သူမ နာမည္ နဲ႔ လိမ္ၿပီး ပိုက္ဆံ ေတြ လႊဲခိုင္း ေနတဲ့ လူ လိမ္ ကို သတိ ေပး လိုက္ တဲ့ ေမကဗ်ာ

အႏုပညာ အလုပ္ေတြ အျပင္ ကိုယ္ပိုင္လုပ္ငန္း အျဖစ္နဲ႔ ခ်ိတ္မ်ိဳးစုံ ကို အြန္လိုင္း ေရွာ့လုပ္ ေနတဲ့ ေမကဗ်ာရဲ့ စီးပြားေရးေလးဟာလည္း အေတာ္အသင့္ ေအာင္ျမင္မႈ ေတြနဲ႔ ရပ္တည္ေနခဲ့ပါတယ္။ ခ်စ္ခင္ အားေပးၾကတဲ့ ပရိသတ္ေတြေၾကာင့္လည္း ကဗ်ာ တစ္ေယာက္ ေဈးေရာင္းရတာ အျမဲတမ္းျပဳံးရႊင္ေနၿပီး သူမကိုယ္တိုင္လည္း ျမန္မာအကၤ်ီလွလွေလးေတြ ခ်ဳပ္ ဝတ္တတ္ပါ ေသးတယ္။

ဒီအေၾကာင္း အရာေလးကို ” ဒီေန႔မနက္ Maykabyar page ကဆိုပီးေငြေတြလိမ္ေနပါတယ္ သတိထားေပးပါ ကဗ်ာကိုယ္တိုင္ မည္သူ႔ကိုမွ ဖုန္းမဆက္ပါ ဘူးေနာ္ ကဗ်ာ Page က 09958862226 ရယ္ 09441180293 ဖုန္းႏွင့္ သာဆက္သြယ္ ပါတယ္ေနာ္ တျခားဖုန္းႏွ င့္ဆက္ပါက ကဗ်ာတို႔ Page ကမဟုတ္သျဖင့္ တာဝန္မယူပါေနာ္ ဒီနံပါတ္ျဖင့္ လိမ္ေနတာပါ ” ဆိုၿပီး အားလုံးကို ေမကဗ်ာက အသိေပး ေျပာၾကားခဲ့ပါတယ္။

အႏုပညာအလုပ္ အျပင္ သမၼာ အာဇီဝက်တဲ့ လုပ္ငန္း လုပ္ကိုင္ ေနတာေတာင္ မသမာတဲ့ လူလိမ္ေတြဟာ သူမနာမည္ကို အသုံးခ်ၿပီး ဝယ္ယူသူ ေတြဆီ ဖုန္းဆက္ကာ လိမ္လည္ၿပီး ေငြလႊဲခိုင္းတဲ့ျဖစ္စဥ္ ေတြမၾကာခဏဆိုသလိုျဖစ္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ ဒီလူလိမ္ေတြကို ေမကဗ်ာက ” အမတို႔ လိမ္ၿပီး ပိုက္ဆံေတြလႊဲ ခိုင္းေနတာ ရပ္ေပးပါ မဟုတ္ရင္ ရဲတိုင္ရလိမ့္မယ္ ” ဆိုၿပီး SMS ပို႔ကာ သတိေပးခဲ့ ပါတယ္။

credit-cele zone

သူမ နာမည် နဲ့ လိမ်ပြီး ပိုက်ဆံ တွေ လွှဲခိုင်း နေတဲ့ လူ လိမ် ကို သတိ ပေး လိုက် တဲ့ မေကဗျာ

အနုပညာ အလုပ်တွေ အပြင် ကိုယ်ပိုင်လုပ်ငန်း အဖြစ်နဲ့ ချိတ်မျိုးစုံ ကို အွန်လိုင်း ရှော့လုပ် နေတဲ့ မေကဗျာရဲ့ စီးပွားရေးလေးဟာလည်း အတော်အသင့် အောင်မြင်မှု တွေနဲ့ ရပ်တည်နေခဲ့ပါတယ်။ ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေကြောင့်လည်း ကဗျာ တစ်ယောက် ဈေးရောင်းရတာ အမြဲတမ်းပြုံးရွှင်နေပြီး သူမကိုယ်တိုင်လည်း မြန်မာအင်္ကျီလှလှလေးတွေ ချုပ် ဝတ်တတ်ပါ သေးတယ်။

ဒီအကြောင်း အရာလေးကို ” ဒီနေ့မနက် Maykabyar page ကဆိုပီးငွေတွေလိမ်နေပါတယ် သတိထားပေးပါ ကဗျာကိုယ်တိုင် မည်သူ့ကိုမှ ဖုန်းမဆက်ပါ ဘူးနော် ကဗျာ Page က 09958862226 ရယ် 09441180293 ဖုန်းနှင့် သာဆက်သွယ် ပါတယ်နော် တခြားဖုန်းနှ င့်ဆက်ပါက ကဗျာတို့ Page ကမဟုတ်သဖြင့် တာဝန်မယူပါနော် ဒီနံပါတ်ဖြင့် လိမ်နေတာပါ ” ဆိုပြီး အားလုံးကို မေကဗျာက အသိပေး ပြောကြားခဲ့ပါတယ်။

အနုပညာအလုပ် အပြင် သမ္မာ အာဇီဝကျတဲ့ လုပ်ငန်း လုပ်ကိုင် နေတာတောင် မသမာတဲ့ လူလိမ်တွေဟာ သူမနာမည်ကို အသုံးချပြီး ဝယ်ယူသူ တွေဆီ ဖုန်းဆက်ကာ လိမ်လည်ပြီး ငွေလွှဲခိုင်းတဲ့ဖြစ်စဉ် တွေမကြာခဏဆိုသလိုဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒီလူလိမ်တွေကို မေကဗျာက ” အမတို့ လိမ်ပြီး ပိုက်ဆံတွေလွှဲ ခိုင်းနေတာ ရပ်ပေးပါ မဟုတ်ရင် ရဲတိုင်ရလိမ့်မယ် ” ဆိုပြီး SMS ပို့ကာ သတိပေးခဲ့ ပါတယ်။

credit-cele zone