့အပြင်မှာတခါမှမမြင်ဖူးသေးဘူး အွန်လိုင်းချစ်သူပေါ့ အွန်လိုင်းမှာကို ကတော်တော် လေးနက်မှုရှိတယ်အစစအရာရာလူကြီးဆန်တယ် တော်တော်များများ ကတော့ပြောမှာပါ လူတောင် အပြင်မှာမမြင်ဖူးပဲနဲု့ ဘာအရူးထတာလဲပေါ့ သူငယ်ချင်းတွေဆိုလဲ တော်တော်အံဩတယ် သူတို့ကိုယ်တိုင်လည်း မိတ်ဆက်ပေးတယ် Video Call ပြောကြည့်တဲ့အခ့ကျ သူတို့ကိုယ်တိုင်လည်း လက်ခံပေးတယ် သူတို့ကိုယ်တိုင်လေးစား အားကျတဲ့သူဖြစ်သွားတယ်ပေါ့ ကိုယ်ကိုတိုင်ကလည်းသူ့ကိုတကယ်လေးစားအားကျမိတယ်ပေါ့ ဒါကြောင့် ချစ်သူအဖြစ်ရွေးချယ်ဖြစ်ခဲ့တာပါ ” လို့ပြောပြလာခဲ့တာဖြစ်ပါတယ်

မေမီကိုကို ကတော့တကယ့်ကို ထူးဆန်းတဲ့ ချစ်သူရွေးချယ်မှုလေး ကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ပရိသတ်ကြီးရဲ့ အမြင်လေးကိုလည်း ပြော ခဲ့ကြပါ အုန်းနော်