ငယ္ငယ္က ေမ်ာက္ရႈံးေအာင္ ကစားခဲ့ လို႔ ဒဏ္ရာေတြရတဲ့ အထိ ျဖစ္ခဲ့ဖူး တဲ့ ငယ္ဘဝ အမွတ္တရေလးေတြ ကို ေျပာျပခဲ့တဲ့ ပိုင္ၿဖိဳးသု

ပိုင္ၿဖိဳးသု ကေတာ့ အႏုပညာပ်ိဳးခင္းက စင္တင္ေပးလိုက္တဲ့ မင္းသမီးေခ်ာေလးျဖစ္ပါတယ္။ သူမဟာ ဘီလူးမ၊ သရဲမ နဲ႔ မိန္းမပ်ိဳ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိထားသူ တစ္ေယာက္ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ အႏုပညာသက္တမ္းလည္း (၁၀) စုႏွစ္ တစ္ခုကို ေရာက္လာၿပီျဖစ္သလို ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္ေနတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။

သ ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသုကေတာ့ ကေလးေလးေတြနဲ႔အတူ “ဆိုးေပ” ႐ုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ဒီကေလးေတြကို ျမင္တိုင္ သူ႔ရဲ႕ ငယ္ဘဝ အမွတ္တရေလးေတြကို ျပန္ျမင္ေယာင္တယ္လို႔ ေျပာျပလာပါတယ္။

“ သုသုတို႔ ငယ္ငယ္တုန္းကဆိုရင္ ၿခံထဲမွာရွိတဲ့ အပင္ေပၚေတြတက္မလား၊ ေရစင္ေပၚေတြ ေလွ်ာက္တက္ၿပီးေဆာ့တယ္။ ေနရာေပါင္းစုံပဲ ငယ္ဘဝေလးကို ျပန္စဥ္းစားမိရင္ အရမ္းေပ်ာ္ဖို႔ေကာင္းတယ္။ အဲဒါေၾကာင့္လဲ လူတစ္ကိုယ္လုံးမွာ အမာ႐ြတ္ေတြ ျဖစ္ေနရတာ။ ဘာပဲေျပာေျပာ ငယ္ဘဝေလးက ေပ်ာ္စရာ အမွတ္တရေတြ အမ်ားႀကီးရွိတာ ေကာင္းတဲ့အရာလို႔ ေျပာလို႔ရတယ္။ ရပ္ကြက္ထဲေတြလည္း ေဆာ့ၾကတာပဲ”လို႔ သူက ဆိုပါတယ္။

ပိုင္ၿဖိဳးသု အေနနဲ႔ အခုေခတ္ ကေလးေတြမွာ အရင္တုန္းက ကေလးေတြလို အျပင္ထြက္ၿပီးေဆာ့ကစားတာေတြ မေတြ႕ရေတာ့ဘူးလို႔ ဆိုပါတယ္။ ေခတ္မီတိုးတက္လာတာနဲ႔ အမွ် ကေလးေတြအတြက္ ပညာေရးေလ့လာမႈ ေတြကလည္း ပိုအားေကာင္းလာတယ္လို႔ ၾသဂုတ္လ (၈) ရက္ေန႔က ဆိုးေပ ႐ုပ္သံဇာတ္လမ္းတြဲ ကန္ေတာ့ပြဲမွာ ေျဖဆိုခဲ့တာပါ။

“ အခုေခတ္ကေလးေတြကက်ေတာ့ အျပင္ထြက္ေဆာ့တာ နည္းတယ္။ You Tube ေတြေပၚလာေတာ့ ေျပးလႊား ေဆာ့ကစားတာေတြ မရွိေတာ့ဘူး။ ဒါေပမယ့္ စာနဲ႔ ပတ္သက္လာရင္ေတာ့ သူတို႔က ပိုေရွ႕ေရာက္သြားတာေပါ့။ သုသုတို႔တုန္းကဆိုရင္ ကိုယ္မသိတာဆို လူႀကီးေတြ၊ ဆရာ၊ ဆရာမေတြကို လိုက္ေမးရတာ။ သူတို႔ေလးေတြက်ေတာ့ You Tube ၾကည့္လိုက္တာနဲ႔ သိတယ္။ ကံေကာင္းတယ္လို႔လည္း ေျပာလို႔ရတာေပါ့” လို႔ ဆက္လက္ ေျပာျပလာပါတယ္။

