မြန် မာနိုင်ငံက နှုတ်ခမ်းနီမလေးတွေအပြင် ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကိုပါ စိုးမိုးထားနိုင်တဲ့ သူဟာ ပိုင်တံခွန်ဆိုရင် မမှားပါဘူးနော် ပရိတ်သတ်ကြီး…..။ ဖော်ရွေပြီး၊ အမြဲတမ်းပြုံးနေတာကြောင့် လူချစ်လူခင်ပေါများသူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ မိဘ ဆရာသမားတွေကို ရိုသေတတ်ပြီး၊ လူကြီးသူမတွေကို ရိုသေတာကြောင့်လည်း နာမည်ကြီးနေသူ တစ်ယောက်ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ နာမည်ကြီးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ မကြာသေးမီက မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး The Mask Singer Myanmar မှာပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က ထိုင်းနိုင်ငံမှာ Kanchanaburi မှာ ကျင်းပတဲ့ Kanchanaburi Film Festival မှာ ထိုင်းအနုပညာရှင်တွေနဲ့အတူ တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ အဆိုပါပွဲမှာတော့ ပိုင်တံခွန်ကို ထိုင်းနိုင်ငံက အနုပညာရှင်တွေဟာ အသိအမှတ်ပြုတဲ့အနေနဲ့ သူ့ရဲ့ လက်ဗွေယာကို ရယူပြီး မှတ်တမ်းတင် ဂုဏ်ပြုခြင်းခံခဲ့ရပါသေးတယ်။

ဒီလို အောင်မြင်နေတဲ့ ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံသာမဟုတ် ကမ္ဘောဒီးယားနိုင်ငံအထိပါ အောင်မြင်မှုတွေ ခြေလှမ်းဆန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက အနုပညာရှင် အချို့ က ကမ်းလှမ်းလာခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ Wyndham Grand Hotel မှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ထိပ်တန်း ရုပ်ရှင် ကုမ္ပဏီ ၂ ခုပူးပေါင်းပြီး သဘောတူညီမှု စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

ပိုင်တံခွန်ကလည်း သူရဲ့ လူမှုကွန်ယက်အကောင့်ကနေ ယခုလို ပရိတ်သတ်ကြီးကို အသိပေး မျှဝေခဲ့ပါတယ်။ ((((ကျနော့် ပရိတ်သတ်တွေလည်း ဝမ်းသာလို့ရအောင်ပါ 🖤အခုလတ်တလော ကမ္ဘောဒီးယားမှာ အရမ်းပေါက်နေတဲ့ The Clock Horror Film movie ရဲ့ ဒုတိယပိုင်း

The Clock : Red Wall မှာ အဓိက သရုပ်ဆောင်အဖြစ် ကျနော် ကို ကမ်းလှမ်းခဲ့တဲ့ အတွက် လည်း အထူးဝမ်းမြောက် ဂုဏ်ယူပါတယ် ခင်မျာ Signing event of Collaboration between LD Picture Production, Real Bros Production and Me 🖤 Thanks Ko Thet Naing Min Robin 📷 Htet Paing Ye M U H. Stefan Hseng))))

ပရိတ်သတ်ကြီးရဲ့ အချစ်တော် ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံသာမက အာရှမှာပါ နေရာယူလာနိုင်ပြီဖြစ်ပါတယ်။ ပိုင်တံခွန် ရဲ့ အောင်မြင်မှုအတွက် ပရိတ်သတ်ကြီးနဲ့အတူ ဝမ်းသာပါတယ်နော်။ နောက်ထပ်လည်း အောင်မြင်မှုတွေကို မြန်မာနိုင်ငံကိုယ်စား ရယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်………။

Writer- ME(Shwe Yaung Lan)
Source : Paing Takhon