ကိုဗစ္ ကာလ အထက္ တန္း ေက်ာင္း (၃,၀၀၀) နီး ပါး ျပန္ မဖြင့္ နိုင္ ေသး

ကိုဗစ္ကာလမွာ တလ ေလာက္ေနာက္က်ၿပီး ေက်ာင္းေတြ ကို ျပန္ဖြင့္ေပး လိုက္ေပမဲ့ မဖြင့္နိုင္ေသးဘဲ က်န္ ေနတဲ့ ေက်ာင္းေတြ ရာနဲ႔ခ်ီ ရွိေနေၾကာင္း သိရွိရသည္။ အေျခခံပညာ အထက္တန္း ေက်ာင္းေတြကို ပုံမွန္ေက်ာင္းဖြင့္ခ်ိန္ျဖစ္တဲ့ ဇြန္လမွာ ျပန္မဖြင့္နိုင္ခဲ့ဘဲ ဇူလိုင္လ တတိယပတ္မွာမွ ျပန္ဖြင့္ခဲ့ေပမဲ့ က်န္းမာေရး သတ္မွတ္ခ်က္ေတြနဲ႔ မကိုက္ညီတာေၾကာင့္ မဖြင့္နိုင္ေသးဘဲ ျဖစ္ေနတဲ့ ေက်ာင္းေတြလည္း အမ်ားအျပား က်န္ေနပါတယ္။

ျမန္မာ တစ္နိုင္ငံလုံးမွာ အေျခခံပညာ အထက္တန္း ေက်ာင္း စုစုေပါင္း ၇,၀၀၀ ေက်ာ္ရွိတဲ့ထဲက ကိုဗစ္ကာလ က်န္းမာေရး သတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီတဲ့ ေက်ာင္းေပါင္း ၄,၀၀၀ ေက်ာ္ကိုသာ ျပန္ဖြင့္ခဲ့ၿပီး က်န္တဲ့ေက်ာင္းေတြကေတာ့ တစ္လေလာက္ၾကာတဲ့အထိ မဖြင့္နိုင္ေသးပဲ ျဖစ္ေနရတယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယ ညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။

“ေက်ာင္းေတြက ဒီသင္ ရိုးညႊန္းတန္းကို သင္ၾကား သင္ယူရတဲ့ ကိစၥေတြကို လုပ္ရတဲ့ အတြက္ေၾကာင့္ မို႔လို႔ တေျပးညီ ဖြင့္နိုင္ရင္ေတာ့ ပိုေကာင္းတာေပါ့။ ခုပဲ မဖြင့္နိုင္တဲ့ အတြက္ေၾကာင့္မို႔ ေက်ာင္းေပါင္း ၂,၀၀၀ ေက်ာ္က မဖြင့္ နိုင္ေသးေတာ့ ၃,၀၀၀ နီးပါးေပါ့ေလ မဖြင့္နိုင္ေသးတဲ့အခါ က်ေတာ့ အဲ့ဒီေက်ာင္းေတြ အတြက္ အ ရမ္းနစ္နာေနၿပီ လို႔ ဆရာ တို႔က ယူဆတာေပါ့ေလ။ အဲ့ဒါေၾကာင့္မို႔ ဆရာတို႔တင္ျပျခင္တာက ဆရာတို႔ကလည္းလုပ္ေပးတယ္။ အတတ္နိုင္ဆုံးပူးေပါင္းေဆာင္ရြက္တယ္။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဒီလုပ္ငန္းေတြအေပၚမွာ သူတို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဆရာဝန္ေတြပဲ ေခါင္းေဆာင္ၿပီး စစ္တဲ့ဟာကို ေသေသခ်ာခ်ာ ေလး ဒါကို ယုံၾကည္မႈရွိဖို႔ကေတာ့ လိုအပ္ပါတယ္။ အဲ့လို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ၿမိဳ႕နယ္ ဆရာဝန္ေတြက ေခါင္းေဆာင္ၿပီးစစ္တဲ့ဟာကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မယုံၾကည္ဘူးဆို ဘယ္သူ႔သြား ယုံၾကည္မွာလဲ”

