ဧရာဝတီ လင္းပိုင္ ေလးမ်ား ထိန္းသိမ္း ကာကြယ္ ဖို႔ရန္ အတြက္ တဖက္ တလမ္း ကေန ကူညီ ေပး ခဲ့တဲ့ လြင္မိုး

လြင္မိုး ကေတာ့ တခ်ိန္က ႏိုင္ငံေက်ာ္ မင္းသားတစ္ဦး အျဖစ္ ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့ၿပီး လက္ရွိမွာေတာ့ မိသားစုနဲ ႔အတူ ေနထိုင္ရင္း စီးပြားေရး လုပ္ငန္းမ်ားကို ေဇာက္ခ်လုပ္ကိုင္ေနၿပီပဲ ျဖစ္ပါတယ္။ အႏုပညာလုပ္ငန္းမ်ားကို အနားယူၿပီးတဲ့ေနာက္ ျမန္မာႏိုင္ငံအႏွံ႔ ” လြင္မိုးခရီးသြားေနသည္ ” ဆိုတဲ့ ပ႐ိုဂရမ္ေလးနဲ႔အတူ ေဒသ အစားအစာ ႐ိုးရာမ်ားကို သြားေရာက္ေလ့ကာ ႐ိုက္ကူးခဲ့ပါေသးတယ္။

လက္ရွိမွာေတာ့ လီလီ ပန္းမ်ားကို ႏိုင္ငံျခားမွ တင္သြင္းကာ စိုက္ပ်ိဳးေရာင္းခ်ျခင္းလုပ္ငန္း မ်ားကို လုပ္ကိုင္ေနပါတယ္။ ခ်စ္ရတဲ့ ေျမးေလးကို ထိန္းေက်ာင္းရင္း သူ႔ရဲ႕ တစ္ေန႔တာ လႈပ္ရွားမႈမ်ားကိုလည္း ဆိုရွယ္မီဒီယာကေနတစ္ဆင့္ ပရိတ္သတ္ထံ မွ်ေဝေပးတတ္သူပါ။

လြင္မိုးကေတာ့ ျမန္မာႏိုင္ငံ မွာ လတ္တေလာ ျဖစ္ပြားေနတဲ့ ရွားပါး ဧရာဝတီလင္းပိုင္မ်ိဳး မ်ားကို ကာကြယ္ရန္အတြက္ တစ္ဖက္တစ္လမ္းကေန အက်ိဳးျပဳ ေဆာင္းပါးမ်ားကို ေရးသားကာ ကူညီျဖစ္တဲ့အေၾကာင္းကိုလည္း အခုလိုပဲ မွ်ေဝခဲ့ပါတယ္။ ” Tomorrow ဂ်ာနယ္တြင္ ဧရာဝတီႏွင့္ခ်စ္​ေသာလင္းပိုင္မ်ား..အပိုင္း ၁ လင္းပိုင္းကာကြယ္ ထိန္းသိမ္း​ေရးအက်ိဳးျပဳ ​ေဆာင္းပါးအားေရးသား​ေပးပို႔ၿပီးပါ​ေၾကာင္း ” ဆိုတဲ့ စာသားေလးနဲ႔ အတူ ဧရာဝတီလင္းပိုင္မ်ားကို သြားေရာက္ ၾကည့္ရႈစဥ္က ပုံရိပ္မ်ားနဲ႔အတူ ေဖာ္ျပေရးသားခဲ့ပါတယ္ ။

ျမန္မာႏိုင္ငံ တြင္းမွာပဲ ေတြ႕ရႏိုင္တဲ့ ဧရာဝတီလင္းပိုင္ အမ်ိဳးအစား ဟာ ႏိုင္ငံျခားမွာ ေတြ႕ရတတ္တဲ့ ႏႈတ္သီးရွည္ လင္းပိုင္မ်ိဳး မဟုတ္ပဲ အရမ္းကို ရွားပါးတဲ့ လင္းပိုင္ အမ်ိဳးအစားပဲ ျဖစ္ပါတယ္။ အခုဆိုရင္ မဆင္မျခင္ သတ္ျဖတ္ ကာ ထိန္းသိမ္းမႈ မရွိခဲ့တဲ့အတြက္ ယခုအခ်ိန္မွာဆိုရင္ အေကာင္ေရ ၇၀ ေက်ာ္သာ က်န္ရွိပါေတာ့တယ္။​ အဆိုပါ လင္းပိုင္ေလးေတြဟာ တစ္ခါေမြးရင္ တစ္ေကာင္သာ ေမြးတဲ့အတြက္ အခုခ်ိန္မွာေတာ့ မ်ိဳးတုန္းမယ့္ အႏၲရာယ္ကို ရင္ဆိုင္ေနရပါၿပီ။ ဒါ့ေၾကာင့္ အဘက္ဘက္ကေန ဧရာဝတီလင္းပိုင္ေလးေတြကို ထိန္းသိမ္းကာကြယ္ႏိုင္ဖို႔ရန္အတြက္ အားလုံးက ႀကိဳးစားေနၾကရတာပါ။

