တကၠသိုလ္ တက္ရန္ အခက္ အခဲ ရွိေနသည့္ ဝါး တစ္ရာ ေက်း႐ြာမွ ၄ ဘာသာ ဂုဏ္ထူး ရွင္ သမီးငယ္ ေလး

ေ႐ႊျပည္သာ ၿမိဳ႕နယ္၊ ဝါးတစ္ရာ ေက်း႐ြာရွိ မမိုးမိုး သည္ ဩဂုတ္ ၉ ရက္ေန႕တြင္ ထြက္ရွိ ခဲ့သည့္ ၂၀၁၉ / ၂၀၂၀ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲတြင္ ေလး ဘာသာ ဂုဏ္ထူးျဖင့္ ေအာင္ျမင္ခဲ့သူ ျဖစ္သည္။

သူသည္ မိသားစု စားဝတ္ ေနေရး အေျခအေနေၾကာင့္ အေထာက္ အပံ့ မရရွိသည့္ အတြက္ ေန႕ဘက္တြင္ စက္ပန္းထိုးသည့္ အလုပ္အား ေန႕စားျဖင့္ လုပ္ကိုင္ကာ ညဘက္ တြင္ ေက်ာင္းစာ လုပ္ရင္း က်ဴရွင္ကို ပညာဒါန သင္ေပးသည့္ဆီမွာ တက္ေရာက္ခဲ့ၿပီး တကၠသိုလ္ ဝင္တန္း စားေမးပြဲကို ေျဖဆိုခဲ့ျခင္း ျဖစ္သည္။

မမိုးမိုးသည္ တကၠသိုလ္ တက္ခ်င္ ေၾကာင္း၊ အမွတ္မွီ ပါက B.Ed တက္ခ်င္ေၾကာင္းႏွင့္ တစ္ဖက္တြင္လည္း သူမ၏ မိသားစု က တကၠသိုလ္ တက္ေရာက္လွ်င္ ကုန္က်မည့္ စရိတ္အား မေထာက္ပံ့ ေပးနိုင္သည့္ အတြက္ တကၠသိုလ္ တက္ေရာက္ခြင့္ မရမည္ကို ပူပင္ ေသာက ေရာက္ေနက်ရ ပါသည္။

မမိုးမိုး၏ ဖခင္မွာ ငယ္စဥ္ကတည္းက ဆုံးပါးသြားခဲ့သည့္ အတြက္ မိခင္ျဖစ္သူႏွင့္ အတူေနထိုင္ၿပီး ေမြးခ်င္း ၈ ေယာက္ရွိကာ မိသားစုထဲတြင္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္သူမွာ မမိုးမိုး တစ္ေယာက္သာ ရွိသည္ဟု သိရပါသည္။

ယခု တကၠသိုလ္ ဝင္တန္း စာေမးပြဲအား ဒုတိယေျမာက္ ၿပန္လည္ေျဖဆိုခဲ့ျခင္း ၿဖစ္ကာ သခၤ်ာ၊ ဓာတုေဗဒ၊ ႐ူပေဗဒႏွင့္ ေဘာဂေဗဒဘာသာရပ္တို႔တြင္ ဂုဏ္ထူးျဖင့္ ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါသည္။ Source ; Mizzima

တက္ကသိုလ် တက်ရန် အခက် အခဲ ရှိနေသည့် ဝါး တစ်ရာ ကျေးရွာမှ ၄ ဘာသာ ဂုဏ်ထူး ရှင် သမီးငယ် လေး

ရွှေပြည်သာ မြို့နယ်၊ ဝါးတစ်ရာ ကျေးရွာရှိ မမိုးမိုး သည် ဩဂုတ် ၉ ရက်နေ့တွင် ထွက်ရှိ ခဲ့သည့် ၂၀၁၉ / ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် လေး ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ဖြစ်သည်။

သူသည် မိသားစု စားဝတ် နေရေး အခြေအနေကြောင့် အထောက် အပံ့ မရရှိသည့် အတွက် နေ့ဘက်တွင် စက်ပန်းထိုးသည့် အလုပ်အား နေ့စားဖြင့် လုပ်ကိုင်ကာ ညဘက် တွင် ကျောင်းစာ လုပ်ရင်း ကျူရှင်ကို ပညာဒါန သင်ပေးသည့်ဆီမှာ တက်ရောက်ခဲ့ပြီး တက္ကသိုလ် ဝင်တန်း စားမေးပွဲကို ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

မမိုးမိုးသည် တက္ကသိုလ် တက်ချင် ကြောင်း၊ အမှတ်မှီ ပါက B.Ed တက်ချင်ကြောင်းနှင့် တစ်ဖက်တွင်လည်း သူမ၏ မိသားစု က တက္ကသိုလ် တက်ရောက်လျှင် ကုန်ကျမည့် စရိတ်အား မထောက်ပံ့ ပေးနိုင်သည့် အတွက် တက္ကသိုလ် တက်ရောက်ခွင့် မရမည်ကို ပူပင် သောက ရောက်နေကျရ ပါသည်။

မမိုးမိုး၏ ဖခင်မှာ ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့သည့် အတွက် မိခင်ဖြစ်သူနှင့် အတူနေထိုင်ပြီး မွေးချင်း ၈ ယောက်ရှိကာ မိသားစုထဲတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူမှာ မမိုးမိုး တစ်ယောက်သာ ရှိသည်ဟု သိရပါသည်။

ယခု တက္ကသိုလ် ဝင်တန်း စာမေးပွဲအား ဒုတိယမြောက် ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်ကာ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တာပဲ ဖြစ်ပါသည်။ Source ; Mizzima