႐ုရွားရဲ့ ကိုဗစ္ ကာကြယ္ ေဆးကို ဒူတာ ေတး ပထမ ဆုံး အထိုး ခံမည္၊ ႐ုရွား ကို ကူညီ ရန္ အသင့္ ရွိဟု ေျပာ ၾကား

႐ုရွားရဲ့ ကိုဗစ္ ကာကြယ္ေဆးကို ဒူတာေတး ပထမ ဆုံး အထိုးခံမည္၊ ႐ုရွားကို ကူညီရန္ အသင့္ ရွိဟု ေျပာၾကား (အေနာက္ မဟာမိတ္ အဖြဲ႕ကို ဒူတာေတး သစၥာေဖာက္ၿပီေလာ၊ ဒါမွမဟုတ္ ဖိလစ္ပိုင္ ျပည္တြင္းမွာ ေထာက္ခံမႈ တိုးပြားေအာင္ လုပ္တဲ့ အကြက္လား)

ကိုဗစ္ ကပ္ေရာဂါ က်ေရာက္ လၽွက္ရွိေသာ ကမၻာႀကီးတြင္ ကာကြယ္ေဆး ေဖာ္ထုတ္နိုင္ရန္ အၿပိဳင္အဆိုင္ ႀကိဳးစားေနၾကခိုက္ နိုင္ငံတကာတြင္ ပထမဆုံး ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ႐ုရွားက်န္းမာေရးဝန္ႀကီး႒ာနက ေထာက္ခံအတည္ ျပဳသည္ဟု သမၼတဗလာဒီမာ ပူတင္က ေၾကညာေၾကာင္း၊ လိုအပ္သည့္အဆင့္မ်ားအားလုံး စမ္းသပ္စစ္ေဆးၿပီးစီးခဲ့သည္ ၎ ကာကြယ္ေဆးသည္ ကမၻာတစ္လႊား ပ်ံ႕ႏွံ့လၽွက္ အသက္ဆုံးရႈံးသည္အထိ ျဖစ္ေစနိုင္ေသာ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုးကို ထိေရာက္စြာ ခုခံေပးနိုင္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ယေန႔နံနက္ ပိုင္းတြင္ ႐ုရွားနိုင္ငံ သည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ရန္အတြက္ ကမၻာ့ ပထမဆုံး ကာကြယ္ေဆးကို မွတ္ပုံတင္ နိုင္ခဲ့ၿပီ ျဖစ္ေၾကာင္း၊ တစ္ကမၻာလုံးအတြက္ အလြန္အေရးႀကီးသည့္ အခ်ိန္တြင္ ကာကြယ္ေဆး ထုတ္လုပ္ေပးနိုင္သည့္ အတြက္ အားလုံးကို ေက်းဇူးတင္ပါေၾကာင္း၊ ႐ုရွား၌ ကာကြယ္ေဆးထိုးျခင္းကို မိမိတို႔ ဆႏၵ အေလ်ာက္သာ ျပဳလုပ္သင့္ေၾကာင္း၊ ၎၏ သမီးျဖစ္သူတစ္ဦးမွာမူ ကာကြယ္ ေဆးထိုးႏွံၿပီးျဖစ္ေၾကာင္း၊ ဆႏၵအေလ်ာက္ ကာကြယ္ေဆးထိုးႏွံခံၿပီးေနာက္ ကိုယ္အပူခ်ိန္မွာ ၃၈ ဒီဂရီအထိ ျမင့္တက္ခဲ့ေသာ္လည္း ေနာက္ရက္တြင္ ၃၇ သို႔ ျပန္လည္က်ဆင္းလာေၾကာင္း ယခုအခါ ပုံမွန္က်န္းမာလၽွက္ ရွိေၾကာင္း ႐ုရွားသမၼတက ေျပာဆိုပါတယ္။

တရားဝင္ ေရာဂါကူး စက္မႈေပါင္း သန္း ၂၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၇-သိန္းေက်ာ္လာၿပီျဖစ္သည့္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါအၾကပ္အတည္းကို ေျဖရွင္းရန္ ကမၻာတစ္ဝွမ္းက လိုလားလၽွက္ရွိၾကသည္။ ေယဘူယ်အားျဖင့္ ဇန္နဝါရီလတြင္ ျဖန႔္ေဝလိမ့္မည္ဟု ေမၽွာ္လင့္ရသည့္ ႐ုရွား၏ ဗိုင္းရပ္စ္ကာကြယ္ေဆးသည္ က်န္းမာေရးဝန္ႀကီး ဌာန၏အဆိုအရ ေဆးဘက္ ဆိုင္ရာ ေစတနာ့ဝန္ထမ္းမ်ား၊ က်န္းမာေရး ဝန္ထမ္းမ်ားႏွင့္ ေရာဂါပိုးအား ခုခံနိုင္ေျခနည္းပါးသူတို႔အား ဦးစားေပး ျဖန႔္ခ်ီမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

