ဝမ္းနည္းၿပီး ငို ေနတဲ့ အိုက္တင္ ကို ေလ့က်င့္ ျပခဲ့တဲ့ ခိုင္ႏွင္းေဝ ရဲ႕သမီး ေလး ႐ႊန္း႐ႊန္း

မ်က္လုံး ဝိုင္းဝိုင္း၊ ဝဝကစ္ကစ္ ေလးနဲ႔ ခိုင္ႏွင္းေဝ ရဲ႕ခ်စ္စရာ သမီးေလး႐ႊန္း႐ႊန္း ကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ၾကမွာပါေနာ္။ အ႐ြယ္နဲ႔ မလိုက္ေအာင္ သြက္လြန္းတဲ့အျပင္ ခ်စ္ဖို႔ေကာင္းတဲ့ အမူအရာေလးေတြေၾကာင့္ ႐ႊန္း႐ႊန္း ကေတာ့ ပရိသတ္ေတြ မ်ားစြာရဲ႕ ခ်စ္ျခင္းေမတၱာကို ရရွိထားတာပါ။

ငယ္ေသးေပမယ့္ အႏုပညာကို ဝါသနာပါတဲ့ သမီးေလးျဖစ္ၿပီး မၾကာေသးခင္ ကလည္း ေနတိုးနဲ႔ ႐ုပ္ရွင္တြဲ႐ိုက္မယ္ ဆိုၿပီး ျပင္ဆင္ေနတဲ့ ပုံေလးတခ်ိဳ႕ကို ေမေမခိုင္ႏွင္းေဝ က ခ်စ္စႏိုးနဲ႔ မွ်ေဝခဲ့ပါေသးတယ္။ ဒီေန႔မွာေတာ့ မင္းသမီးလုပ္ဖို႔ အိုက္တင္ ေလ့က်င့္ေနတဲ့ ႐ႊန္း႐ႊန္း တစ္ေယာက္ ငိုေနတဲ့ အိုက္တင္ ေလ့က်င့္ေနေၾကာင္းကို ခိုင္ႏွင္းေဝက ဗြီဒီယိုေလး႐ိုက္ကူး ကာ မွ်ေဝခဲ့ပါတယ္။

ကေလးေလးေပမယ့္ ငိုေနတာကို ပီျပင္ေအာင္ ရႈိက္ၿပီးအငို ေလ့က်င့္ေနတဲ့ ႐ႊန္း႐ႊန္းရဲ႕ ဗြီဒီယိုေလး ကေတာ့ ပရိသတ္ေတြကို သေဘာက်ေစမွာ အမွန္ပါ။ ငယ္ငယ္ေလး ကတည္းက အႏုပညာကို ဝါသနာပါတဲ့ သမီးေလး႐ႊန္း႐ႊန္း ေမေမ့လိုပဲ ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ေယာက္ ျဖစ္ပါေစလို႔ ဆုေတာင္းရင္း ဗြီဒီယိုေလးကို ပရိသတ္ႀကီး အတြက္ ျပန္လည္ မွ်ေဝေပး လိုက္ပါတယ္။

ဝမ်းနည်းပြီး ငို နေတဲ့ အိုက်တင် ကို လေ့ကျင့် ပြခဲ့တဲ့ ခိုင်နှင်းဝေ ရဲ့သမီး လေး ရွှန်းရွှန်း

မျက်လုံး ဝိုင်းဝိုင်း၊ ဝဝကစ်ကစ် လေးနဲ့ ခိုင်နှင်းဝေ ရဲ့ချစ်စရာ သမီးလေးရွှန်းရွှန်း ကိုတော့ ပရိသတ်ကြီးလည်း ချစ်ကြမှာပါနော်။ အရွယ်နဲ့ မလိုက်အောင် သွက်လွန်းတဲ့အပြင် ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေကြောင့် ရွှန်းရွှန်း ကတော့ ပရိသတ်တွေ များစွာရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားတာပါ။

ငယ်သေးပေမယ့် အနုပညာကို ဝါသနာပါတဲ့ သမီးလေးဖြစ်ပြီး မကြာသေးခင် ကလည်း နေတိုးနဲ့ ရုပ်ရှင်တွဲရိုက်မယ် ဆိုပြီး ပြင်ဆင်နေတဲ့ ပုံလေးတချို့ကို မေမေခိုင်နှင်းဝေ က ချစ်စနိုးနဲ့ မျှဝေခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ မင်းသမီးလုပ်ဖို့ အိုက်တင် လေ့ကျင့်နေတဲ့ ရွှန်းရွှန်း တစ်ယောက် ငိုနေတဲ့ အိုက်တင် လေ့ကျင့်နေကြောင်းကို ခိုင်နှင်းဝေက ဗွီဒီယိုလေးရိုက်ကူး ကာ မျှဝေခဲ့ပါတယ်။

ကလေးလေးပေမယ့် ငိုနေတာကို ပီပြင်အောင် ရှိုက်ပြီးအငို လေ့ကျင့်နေတဲ့ ရွှန်းရွှန်းရဲ့ ဗွီဒီယိုလေး ကတော့ ပရိသတ်တွေကို သဘောကျစေမှာ အမှန်ပါ။ ငယ်ငယ်လေး ကတည်းက အနုပညာကို ဝါသနာပါတဲ့ သမီးလေးရွှန်းရွှန်း မေမေ့လိုပဲ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းရင်း ဗွီဒီယိုလေးကို ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေပေး လိုက်ပါတယ်။