႐ုရွားကာကြယ္ ေဆး ေသခ်ာ ရင္ ျပည္ သူ ေတြဖို႔ အျမန္ ရေအာင္ လုပ္ေပး မည္ဟု ေဒၚေအာင္ဆန္းစု ၾကည္ေျပာ

႐ုရွားနိုင္ငံ၏ ကိုဗစ္ ကာကြယ္ေဆး တရားဝင္ျဖစ္လၽွင္ ျမန္မာနိုင္ငံ အတြက္လည္း ရရွိနိုင္ရန္ WHO က စီစဥ္ေပး ထားဟု ဆို

ပထမဆုံး ကိုဗစ္ကာကြယ္ ေဆးကိုရရွိၿပီးျဖစ္ေၾကာင္း ထုတ္ျပန္လိုက္ ေသာ ႐ုရွားနိုင္ငံ၏ တာဝန္ရွိသူမ်ား ႏွင့္ WHO (ကမၻာ့က်န္းမာေရးအဖြဲ႕) မွ ညႇိႏွိုင္းေဆြးေႏြးလ်က္ ရွိေနေၾကာင္း ႏွင့္ ကာကြယ္ေဆး တရားဝင္ရ ၿပီးဆိုလ်င္ ဝင္ေငြနည္း၊ ဝင္ေငြအလယ္ အလတ္ရွိသည့္ နိုင္ငံေပါင္းစုံ မက်န္ေစရန္ WHO အဖြဲ႕က စီစဥ္ေပး ထားေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ၊ အျမဲတမ္းအတြင္းဝန္ ေဒါက္တာသက္ခိုင္ဝင္း က ေျပာပါတယ္။

႐ုရွားနိုင္ငံ အေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္ ကို တိုက္ဖ်က္နိုင္ၿပီး ကိုယ္ခံအားကို ထိန္းထားေပးနိုင္ေသာ ပထမဆုံးကာကြယ္ေဆးကို ထုတ္လုပ္ခဲ့ေၾကာင္း သမၼတဗလာဒီမာပူတင္က ၾသဂုတ္လ ၁၁ က ထုတ္ျပန္ခဲ့ျခင္း ျဖစ္ပါတယ္။

“႐ုရွားက စၿပီးေတာ့ Vaccine( ကာကြယ္ေဆး) ေတြ႕တယ္လို ႔ေျပာပါတယ္။ ေတြ႕တဲ့ကိစၥကို WHO က တရားဝင္ ျဖစ္ မျဖစ္ ကို ႐ုရွားက တာဝန္ရွိ သူေတြနဲ႔ ညႇိႏွိုင္းေဆြးေႏြးလ်က္ ရွိတယ္လို႔ သတင္းရရွိပါတယ္။ ေနာက္ၿပီးေတာ့ WHO နဲ႔လည္း ကၽြန္ေတာ္တို႔ အားကစားနဲ႔ က်န္းမာေရးဝန္ႀကီးဌာန ေဆြးေႏြးထားတာ ရွိပါတယ္။ WHO က ကာကြယ္ေဆး က တကယ္လို႔ တရားဝင္ရၿပီ ဆိုရင္ ကၽြန္ေတာ္တို႔လို ဝင္ေငြနည္းတဲ့ နိုင္ငံေတြေရာ၊ ဝင္ေငြ အလယ္အလတ္ရွိတဲ့ နိုင္ငံေတြပါ မက်န္ခဲ့ေအာင္ သက္ဆိုင္ရာ နိုင္ငံတကာ အဖြဲ႕ အစည္း ေတြနဲ႔ညႇိႏွိုင္းၿပီးေတာ့ နိုင္ငံေပါင္းစုံက ရရွိဖို႔အတြက္ အထူးသျဖင့္ High Rise ျပည္သူေတြ ျဖစ္တဲ့ သက္ႀကီးရြယ္အိုေတြ ၊ က်န္းမာေရး ေစာင့္ေရွာက္တဲ့ ဝန္ထမ္းေတြ ဦးစားေပးၿပီး ရရွိေအာင္ စီစဥ္ထားတယ္ ဆိုတာကို တင္ျပလိုပါတယ္ ” ဟု ေဒါက္တာသက္ခိုင္ဝင္းက ယေန႔ ၾသဂုတ္လ ၁၂ရက္ တြင္ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ေဖ့ဖ္ဘုတ္တိုက္ရိုက္ ေဆြးေႏြးစဥ္ ေျပာဆိုခဲ့ပါတယ္။

႐ုရွားနိုင္ငံ အေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို သီတင္းပတ္မ်ား အတြင္း အမ်ားအျပား ထုတ္လုပ္မႈ စတင္ရန္ ေမၽွာ္မွန္းထားၿပီး လာမည့္ႏွစ္အတြင္းမွစ၍ တစ္လလၽွင္ ေဆးခုနစ္သန္းအထိ ထုတ္လုပ္နိုင္ မည္ျဖစ္ေၾကာင္း နိုင္ငံတကာ သတင္းမ်ားတြင္ ေဖာ္ျပထားပါတယ္။