က်န္းမာေရး အဆင့္ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီေပမဲ့ ျပန္မဖြင့္နိုင္ ေသးတဲ့ ေက်ာင္းေတြ လည္းရွိေနၿပီး အမ်ားစု ကေတာ့ ကယားျပည္နယ္နဲ႔ ဧရာဝတီတိုင္းမွာ ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္မွာေတာ့ ပဋိပကၡေတြေၾကာင့္ လုံျခဳံ ေရးစိတ္မခ်ရတဲ့ ‌ေဒသေတြက ေက်ာင္း ၁၁ ေက်ာင္းေလာက္ ကို က်န္းမာေရး သတ္မွတ္ခ်က္ စစ္ေဆးဖို႔ က်န္ေန‌ေသး တယ္လို႔ ရခိုင္ျပည္နယ္ ပညာေရးမႉး ဦးတင္သိန္းက ေျပာပါတယ္။ “ေက်ာင္းကေတာ့ ခုတက္ေနတဲ့ ေက်ာင္းေတြကေတာ့ ပုံမွန္ပဲ၊ တခ်ိဳ႕ေက်ာင္းေတြကေတာ့ စစ္ေဆးဖို႔ မသြားနိုင္တဲ့ ေနရာေတြရွိတယ္။ ေဒသအေျခအေနအရ သြားမစစ္နိုင္ဘူးေပါ့။ အဖြဲ႕ေပါင္းစုံစစ္ရမွာဆိုေတာ့ တစ္ခ်ိဳ႕အဖြဲ႕ေတြက မသြားနိုင္ေသးဘူးေပါ့။ မစစ္ရေသးတဲ့ ေက်ာင္းေတြလည္း တခ်ိဳ႕ရွိတယ္။ စစ္ၿပီးမွ အဆင့္မမွီတဲ့ ေက်ာင္းေတြလည္း က်န္ေနေသးတယ္။”

ကပ္ေရာဂါကာလ ပိတ္ထား ခဲ့ၿပီးေနာက္ ျပန္ဖြင့္ခြင့္ေပးလိုက္တဲ့ အထဲမွာေတာ့ ပုဂၢလိက ကိုယ္ပိုင္ေက်ာင္း ေတြလည္း ပါပါတယ္။ ကိုယ္ပိုင္ေက်ာင္း ၁,၀၀၀ ေက်ာ္မွာ တဝက္ ေလာက္ျပန္ဖြင့္ခြင့္ ေပးထားတယ္ လို႔လည္း ေဒါက္တာတင္ေမာင္ဝင္းက ခုလိုေျပာပါတယ္။ “ကိုယ္ပိုင္ေက်ာင္းေတြကလည္း ၅၀၀၊ ၆၀၀ ေလာက္ေတာ့ ဖြင့္နိုင္ၿပီလို႔ ဆရာတို႔ စာရင္းအရေတာ့ ေတြ႕ရတယ္ ေပါ့ေႏွာ္။ စုစုေပါင္းက ၁,၀၀၁ ေက်ာင္း ရွိတယ္။ စာရင္းအရေတာ့ တစ္ဝက္ေလာက္ျပန္ဖြင့္နိုင္ ၿပီေပါ့။ တကယ္တမ္းက် အျပင္မွာက အကုန္ျပန္ဖြင့္ေနတာ ေတြ႕ရတယ္။”

အထက္တန္း ေက်ာင္းေတြ အားလုံး ျပန္ဖြင့္ၿပီး ၁ လအၾကာမွာမွ အလယ္တန္း ေက်ာင္းေတြ ျပန္ဖြင့္နိုင္ဖို႔ စဥ္း စားမယ္ လို႔ COVID-19 ကာကြယ္ထိန္းခ်ဴပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ေျပာထားေပမဲ့ ရာနဲ႔ခ်ီတဲ့ေက်ာင္းေတြ မဖြင့္နိုင္ေသးပဲ ျဖစ္ေနရတာပါ။ ေသဆုံးသူ ၆ ဦး အပါအဝင္ ေရာဂါပိုးကူးစက္သူ ၃၆၀ ကို အတည္ျပဳထားတဲ့ ျမန္မာနိုင္ငံမွာ ေက်ာင္းေတြျပန္ဖြင့္ခဲ့တဲ့အေပၚ စိုးရိမ္မႈေတြလည္း ထြက္ေပၚခဲ့ ပါတယ္။ ဒါေပမဲ့လည္း ပညာေရးဌာန တာဝန္ရွိသူေတြကေတာ့ က်န္းမာေရး ဝန္ႀကီးဌာနရဲ့ လမ္းညႊန္ခ်က္ေတြ အတိုင္းအတိအက် ျပင္ဆင္ထားတာေၾကာင့္ မိဘေတြအေနနဲ႔ စိုးရိမ္မေနဘဲ ကူးစက္ေရာဂါက ကာကြယ္နိုင္ဖို႔ကို ပူးေပါင္းေဆာင္ရြက္ၾကဖို႔ တိုက္တြန္းထားေၾကာင္း သိရွိရသည္။

