







မိခင် ဖြစ် သူကို ဈေးရောင်း စား နေရ တယ် လို့ အပုပ် ချ နေသူ တွေကို ပြန်ဖြဲ လိုက် တဲ့ “ဇေရဲထက်”

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချော ဇေရဲထက် ကတော့ ဗီဒီယို ဇာတ်ကားတွေ ခေတ်ကောင်းစဉ် အခါက် ဇာတ်ကား တွေကို လက်မလည် အောင် ရိုက်ကူး ခဲ့တဲ့ မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။

ဇေရဲထက်က အခုဆိုရင် ဇာတ်ကားတွေ မရိုက်ကူး ဖြစ်တော့တာ (၃)နှစ်နီးပါး ရှိနေပြီဖြစ် ပမယ့် သူ့ရဲ့ ပရိသတ်တွေနဲ့ အဆက် အသွယ် မပြတ်ရှိနေဆဲ ဖြစ်ပါတယ်။

သူ့ရဲ့ တစ်နေ့တာ လှုပ်ရှားမှု တွေကို ဆိုရှယ် မီဒီယာကနေတစ်ဆင့် ပရိတ်သတ်ကို သူ့ရဲ့လုပ်ရှားမှုတွေကို အမြဲတမ်း မျှဝေပေးနေသူ လည်း ဖြစ်ပါတယ်။

သရုပ်ဆောင်တဲ့ နေရာမှာ အောင်မြင် မှုတွေ ဆွတ်ခူးခဲ့တဲ့ မင်းသားချော ကတော့ အစား အသောက် ချက်ပြုတ်တဲ့ နေရာမှာလည်း အရမ်းကို တော်တဲ့သူ ဖြစ်ပါတယ်။

အမြဲမပြတ် ဟင်းလက် ရာကောင်း များကို ချက်ပြုတ်ပြီး ပရိတ်သတ်ထံကို မျှဝေတတ်တဲ့သူပါ လက်ရှိမှာတော့ မိခင်ဖြစ်သူ နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။

ဝါသနာအရ ဈေးရောင်း နေတဲ့ မိခင်ဖြစ်သူအပေါ် မနာလိုသူများက အတင်းအဖျင်း များရေးသား တိုက်ခိုက် ကြတဲ့ အတွက် ဇေရဲထက် ကတော့ သူ့ရဲ့ ဖေ့ဘုတ် ကနေ တစ်ဆင့် အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။

ငါ့အမေ ဈေးရောင်း နေတာ ငတ်လို့ မဟုတ်ဘူး သူ့ဝါသနာအရ ရောင်းနေတာ ငါ့အမေရဲ့ ပိုင်ဆိုင်မူ့က တသက်စား မကုန်ဘူး ရှင်းတယ်နော် ငါပိုင်ဆိုင်တဲ့ အရာ အားလုံးက အမေ့နာမည် တွေချည်းပဲ ” ဆိုကာ မနာလိုသူတွေ သိရှိစေဖို့ ပြောပြခဲ့ပါတယ်။