“႐ုရွားကေတာ့ ကိုဗစ္ကာကြယ္ ေဆးေတြ႕ၿပီးလို႔ ေျပာပါတယ္။ ဒါကၽြန္မတို႔ ဘယ္ေလာက္အထိ ေသခ်ာ တယ္၊ မေသခ်ာတယ္ ဆိုတာ မသိေသးဘူး ေပါ့ေနာ္။ ေသခ်ာၿပီဆိုရင္ ကၽြန္မ တို႔က ကၽြန္မတို႔ ျပည္သူေတြ အတြက္ အျမန္ဆုံး ရေအာင္လို႔ လုပ္မွာပဲ။ သို႔ေသာ္လည္း ဒါဟာလည္း ဒီေန႔ မနက္ျဖန္ျဖစ္မွာ မဟုတ္ဘူး။ ကၽြန္မ ေျပာရတဲ့ အေၾကာင္းက ဒီၾကားကာလမွာ သည္းညည္းခံၿပီးေတာ့ ေနၾကပါ။ စည္းကမ္းထိန္းသိမ္း ၾကပါ” ဟု နိုင္ငံေတာ္၏အတိုင္ခံပုဂၢိဳလ္က ျပည္သူမ်ားအား တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ရုရှားကာကွယ် ဆေး သေချာ ရင် ပြည် သူ တွေဖို့ အမြန် ရအောင် လုပ်ပေး မည်ဟု ဒေါ်အောင်ဆန်းစု ကြည်ပြော

ရုရှားနိုင်ငံ၏ ကိုဗစ် ကာကွယ်ဆေး တရားဝင်ဖြစ်လျှင် မြန်မာနိုင်ငံ အတွက်လည်း ရရှိနိုင်ရန် WHO က စီစဉ်ပေး ထားဟု ဆို

ပထမဆုံး ကိုဗစ်ကာကွယ် ဆေးကိုရရှိပြီးဖြစ်ကြောင်း ထုတ်ပြန်လိုက် သော ရုရှားနိုင်ငံ၏ တာဝန်ရှိသူများ နှင့် WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ ညှိနှိုင်းဆွေးနွေးလျက် ရှိနေကြောင်း နှင့် ကာကွယ်ဆေး တရားဝင်ရ ပြီးဆိုလျင် ဝင်ငွေနည်း၊ ဝင်ငွေအလယ် အလတ်ရှိသည့် နိုင်ငံပေါင်းစုံ မကျန်စေရန် WHO အဖွဲ့က စီစဉ်ပေး ထားကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း က ပြောပါတယ်။

ရုရှားနိုင်ငံ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကို တိုက်ဖျက်နိုင်ပြီး ကိုယ်ခံအားကို ထိန်းထားပေးနိုင်သော ပထမဆုံးကာကွယ်ဆေးကို ထုတ်လုပ်ခဲ့ကြောင်း သမ္မတဗလာဒီမာပူတင်က သြဂုတ်လ ၁၁ က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

“ရုရှားက စပြီးတော့ Vaccine( ကာကွယ်ဆေး) တွေ့တယ်လို ့ပြောပါတယ်။ တွေ့တဲ့ကိစ္စကို WHO က တရားဝင် ဖြစ် မဖြစ် ကို ရုရှားက တာဝန်ရှိ သူတွေနဲ့ ညှိနှိုင်းဆွေးနွေးလျက် ရှိတယ်လို့ သတင်းရရှိပါတယ်။ နောက်ပြီးတော့ WHO နဲ့လည်း ကျွန်တော်တို့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန ဆွေးနွေးထားတာ ရှိပါတယ်။ WHO က ကာကွယ်ဆေး က တကယ်လို့ တရားဝင်ရပြီ ဆိုရင် ကျွန်တော်တို့လို ဝင်ငွေနည်းတဲ့ နိုင်ငံတွေရော၊ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေပါ မကျန်ခဲ့အောင် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်း တွေနဲ့ညှိနှိုင်းပြီးတော့ နိုင်ငံပေါင်းစုံက ရရှိဖို့အတွက် အထူးသဖြင့် High Rise ပြည်သူတွေ ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ ၊ ကျန်းမာရေး စောင့်ရှောက်တဲ့ ဝန်ထမ်းတွေ ဦးစားပေးပြီး ရရှိအောင် စီစဉ်ထားတယ် ဆိုတာကို တင်ပြလိုပါတယ် ” ဟု ဒေါက်တာသက်ခိုင်ဝင်းက ယနေ့ သြဂုတ်လ ၁၂ရက် တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖေ့ဖ်ဘုတ်တိုက်ရိုက် ဆွေးနွေးစဉ် ပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သီတင်းပတ်များ အတွင်း အများအပြား ထုတ်လုပ်မှု စတင်ရန် မျှော်မှန်းထားပြီး လာမည့်နှစ်အတွင်းမှစ၍ တစ်လလျှင် ဆေးခုနစ်သန်းအထိ ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။

“ရုရှားကတော့ ကိုဗစ်ကာကွယ် ဆေးတွေ့ပြီးလို့ ပြောပါတယ်။ ဒါကျွန်မတို့ ဘယ်လောက်အထိ သေချာ တယ်၊ မသေချာတယ် ဆိုတာ မသိသေးဘူး ပေါ့နော်။ သေချာပြီဆိုရင် ကျွန်မ တို့က ကျွန်မတို့ ပြည်သူတွေ အတွက် အမြန်ဆုံး ရအောင်လို့ လုပ်မှာပဲ။ သို့သော်လည်း ဒါဟာလည်း ဒီနေ့ မနက်ဖြန်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်မ ပြောရတဲ့ အကြောင်းက ဒီကြားကာလမှာ သည်းညည်းခံပြီးတော့ နေကြပါ။ စည်းကမ်းထိန်းသိမ်း ကြပါ” ဟု နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ်က ပြည်သူများအား တိုက်တွန်းပြောဆိုခဲ့ပါတယ်။