ပရိတ္သတ္ႀကီးေရ အခုေဖာ္ျပခဲ့ တာကေတာ့ ဧရာဝတီလင္းပိုင္ ေလးေတြကို ထိန္းသိမ္းႏိုင္ဖို႔ တစ္ဖက္တစ္လမ္း ကေန ကူညီမႈေပးေနတဲ့ ဦးလြင္မိုးရဲ႕ အေၾကာင္းေလးပဲ ျဖစ္ပါတယ္။ ​ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။​အားလုံးပဲ သာယာလွပတဲ့ ေန႔ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္။

ဧရာဝတီ လင်းပိုင် လေးများ ထိန်းသိမ်း ကာကွယ် ဖို့ရန် အတွက် တဖက် တလမ်း ကနေ ကူညီ ပေး ခဲ့တဲ့ လွင်မိုး

လွင်မိုး ကတော့ တချိန်က နိုင်ငံကျော် မင်းသားတစ်ဦး အဖြစ် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး လက်ရှိမှာတော့ မိသားစုနဲ ့အတူ နေထိုင်ရင်း စီးပွားရေး လုပ်ငန်းများကို ဇောက်ချလုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းများကို အနားယူပြီးတဲ့နောက် မြန်မာနိုင်ငံအနှံ့ ” လွင်မိုးခရီးသွားနေသည် ” ဆိုတဲ့ ပရိုဂရမ်လေးနဲ့အတူ ဒေသ အစားအစာ ရိုးရာများကို သွားရောက်လေ့ကာ ရိုက်ကူးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ လီလီ ပန်းများကို နိုင်ငံခြားမှ တင်သွင်းကာ စိုက်ပျိုးရောင်းချခြင်းလုပ်ငန်း များကို လုပ်ကိုင်နေပါတယ်။ ချစ်ရတဲ့ မြေးလေးကို ထိန်းကျောင်းရင်း သူ့ရဲ့ တစ်နေ့တာ လှုပ်ရှားမှုများကိုလည်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် ပရိတ်သတ်ထံ မျှဝေပေးတတ်သူပါ။

လွင်မိုးကတော့ မြန်မာနိုင်ငံ မှာ လတ်တလော ဖြစ်ပွားနေတဲ့ ရှားပါး ဧရာဝတီလင်းပိုင်မျိုး များကို ကာကွယ်ရန်အတွက် တစ်ဖက်တစ်လမ်းကနေ အကျိုးပြု ဆောင်းပါးများကို ရေးသားကာ ကူညီဖြစ်တဲ့အကြောင်းကိုလည်း အခုလိုပဲ မျှဝေခဲ့ပါတယ်။ ” Tomorrow ဂျာနယ်တွင် ဧရာဝတီနှင့်ချစ်​သောလင်းပိုင်များ..အပိုင်း ၁ လင်းပိုင်းကာကွယ် ထိန်းသိမ်း​ရေးအကျိုးပြု ​ဆောင်းပါးအားရေးသား​ပေးပို့ပြီးပါ​ကြောင်း ” ဆိုတဲ့ စာသားလေးနဲ့ အတူ ဧရာဝတီလင်းပိုင်များကို သွားရောက် ကြည့်ရှုစဉ်က ပုံရိပ်များနဲ့အတူ ဖော်ပြရေးသားခဲ့ပါတယ် ။

မြန်မာနိုင်ငံ တွင်းမှာပဲ တွေ့ရနိုင်တဲ့ ဧရာဝတီလင်းပိုင် အမျိုးအစား ဟာ နိုင်ငံခြားမှာ တွေ့ရတတ်တဲ့ နှုတ်သီးရှည် လင်းပိုင်မျိုး မဟုတ်ပဲ အရမ်းကို ရှားပါးတဲ့ လင်းပိုင် အမျိုးအစားပဲ ဖြစ်ပါတယ်။ အခုဆိုရင် မဆင်မခြင် သတ်ဖြတ် ကာ ထိန်းသိမ်းမှု မရှိခဲ့တဲ့အတွက် ယခုအချိန်မှာဆိုရင် အကောင်ရေ ၇၀ ကျော်သာ ကျန်ရှိပါတော့တယ်။​ အဆိုပါ လင်းပိုင်လေးတွေဟာ တစ်ခါမွေးရင် တစ်ကောင်သာ မွေးတဲ့အတွက် အခုချိန်မှာတော့ မျိုးတုန်းမယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါပြီ။ ဒါ့ကြောင့် အဘက်ဘက်ကနေ ဧရာဝတီလင်းပိုင်လေးတွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ရန်အတွက် အားလုံးက ကြိုးစားနေကြရတာပါ။

ပရိတ်သတ်ကြီးရေ အခုဖော်ပြခဲ့ တာကတော့ ဧရာဝတီလင်းပိုင် လေးတွေကို ထိန်းသိမ်းနိုင်ဖို့ တစ်ဖက်တစ်လမ်း ကနေ ကူညီမှုပေးနေတဲ့ ဦးလွင်မိုးရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ​ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။​အားလုံးပဲ သာယာလှပတဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။