ဗြီအိုေအ

ကိုဗစ် ကာလ အထက် တန်း ကျောင်း (၃,၀၀၀) နီး ပါး ပြန် မဖွင့် နိုင် သေး

ကိုဗစ်ကာလမှာ တလ လောက်နောက်ကျပြီး ကျောင်းတွေ ကို ပြန်ဖွင့်ပေး လိုက်ပေမဲ့ မဖွင့်နိုင်သေးဘဲ ကျန် နေတဲ့ ကျောင်းတွေ ရာနဲ့ချီ ရှိနေကြောင်း သိရှိရသည်။ အခြေခံပညာ အထက်တန်း ကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်ဖြစ်တဲ့ ဇွန်လမှာ ပြန်မဖွင့်နိုင်ခဲ့ဘဲ ဇူလိုင်လ တတိယပတ်မှာမှ ပြန်ဖွင့်ခဲ့ပေမဲ့ ကျန်းမာရေး သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် မဖွင့်နိုင်သေးဘဲ ဖြစ်နေတဲ့ ကျောင်းတွေလည်း အများအပြား ကျန်နေပါတယ်။

မြန်မာ တစ်နိုင်ငံလုံးမှာ အခြေခံပညာ အထက်တန်း ကျောင်း စုစုပေါင်း ၇,၀၀၀ ကျော်ရှိတဲ့ထဲက ကိုဗစ်ကာလ ကျန်းမာရေး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကျောင်းပေါင်း ၄,၀၀၀ ကျော်ကိုသာ ပြန်ဖွင့်ခဲ့ပြီး ကျန်တဲ့ကျောင်းတွေကတော့ တစ်လလောက်ကြာတဲ့အထိ မဖွင့်နိုင်သေးပဲ ဖြစ်နေရတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

“ကျောင်းတွေက ဒီသင် ရိုးညွှန်းတန်းကို သင်ကြား သင်ယူရတဲ့ ကိစ္စတွေကို လုပ်ရတဲ့ အတွက်ကြောင့် မို့လို့ တပြေးညီ ဖွင့်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ ခုပဲ မဖွင့်နိုင်တဲ့ အတွက်ကြောင့်မို့ ကျောင်းပေါင်း ၂,၀၀၀ ကျော်က မဖွင့် နိုင်သေးတော့ ၃,၀၀၀ နီးပါးပေါ့လေ မဖွင့်နိုင်သေးတဲ့အခါ ကျတော့ အဲ့ဒီကျောင်းတွေ အတွက် အ ရမ်းနစ်နာနေပြီ လို့ ဆရာ တို့က ယူဆတာပေါ့လေ။ အဲ့ဒါကြောင့်မို့ ဆရာတို့တင်ပြခြင်တာက ဆရာတို့ကလည်းလုပ်ပေးတယ်။ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်တယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီလုပ်ငန်းတွေအပေါ်မှာ သူတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆရာဝန်တွေပဲ ခေါင်းဆောင်ပြီး စစ်တဲ့ဟာကို သေသေချာချာ လေး ဒါကို ယုံကြည်မှုရှိဖို့ကတော့ လိုအပ်ပါတယ်။ အဲ့လို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မြို့နယ် ဆရာဝန်တွေက ခေါင်းဆောင်ပြီးစစ်တဲ့ဟာကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မယုံကြည်ဘူးဆို ဘယ်သူ့သွား ယုံကြည်မှာလဲ”

