




တစ်ယောက် တစ်ခွန်း ပေါက်ကရတွေပြောရင်း အူတက်အောင် ရယ် နေရ တဲ့ ခေးဆက်သွင်၊ ဘုန်းဆက် သွင်နဲ့ စိုပြေမြင့် တို့သူငယ် ချင်း သုံးယောက် ရဲ့ Live ဗီဒီယို

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင် များ ဖြစ်ကြတဲ့ ခေးဆက်သွင်၊ ဘုန်းဆက်သွင်နဲ့ စိုပြေမြင့်တို့ သူငယ်ချင်း သုံးယောက်ကတော့ ဇာတ်လမ်းတွဲတွေ နဲ့ အောင်မြင် လာခဲ့သူတွေ ဖြစ်ကြပါတယ်။ ဇာတ်လမ်းတွဲတွေမှာ အတွဲညီညီ နဲ့ တွေ့ရတတ်တဲ့ ခေးဆက်သွင်၊ ဘုန်းဆက်သွင်နဲ့ စိုပြေမြင့်တို့သူငယ်ချင်း သုံးယောက်က အပြင်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် ပြောမနာ၊ ဆိုမနာ ရှိကြတဲ့ သူငယ်ချင်း ကောင်းတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ ခေးဆက်သွင်၊ ဘုန်းဆက်သွင်နဲ့ စိုပြေမြင့်တို့ သူငယ်ချင်းသုံးယောက် စလုံးကို ချစ်ခင်စွာနဲ့ အားပေးကြပါတယ်။

မနေ့က သြဂုတ်လ (၁၀) ရက်နေ့ မှာတော့ ခေးဆက်သွင်၊ ဘုန်းဆက်သွင်နဲ့ စိုပြေမြင့်တို့ သူငယ်ချင်း သုံးယောက် စလုံးက ပရိသတ်တွေနဲ့ စကားပြောဖို့ Live လွှင့်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ခေးဆက်သွင် တို့ သူငယ်ချင်းသုံးယောက်က တစ်ယောက်တစ်ခွန်းပေါက်ကရတွေပြောရင်း အူတက်အောင်ရယ်ရတာမို့ ပရိသတ်ကြီးအတွက် မျှဝေတင်ဆက်ပေး လိုက်ပါတယ်နော်။

ခေးဆက်သွင်၊ ဘုန်းဆက်သွင်နဲ့ စိုပြေမြင့်တို့ သူငယ်ချင်း သုံးယောက် ကတော့ ပရိသတ်တွေ မပျင်းရအောင် စကားတွေပြောပြီး Live လွှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်တို့ သူငယ်ချင်း သုံးယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: So Pyay Myint’s fb
Bilie – Cele Connections