Myanmar Idol ပြိုင်ပွဲဟာ သီဆိုယှဉ်ပြိုင်သူတွေသာမကဘဲ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်အပါအဝင် အရည်အချင်း ပြည့်ဝတဲ့ ဒိုင်တွေကြောင့် စိတ်ဝင်စားစရာကောင်းနေတာပဲ ဖြစ်ပါတယ်။ အဓိက အရေးကြီး ဒိုင်လို့ ပြောရလောက်အောင်ကို ပညာအရည်အချင်းမြင့်မားသူကတော့ ဦးအောင်ကိုလတ်ပဲဖြစ်ပါတယ်။ သူဟာ ဂီတအပြင်၊ သရုပ်ဆောင် အနုပညာ၊ ဒါရိုက်ပိုင်းတွေပါမှာ ထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Myanmar Idol Season 4 ရဲ့ Top 4 အစီအစဉ်မှာ အဓိက ဒိုင်အဖြစ် မတက်ရောက်နိုင်တဲ့အကြောင်းကိုတော့ ဦးအောင်ကိုလတ် လူမှုကွန်ယက်အကောင်ကနေ ယခုလို မျှဝေခဲ့ပါတယ်။ ((((Myanmar Idol Season 4 ရဲ့ ပရိသတ်များခင်ဗျာ…ယနေ့ ရွှေထွတ်တင်ကို လာခါနီးမှာပဲအရေးပေါ် ကျန်းမာရေးအခြေအနေကြောင့်ဆေးရုံတက်ရောက် ကုသမှု ခံယူနေပါတယ်။
ယနေ့ result showကို မတက်ရောက်နိုင်တဲ့အတွက် စိတ်မကောင်းပါဘူး… အားလုံးကိုတောင်းပန်ပါတယ်။Top 5 ပြိုင်ပွဲဝင် ကလေးတွေကိုလည်း
ဆေးရုံပေါ်ကနေဆုတောင်းပေးနေပါတယ် အားလုံးအဆင်ပြေကြပါစေ))))

ပရိတ်သတ်ကြီးရေ အဓိက ဒိုင်ဖြစ်တဲ့ ဦးအောင်ကိုလတ် အမြန်ဆုံး ကျန်းမာပါစေ၊ နောက်ထပ်လည်း အနုပညာလုပ်ငန်းတွေနဲ့ ပရိတ်သတ်ကြီးကို တင်ဆက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…………။

Writer- ME(Shwe Yaung Lan)