ကာကြယ္ေဆးေတြ႕ရွိၿပီျဖစ္ေသာ ႐ုရွားနိုင္ငံ သည္ ကူးစက္ မႈေပါင္း ၉-သိန္းနီးပါး၊ ေသဆုံးသူ ၁-ေသာင္း ၅-ေထာင္ေက်ာ္ျဖင့္ ကမၻာ့ကိုရိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ပြားမႈ အဆင့္-၄ တြင္ ရွိေနသည္။ ယေန႔နံနက္ပိုင္းအထိ ၂၄-နာရီအတြင္း ကူးစက္ခံရသူ ၅-ေထာင္နီးပါးႏွင့္ လူေပါင္း ၁၃၀ အသက္ဆုံးရႈံးခဲ့ရပါတယ္။

ဖိလစ္ပိုင္နိုင္ငံသည္ ႐ုရွား၏ ကာကြယ္ေဆးကို ဆႏၵအေလၽွာက္ ပထမဆုံး ထိုးႏွံခံယူရန္ ကမ္းလွမ္းခ်က္ကို ယုံၾကည္ေက်းဇူးတင္စြာ လက္ခံလိုက္တယ္လို႔ သိရပါတယ္။

ကာကြယ္ ေဆးေရာက္ရွိလာလၽွင္ မိမိကိုယ္တိုင္ အမ်ားေရွ႕ ေမွာက္တြင္ ထိုးႏွံခံယူ၍ အဆင္ေျပ သည္ကို စမ္းသပ္ျပသမည္ေၾကာင္း၊ ႐ုရွား၏ လက္ေတြ႕စမ္းသပ္မႈမ်ားႏွင့္ ေဒသတြင္း ထုတ္လုပ္ရာတြင္ ကူညီရန္ အသင့္ရွိေနေၾကာင္း သမၼတ ဒူတာတီးက ေျပာဆိုပါတယ္။

ဖိလစ္ပိုင္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေပါင္း ၁-သိန္း ၄-ေသာင္းနီးပါး ရွိေနခဲ့ၿပီး၊ ေသဆုံးသူ ၂,၃၀၀ ေက်ာ္ ရွိေနခဲ့သည္။ ၂၄-နာရီအတြင္း ကူးစက္ခံရသူ ၃-ေထာင္နီးပါးႏွင့္ အသက္ ဆုံးရႈံးရသူ ၁၉-ဦး ရွိေနပါတယ္။ လြန္ခဲ့သည့္လကလည္း သမၼတဒူတာတီးသည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ရရွိခဲ့လၽွင္ ဖိလစ္ပိုင္အား ဦးစားေပးရန္ တ႐ုတ္ သမၼတရွီက်င့္ဖ်င္ထံ ေမတၱာရပ္ခံခဲ့ပါတယ္။

Oung Marine

ရုရှားရဲ့ ကိုဗစ် ကာကွယ် ဆေးကို ဒူတာ တေး ပထမ ဆုံး အထိုး ခံမည်၊ ရုရှား ကို ကူညီ ရန် အသင့် ရှိဟု ပြော ကြား

ရုရှားရဲ့ ကိုဗစ် ကာကွယ်ဆေးကို ဒူတာတေး ပထမ ဆုံး အထိုးခံမည်၊ ရုရှားကို ကူညီရန် အသင့် ရှိဟု ပြောကြား (အနောက် မဟာမိတ် အဖွဲ့ကို ဒူတာတေး သစ္စာဖောက်ပြီလော၊ ဒါမှမဟုတ် ဖိလစ်ပိုင် ပြည်တွင်းမှာ ထောက်ခံမှု တိုးပွားအောင် လုပ်တဲ့ အကွက်လား)

ကိုဗစ် ကပ်ရောဂါ ကျရောက် လျှက်ရှိသော ကမ္ဘာကြီးတွင် ကာကွယ်ဆေး ဖော်ထုတ်နိုင်ရန် အပြိုင်အဆိုင် ကြိုးစားနေကြခိုက် နိုင်ငံတကာတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ရုရှားကျန်းမာရေးဝန်ကြီးဋ္ဌာနက ထောက်ခံအတည် ပြုသည်ဟု သမ္မတဗလာဒီမာ ပူတင်က ကြေညာကြောင်း၊ လိုအပ်သည့်အဆင့်များအားလုံး စမ်းသပ်စစ်ဆေးပြီးစီးခဲ့သည် ၎င်း ကာကွယ်ဆေးသည် ကမ္ဘာတစ်လွှား ပျံ့နှံ့လျှက် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို ထိရောက်စွာ ခုခံပေးနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။

