ကမၻာ့ ပထမဆုံး ကိုဗစ္ကာကြယ္ေ ဆး ႐ုရွားထုတ္ နိုင္ၿပီ။ (၁၀၀% အာမခံသည္ ဟု ပူတင္ေျပာ

ေမာ္စကို မွ Gamelei စင္တာတြင္ ကမၻာ့ပထမဆုံးကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဗုဒၶဟူးေန႔တြင္မွတ္ပုံ တင္မည္ဟု ႐ုရွားဒုတိယက်န္းမာေရးဝန္ႀကီး Oleg Gridnev က ၿပီးခဲ့သည့္တစ္ပတ္ ေသာၾကာေန႔ တြင္ေျပာလိုက္ပါတယ္။

က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ သက္ႀကီးရြယ္အိုမ်ားကို ကာကြယ္ေဆးဦးစားေပးသြားမယ္လို႔ သိရပါတယ္။ နိုင္ငံတဝန္းလုံးတြင္ ကာကြယ္ေဆးအေျမာက္အျမား ထုတ္လုပ္မည့္အစီအစဥ္ကို ေအာက္တိုဘာတြင္စတင္ရန္ စီစဥ္ထားၿပီး ကုန္က်စရိတ္အားလုံးကို အစိုးရက စိုက္ထုတ္သြားမည္ဟု ဌာနမွဒုဝန္ႀကီးျဖစ္သူ Mikhail Murashko ကေျပာပါတယ္။

ေမာ္စကိုမွ Sechenov တကၠသိုလ္တြင္ ဇြန္ ၁၈ ရက္က လူသားတြင္စမ္းသပ္ကုသမႈစတင္ခဲ့ၿပီး စမ္းသပ္ခံသူ ၃၈ ေယာက္ပါဝင္ခဲ့ပါတယ္။ ေဘးကင္းလုံျခဳံေရးလုပ္ငန္းစဥ္ အဆင့္ဆင့္ကို ေအာင္ျမင္ၿပီး ပါဝင္ခဲ့သူအားလုံး ကူးစက္မႈခံနိုင္ရည္ရွိ ေၾကာင္းေတြ႕ရွိခဲ့ ပါတယ္။

သုေတသနႏွင့္ ထုတ္ေဖာ္ပုံတစ္ခုကို ႐ုရွားနိုင္ငံက အတည္ျပဳနိုင္သည့္ႏႈန္းအေပၚအေနာက္နိုင္ငံမ်ားက အံ့ဩခဲ့ၾကေသာ္လည္း Sechenov မွထိပ္တန္းသိပၸံပညာရွင္ Vadim Tarasov က ၿပီးခဲ့သည့္ႏွစ္ ၂၀ လုံးလုံး ေဆးသုေတသနနယ္ပယ္တြင္အသုံးခ်ထားၿပီး ဗိုင္းရပ္စ္မ်ားမည္သို႔ကူးစက္ေၾကာင္းေလ့လာထားသျဖင့္ ႐ုရွားနိုင္ငံက တာႀကိဳထြက္နိုင္ခဲ့ေၾကာင္းေျပာပါတယ္။

႐ုရွားနိုင္ငံတြင္ ကူးစက္ခံရသူ ၈၉၇၅၉၉ ေယာက္ရွိေနၿပီး ကမၻာ့ကူးစက္မႈအမ်ားဆုံးနိုင္ငံ ၁၀ နိုင္ငံတြင္ အေမရိကန္၊ ဘရာဇီးႏွင့္ အိႏၵိယၿပီးပါက စတုတၳေနရာတြင္ရွိေနၿပီး ေသဆုံးသူ ၁၅၁၃၁ ေယာက္ရွိသျဖင့္ ေသဆုံးသူအမ်ားဆုံးနိုင္ငံစာရင္းတြင္ အဆင့္ ၁၁ ၌ရပ္တည္ေနတာ ျဖစ္ပါတယ္။

ကမ္ဘာ့ ပထမဆုံး ကိုဗစ်ကာကွယ်ေ ဆး ရုရှားထုတ် နိုင်ပြီ။ (၁၀၀% အာမခံသည် ဟု ပူတင်ပြော

မော်စကို မှ Gamelei စင်တာတွင် ကမ္ဘာ့ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဗုဒ္ဓဟူးနေ့တွင်မှတ်ပုံ တင်မည်ဟု ရုရှားဒုတိယကျန်းမာရေးဝန်ကြီး Oleg Gridnev က ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့ တွင်ပြောလိုက်ပါတယ်။

ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးဦးစားပေးသွားမယ်လို့ သိရပါတယ်။ နိုင်ငံတဝန်းလုံးတွင် ကာကွယ်ဆေးအမြောက်အမြား ထုတ်လုပ်မည့်အစီအစဉ်ကို အောက်တိုဘာတွင်စတင်ရန် စီစဉ်ထားပြီး ကုန်ကျစရိတ်အားလုံးကို အစိုးရက စိုက်ထုတ်သွားမည်ဟု ဌာနမှဒုဝန်ကြီးဖြစ်သူ Mikhail Murashko ကပြောပါတယ်။

မော်စကိုမှ Sechenov တက္ကသိုလ်တွင် ဇွန် ၁၈ ရက်က လူသားတွင်စမ်းသပ်ကုသမှုစတင်ခဲ့ပြီး စမ်းသပ်ခံသူ ၃၈ ယောက်ပါဝင်ခဲ့ပါတယ်။ ဘေးကင်းလုံခြုံရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို အောင်မြင်ပြီး ပါဝင်ခဲ့သူအားလုံး ကူးစက်မှုခံနိုင်ရည်ရှိ ကြောင်းတွေ့ရှိခဲ့ ပါတယ်။

သုတေသနနှင့် ထုတ်ဖော်ပုံတစ်ခုကို ရုရှားနိုင်ငံက အတည်ပြုနိုင်သည့်နှုန်းအပေါ်အနောက်နိုင်ငံများက အံ့ဩခဲ့ကြသော်လည်း Sechenov မှထိပ်တန်းသိပ္ပံပညာရှင် Vadim Tarasov က ပြီးခဲ့သည့်နှစ် ၂၀ လုံးလုံး ဆေးသုတေသနနယ်ပယ်တွင်အသုံးချထားပြီး ဗိုင်းရပ်စ်များမည်သို့ကူးစက်ကြောင်းလေ့လာထားသဖြင့် ရုရှားနိုင်ငံက တာကြိုထွက်နိုင်ခဲ့ကြောင်းပြောပါတယ်။

ရုရှားနိုင်ငံတွင် ကူးစက်ခံရသူ ၈၉၇၅၉၉ ယောက်ရှိနေပြီး ကမ္ဘာ့ကူးစက်မှုအများဆုံးနိုင်ငံ ၁၀ နိုင်ငံတွင် အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယပြီးပါက စတုတ္ထနေရာတွင်ရှိနေပြီး သေဆုံးသူ ၁၅၁၃၁ ယောက်ရှိသဖြင့် သေဆုံးသူအများဆုံးနိုင်ငံစာရင်းတွင် အဆင့် ၁၁ ၌ရပ်တည်နေတာ ဖြစ်ပါတယ်။