



Credit to Original

ဂုဏ် သိက္ခာ ကျဆင်း စေမှု အတွက် တရား ရုံးမှာ ဦး တိုက် လျှောက် ထား ခံလိုက် ရတဲ့ အလှ မယ် “မိုးစက်ဝိုင်”

မိုးစက်ဝိုင် ကတော့ အလှမယ် တစ်ယောက် အဖြစ် နာမည် ကျော်ကြား လူသိများခဲ့ပြီး သီချင်း ဗီဒီယိုများ ကြော်ညာများနဲ့ ရုပ်ရှင် ဇာတ်ကားကြီးများကိုပါ ရိုက်ကူး ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ အလှမယ် မိုးစက်ဝိုင် ကို အသရေဖျက်မှုနဲ့ တရားလို မေဟန်နီထွန်း က တရားစွဲဆို ဖို့အတွက် တရားရုံးမှာ ဦးတိုက် လျှောက်ထား လိုက်ပါတယ်။အဆိုပါ အမှုဖြစ်စဉ်ကိုတော့ ဗဟန်းမြို့နယ်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဦးစောထွန်းအေး က မီဒီယာမှာ အခုလိုပဲ ဖြေကြားပေးခဲ့ပါတယ်။

အခု အမှုမှာ တရားလို ကတော့ မေဟန်နီထွေး စွပ်စွဲခံရ သူကတော့ ဒေါ်ဝေဝေခိုင် ( ခေါ် ) မိုးစက်ဝိုင် နဲ့ နောက်တစ်ယောက် ကတော့ ဒေါ်မျိုးမြတ်သန္တာ ဖြစ် ပါတယ်။ သူတို့နှစ်ယောက် ကို ဒေါ်မေဟန်နီထွန်းက သူတို့ကြောင့် ဂုဏ်သိက္ခာတွေ ကျပါတယ် နစ်နာရပါတယ် ဆိုပြီးတော့ ဦးတိုက်လျှောက် ထားတဲ့ အမှုဖြစ်တယ်။ဦးတိုက် လျှောက်ထားတာနဲ့ ပက်သက်ပြီး ကျွန်တော်တို့ အမှုစစ်တရား သူကြီးကတော့ တွဲဖက်မြို့နယ်တရားသူကြီး ဒေါ်အေးသူဇာနွယ် ဖြစ်ပါတယ်။ သူကနေပြီးတော့ ရာဇဝတ်ကြီး ပုဒ်မ ၂၀၀ အရ စစ်ဆေးတယ်။ ရဲစခန်းကို ရာဇဝတ်ကြီး ပုဒ်မ ၂၀၂ ပုဒ်မခွဲ ၁၀၀ စုံစမ်းစစ်ဆေးဖို့ဆိုပြီးတော့ အစီရင်ခံစာတင်ပြခိုင်းထားတယ်။ အစီရင်ခံစာပြန်တင်ခိုင်းတဲ့ နေ့ကတော့ ၂၅ ရက် ၈ လ ၂၀၂၀ ဖြစ်ပါတယ်။

လောလော ဆယ်တော့ ကျွန်တော်က တစ်မှုပဲ သိရသေးတယ်။ အသရေ ဖျက်မှု မြောက်မမြောက် ကတော့ အခုက action မှ မယူရသေးတာ…ဗဟန်းမြို့မရဲစခန်းကနေ အစီရင်ခံစာ ပြန်တက်လာမယ်။ အစီရင်ခံစာ ပြန်တက်လာတဲ့အပေါ်မှာ အမှုစစ်တရားသူကြီးက action ယူပြီးမှ အသရေဖျက်မှု မြောက်မမြောက်တို့ ဘာတို့ ဆုံးဖြတ်ရမှာ။ အခုလောလော ဆယ် ကတော့ မေဟန်နီထွေးက ဦးတိုက်လျှောက်ထားလို့ ရဲစခန်းကို အစီရင်ခံစာ တင်ခိုင်းထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ရဲကနေ အစီရင်ခံစာ တင်ပြီးရင် အဆိုပါ အစီရင်ခံစာအရ action ယူလိုက်မှ သူတို့ကို ခေါ်မှာ။ action ယူစရာအကြောင်းမရှိရင် ခေါ်စရာ အကြောင်း မရှိဘူး။ဆိုကာ အမှုဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။ပရိတ်သတ်ကြီးရေ အခုဖော်ပြခဲ့တာကတော့ အသရေ ဖျက်မှုနဲ့ တရားရုံးကို ဦးတိုက်လျှောက် ထားခြင်းခံလိုက်ရတဲ့ အလှမယ် မိုးစက်ဝိုင် အကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်ရှင်။

Credit to Original