ယနေ့နံနက် ပိုင်းတွင် ရုရှားနိုင်ငံ သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန်အတွက် ကမ္ဘာ့ ပထမဆုံး ကာကွယ်ဆေးကို မှတ်ပုံတင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးအတွက် အလွန်အရေးကြီးသည့် အချိန်တွင် ကာကွယ်ဆေး ထုတ်လုပ်ပေးနိုင်သည့် အတွက် အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ရုရှား၌ ကာကွယ်ဆေးထိုးခြင်းကို မိမိတို့ ဆန္ဒ အလျောက်သာ ပြုလုပ်သင့်ကြောင်း၊ ၎င်း၏ သမီးဖြစ်သူတစ်ဦးမှာမူ ကာကွယ် ဆေးထိုးနှံပြီးဖြစ်ကြောင်း၊ ဆန္ဒအလျောက် ကာကွယ်ဆေးထိုးနှံခံပြီးနောက် ကိုယ်အပူချိန်မှာ ၃၈ ဒီဂရီအထိ မြင့်တက်ခဲ့သော်လည်း နောက်ရက်တွင် ၃၇ သို့ ပြန်လည်ကျဆင်းလာကြောင်း ယခုအခါ ပုံမှန်ကျန်းမာလျှက် ရှိကြောင်း ရုရှားသမ္မတက ပြောဆိုပါတယ်။

တရားဝင် ရောဂါကူး စက်မှုပေါင်း သန်း ၂၀ ကျော်ရှိနေပြီး သေဆုံးသူ ၇-သိန်းကျော်လာပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြပ်အတည်းကို ဖြေရှင်းရန် ကမ္ဘာတစ်ဝှမ်းက လိုလားလျှက်ရှိကြသည်။ ယေဘူယျအားဖြင့် ဇန်နဝါရီလတွင် ဖြန့်ဝေလိမ့်မည်ဟု မျှော်လင့်ရသည့် ရုရှား၏ ဗိုင်းရပ်စ်ကာကွယ်ဆေးသည် ကျန်းမာရေးဝန်ကြီး ဌာန၏အဆိုအရ ဆေးဘက် ဆိုင်ရာ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ရောဂါပိုးအား ခုခံနိုင်ခြေနည်းပါးသူတို့အား ဦးစားပေး ဖြန့်ချီမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ကာကွယ်ဆေးတွေ့ရှိပြီဖြစ်သော ရုရှားနိုင်ငံ သည် ကူးစက် မှုပေါင်း ၉-သိန်းနီးပါး၊ သေဆုံးသူ ၁-သောင်း ၅-ထောင်ကျော်ဖြင့် ကမ္ဘာ့ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု အဆင့်-၄ တွင် ရှိနေသည်။ ယနေ့နံနက်ပိုင်းအထိ ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၅-ထောင်နီးပါးနှင့် လူပေါင်း ၁၃၀ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံသည် ရုရှား၏ ကာကွယ်ဆေးကို ဆန္ဒအလျှောက် ပထမဆုံး ထိုးနှံခံယူရန် ကမ်းလှမ်းချက်ကို ယုံကြည်ကျေးဇူးတင်စွာ လက်ခံလိုက်တယ်လို့ သိရပါတယ်။

ကာကွယ် ဆေးရောက်ရှိလာလျှင် မိမိကိုယ်တိုင် အများရှေ့ မှောက်တွင် ထိုးနှံခံယူ၍ အဆင်ပြေ သည်ကို စမ်းသပ်ပြသမည်ကြောင်း၊ ရုရှား၏ လက်တွေ့စမ်းသပ်မှုများနှင့် ဒေသတွင်း ထုတ်လုပ်ရာတွင် ကူညီရန် အသင့်ရှိနေကြောင်း သမ္မတ ဒူတာတီးက ပြောဆိုပါတယ်။

ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၁-သိန်း ၄-သောင်းနီးပါး ရှိနေခဲ့ပြီး၊ သေဆုံးသူ ၂,၃၀၀ ကျော် ရှိနေခဲ့သည်။ ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၃-ထောင်နီးပါးနှင့် အသက် ဆုံးရှုံးရသူ ၁၉-ဦး ရှိနေပါတယ်။ လွန်ခဲ့သည့်လကလည်း သမ္မတဒူတာတီးသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရရှိခဲ့လျှင် ဖိလစ်ပိုင်အား ဦးစားပေးရန် တရုတ် သမ္မတရှီကျင့်ဖျင်ထံ မေတ္တာရပ်ခံခဲ့ပါတယ်။

Oung Marine