တရားမဝင္ ဝင္ေရာက္ လာေသာ တ႐ုတ္နိုင္ငံသား မ်ားကို မူဆယ္ ၁၀၅ မိုင္တြင္ ဖမ္းမိျပန္ၿပီ။ ယခု ရက္ပိုင္း အ တြင္း တရား မဝင္ ဝင္ေရာက္ လာ၍ ဖမ္းဆီး ထား သည့္ တ႐ုတ္ နိုင္ငံသား ၂၈ဦး အထိ ရွိလာ

ျမန္မာနိုင္ငံတြင္းသို႔ တရားမဝင္ဝင္ ေရာက္လာသည့္ တ႐ုတ္ နိုင္ငံသား ၁၀ ဦးကို ယမန္ ေန႔က မူဆယ္ ၁၀၅မိုင္တြင္ တာဝန္ရွိသူတို႔က ဖမ္းမိခဲ့ပါတယ္။ တာဝန္ရွိ သူမ်ားက ၁၀၅ မိုင္ ဂိတ္အနီး လားရွိုး၊ မူဆယ္ျပည္‌ေထာင္စု ကားလမ္းမႀကီးေပၚ၌ ေရွာင္တခင္ စစ္ေဆးမႈမ်ား ေဆာင္ရြက္စဥ္ ဖမ္းမိခဲ့ျခင္းျဖစ္ပါတယ္။

၎တို႔ကို မူဆ ယ္ၿမိဳ႕မွ ကြတ္ခိုင္ၿမိဳ႕ဘက္ သို႔ ေမာင္းႏွင္လာေသာ ေမာ္တာ္ယာဥ္ ၂ စီးေပၚမွ ဖမ္းမိခဲ့ျခင္းျဖစ္ပါတယ္။ ယခုရက္ထဲ ျမန္မာနိုင္ငံတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာ၍ ဖမ္းဆီးခံထားရသည့္ တ႐ုတ္နိုင္ငံသား အေရအတြက္သည္ ၂၈ဦးအထိ ရွိလာေနၿပီ ျဖစ္ပါတယ္။

ဩဂုတ္၈ရက္ေန႔က ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕နယ္၊ နမ့္ေပၚ တံတားအနီး၊ မူဆယ္မွ ကြတ္ခိုင္ဘက္သို႔ ေမာင္းႏွင္လာေသာ ဆိုင္ကယ္ အသစ္ေလးစီးေပၚ တရားမဝင္ ဝင္ေရာက္လာသူ တ႐ုတ္နိုင္ငံသား ၃ဦးကို ဖမ္းမိမႈ၊ၾသဂုတ္လ ၄ရက္ေန႔က မူဆယ္ၿမိဳ႕နယ္၊ နမ့္ေပၚ စစ္ဆင္ေရးဂိတ္ အနီး မူဆယ္ၿမိဳ႕ဘက္မွ ကြတ္ခိုင္ၿမိဳ႕ဘက္ သို႔ ေမာင္ႏွင္ လာသည့္ NISSAN အမ်ိဳးအစား ၂၂ ဘီးယာဥ္ေပၚ ၌ တရားမဝင္ ဝင္ေရာက္လာ သူ တ႐ုတ္နိုင္ငံသား အမ်ိဳးသား ၃ ဦးဖမ္းမိမႈ၊ အဆိုပါ ေန႔မွာပင္ SCANIA အမ်ိဳးအစား ၂၂ ဘီး ယာဥ္ေပၚ၌ တ႐ုတ္ နိုင္ငံသား အမ်ိဳးသား ၆ ဦးဖမ္းမိမႈ၊ ဇူလိုင္ – ၃၁ရက္ေန႔ ကလည္း ျပင္ဦးလြင္ၿမိဳ႕နယ္၊ ျပင္ဦးလြင္- မႏၲေလး အဆင္းကားလမ္း မိုင္တိုင္(၁၉)အနီးအျဖဴေရာင္ ေမာ္ေတာ္ယာဥ္တစ္စီးအား ထပ္ခိုး ျပဳလုပ္ၿပီး မိုးကာအစိမ္းအုပ္ကာ ထိုထဲ တ႐ုတ္နိုင္ငံ သား ၆ဦးဖမ္းမိမႈ တို႔ျဖစ္ခဲ့ပါ ေသးတယ္။