ကျန်းမာရေး အဆင့် သတ်မှတ်ချက်နဲ့ ကိုက်ညီပေမဲ့ ပြန်မဖွင့်နိုင် သေးတဲ့ ကျောင်းတွေ လည်းရှိနေပြီး အများစု ကတော့ ကယားပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ပဋိပက္ခတွေကြောင့် လုံခြုံ ရေးစိတ်မချရတဲ့ ‌ဒေသတွေက ကျောင်း ၁၁ ကျောင်းလောက် ကို ကျန်းမာရေး သတ်မှတ်ချက် စစ်ဆေးဖို့ ကျန်နေ‌သေး တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောပါတယ်။ “ကျောင်းကတော့ ခုတက်နေတဲ့ ကျောင်းတွေကတော့ ပုံမှန်ပဲ၊ တချို့ကျောင်းတွေကတော့ စစ်ဆေးဖို့ မသွားနိုင်တဲ့ နေရာတွေရှိတယ်။ ဒေသအခြေအနေအရ သွားမစစ်နိုင်ဘူးပေါ့။ အဖွဲ့ပေါင်းစုံစစ်ရမှာဆိုတော့ တစ်ချို့အဖွဲ့တွေက မသွားနိုင်သေးဘူးပေါ့။ မစစ်ရသေးတဲ့ ကျောင်းတွေလည်း တချို့ရှိတယ်။ စစ်ပြီးမှ အဆင့်မမှီတဲ့ ကျောင်းတွေလည်း ကျန်နေသေးတယ်။”

ကပ်ရောဂါကာလ ပိတ်ထား ခဲ့ပြီးနောက် ပြန်ဖွင့်ခွင့်ပေးလိုက်တဲ့ အထဲမှာတော့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တွေလည်း ပါပါတယ်။ ကိုယ်ပိုင်ကျောင်း ၁,၀၀၀ ကျော်မှာ တဝက် လောက်ပြန်ဖွင့်ခွင့် ပေးထားတယ် လို့လည်း ဒေါက်တာတင်မောင်ဝင်းက ခုလိုပြောပါတယ်။ “ကိုယ်ပိုင်ကျောင်းတွေကလည်း ၅၀၀၊ ၆၀၀ လောက်တော့ ဖွင့်နိုင်ပြီလို့ ဆရာတို့ စာရင်းအရတော့ တွေ့ရတယ် ပေါ့နှော်။ စုစုပေါင်းက ၁,၀၀၁ ကျောင်း ရှိတယ်။ စာရင်းအရတော့ တစ်ဝက်လောက်ပြန်ဖွင့်နိုင် ပြီပေါ့။ တကယ်တမ်းကျ အပြင်မှာက အကုန်ပြန်ဖွင့်နေတာ တွေ့ရတယ်။”

အထက်တန်း ကျောင်းတွေ အားလုံး ပြန်ဖွင့်ပြီး ၁ လအကြာမှာမှ အလယ်တန်း ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ စဉ်း စားမယ် လို့ COVID-19 ကာကွယ်ထိန်းချူပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ပြောထားပေမဲ့ ရာနဲ့ချီတဲ့ကျောင်းတွေ မဖွင့်နိုင်သေးပဲ ဖြစ်နေရတာပါ။ သေဆုံးသူ ၆ ဦး အပါအဝင် ရောဂါပိုးကူးစက်သူ ၃၆၀ ကို အတည်ပြုထားတဲ့ မြန်မာနိုင်ငံမှာ ကျောင်းတွေပြန်ဖွင့်ခဲ့တဲ့အပေါ် စိုးရိမ်မှုတွေလည်း ထွက်ပေါ်ခဲ့ ပါတယ်။ ဒါပေမဲ့လည်း ပညာရေးဌာန တာဝန်ရှိသူတွေကတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ အတိုင်းအတိအကျ ပြင်ဆင်ထားတာကြောင့် မိဘတွေအနေနဲ့ စိုးရိမ်မနေဘဲ ကူးစက်ရောဂါက ကာကွယ်နိုင်ဖို့ကို ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားကြောင်း သိရှိရသည်။

ဗွီအိုအေ