ပရိတ္သတ္ႀကီးေရာ ငယ္ငယ္တုန္းက အေျခအေနနဲ႔ ယခုလက္ရွိ လူငယ္ေတြရဲ႕ အေျခအေနအေပၚ ကိုယ့္ရဲ႕ အျမင္ေလးေတြကို ေျပာျပခဲ့ပါဦးေနာ္။​ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္

ငယ်ငယ်က မျောက်ရှုံးအောင် ကစားခဲ့ လို့ ဒဏ်ရာတွေရတဲ့ အထိ ဖြစ်ခဲ့ဖူး တဲ့ ငယ်ဘဝ အမှတ်တရလေးတွေ ကို ပြောပြခဲ့တဲ့ ပိုင်ဖြိုးသု

ပိုင်ဖြိုးသု ကတော့ အနုပညာပျိုးခင်းက စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမဟာ ဘီလူးမ၊ သရဲမ နဲ့ မိန်းမပျို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ အနုပညာသက်တမ်းလည်း (၁၀) စုနှစ် တစ်ခုကို ရောက်လာပြီဖြစ်သလို ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

သ ရုပ်ဆောင် ပိုင်ဖြိုးသုကတော့ ကလေးလေးတွေနဲ့အတူ “ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီကလေးတွေကို မြင်တိုင် သူ့ရဲ့ ငယ်ဘဝ အမှတ်တရလေးတွေကို ပြန်မြင်ယောင်တယ်လို့ ပြောပြလာပါတယ်။

“ သုသုတို့ ငယ်ငယ်တုန်းကဆိုရင် ခြံထဲမှာရှိတဲ့ အပင်ပေါ်တွေတက်မလား၊ ရေစင်ပေါ်တွေ လျှောက်တက်ပြီးဆော့တယ်။ နေရာပေါင်းစုံပဲ ငယ်ဘဝလေးကို ပြန်စဉ်းစားမိရင် အရမ်းပျော်ဖို့ကောင်းတယ်။ အဲဒါကြောင့်လဲ လူတစ်ကိုယ်လုံးမှာ အမာရွတ်တွေ ဖြစ်နေရတာ။ ဘာပဲပြောပြော ငယ်ဘဝလေးက ပျော်စရာ အမှတ်တရတွေ အများကြီးရှိတာ ကောင်းတဲ့အရာလို့ ပြောလို့ရတယ်။ ရပ်ကွက်ထဲတွေလည်း ဆော့ကြတာပဲ”လို့ သူက ဆိုပါတယ်။

ပိုင်ဖြိုးသု အနေနဲ့ အခုခေတ် ကလေးတွေမှာ အရင်တုန်းက ကလေးတွေလို အပြင်ထွက်ပြီးဆော့ကစားတာတွေ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ ခေတ်မီတိုးတက်လာတာနဲ့ အမျှ ကလေးတွေအတွက် ပညာရေးလေ့လာမှု တွေကလည်း ပိုအားကောင်းလာတယ်လို့ သြဂုတ်လ (၈) ရက်နေ့က ဆိုးပေ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

“ အခုခေတ်ကလေးတွေကကျတော့ အပြင်ထွက်ဆော့တာ နည်းတယ်။ You Tube တွေပေါ်လာတော့ ပြေးလွှား ဆော့ကစားတာတွေ မရှိတော့ဘူး။ ဒါပေမယ့် စာနဲ့ ပတ်သက်လာရင်တော့ သူတို့က ပိုရှေ့ရောက်သွားတာပေါ့။ သုသုတို့တုန်းကဆိုရင် ကိုယ်မသိတာဆို လူကြီးတွေ၊ ဆရာ၊ ဆရာမတွေကို လိုက်မေးရတာ။ သူတို့လေးတွေကျတော့ You Tube ကြည့်လိုက်တာနဲ့ သိတယ်။ ကံကောင်းတယ်လို့လည်း ပြောလို့ရတာပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။

ပရိတ်သတ်ကြီးရော ငယ်ငယ်တုန်းက အခြေအနေနဲ့ ယခုလက်ရှိ လူငယ်တွေရဲ့ အခြေအနေအပေါ် ကိုယ့်ရဲ့ အမြင်လေးတွေကို ပြောပြခဲ့ပါဦးနော်။​ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်