လက္ရွိတြင္ ၎တို႔ကို တရားဥပေဒ အရ ေဆာင္ရြက္နိုင္ ေရးလုပ္ေဆာင္ ေနတယ္လို႔ သိရပါတယ္။ ၎တို႔အျပင္ ဥပေဒမဲ့ အခေၾကးေငြျဖင့္ ေခၚေဆာင္လာသူ ျမန္မာနိုင္ငံသားေတြကိုလည္း အေရးယူနိုင္ရန္ ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။

crd

တရားမဝင် ဝင်ရောက် လာသော တရုတ်နိုင်ငံသား များကို မူဆယ် ၁၀၅ မိုင်တွင် ဖမ်းမိပြန်ပြီ။ ယခု ရက်ပိုင်း အ တွင်း တရား မဝင် ဝင်ရောက် လာ၍ ဖမ်းဆီး ထား သည့် တရုတ် နိုင်ငံသား ၂၈ဦး အထိ ရှိလာ

မြန်မာနိုင်ငံတွင်းသို့ တရားမဝင်ဝင် ရောက်လာသည့် တရုတ် နိုင်ငံသား ၁၀ ဦးကို ယမန် နေ့က မူဆယ် ၁၀၅မိုင်တွင် တာဝန်ရှိသူတို့က ဖမ်းမိခဲ့ပါတယ်။ တာဝန်ရှိ သူများက ၁၀၅ မိုင် ဂိတ်အနီး လားရှိုး၊ မူဆယ်ပြည်‌ထောင်စု ကားလမ်းမကြီးပေါ်၌ ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်စဉ် ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။

၎င်းတို့ကို မူဆ ယ်မြို့မှ ကွတ်ခိုင်မြို့ဘက် သို့ မောင်းနှင်လာသော မော်တာ်ယာဉ် ၂ စီးပေါ်မှ ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။ ယခုရက်ထဲ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာ၍ ဖမ်းဆီးခံထားရသည့် တရုတ်နိုင်ငံသား အရေအတွက်သည် ၂၈ဦးအထိ ရှိလာနေပြီ ဖြစ်ပါတယ်။

ဩဂုတ်၈ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ပေါ် တံတားအနီး၊ မူဆယ်မှ ကွတ်ခိုင်ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ် အသစ်လေးစီးပေါ် တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၃ဦးကို ဖမ်းမိမှု၊သြဂုတ်လ ၄ရက်နေ့က မူဆယ်မြို့နယ်၊ နမ့်ပေါ် စစ်ဆင်ရေးဂိတ် အနီး မူဆယ်မြို့ဘက်မှ ကွတ်ခိုင်မြို့ဘက် သို့ မောင်နှင် လာသည့် NISSAN အမျိုးအစား ၂၂ ဘီးယာဉ်ပေါ် ၌ တရားမဝင် ဝင်ရောက်လာ သူ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးဖမ်းမိမှု၊ အဆိုပါ နေ့မှာပင် SCANIA အမျိုးအစား ၂၂ ဘီး ယာဉ်ပေါ်၌ တရုတ် နိုင်ငံသား အမျိုးသား ၆ ဦးဖမ်းမိမှု၊ ဇူလိုင် – ၃၁ရက်နေ့ ကလည်း ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်- မန္တလေး အဆင်းကားလမ်း မိုင်တိုင်(၁၉)အနီးအဖြူရောင် မော်တော်ယာဉ်တစ်စီးအား ထပ်ခိုး ပြုလုပ်ပြီး မိုးကာအစိမ်းအုပ်ကာ ထိုထဲ တရုတ်နိုင်ငံ သား ၆ဦးဖမ်းမိမှု တို့ဖြစ်ခဲ့ပါ သေးတယ်။

လက်ရှိတွင် ၎င်းတို့ကို တရားဥပဒေ အရ ဆောင်ရွက်နိုင် ရေးလုပ်ဆောင် နေတယ်လို့ သိရပါတယ်။ ၎င်းတို့အပြင် ဥပဒေမဲ့ အခကြေးငွေဖြင့် ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသားတွေကိုလည်း အရေးယူနိုင်ရန် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

crd