ထီ လက္ မွတ္ ၂၅ ေစာင္ လံုး တစ္ၿပိဳင္ တည္း ေပါက္ ခဲ့တဲ့ ပူပူေႏြးေႏြး အလုပ္ လက္မဲ့ ဖခင္ႀကီး

ကၽြန္ေတာ္တို ႔ေတြမ်ား တစ္လတစ္ခါ ထီပံုမွန္ ထိုးေနတာ ၅ ေသာင္းဆုေတာင္ တစ္ခါမွမေပါက္ခဲ့ ဖူးဘူး။ ဒါေပမဲ့ အခု အမ်ိဳးသားကေတာ့ ထီပံုမွန္ထိုးေနက် မဟုတ္ဘဲ ဒီတိုင္း ကံစမ္းလိုက္တာေတာင္ မွပဲ တစ္ခါတည္းနဲ႔ ထီဆု ၂၅ ဆုကို ေပါက္သြားခဲ့ သတဲ့ေလ။သူ႕နာမည္ကေတာ့ Raymond Harrington ျဖစ္ေၾကာင္း Fox News သတင္း ဌာနက ေဖာ္ျပခဲ့ပါတယ္။ Virginia ကမ္းေျခမွာေနထုိင္သူ တစ္ဦးျဖစ္ပါတယ္။ အိမ္ေထာင္ဦးစီးတစ္ဦးျဖစ္ေပမယ့္လည္း COVID-19 ေၾကာင့္ မိသားစု တစ္စုလံုး မွီခိုေနရတဲ့ အလုပ္ကေလးကေနၿပီး ျပဳတ္သြားခဲ့ပါတယ္။ အလုပ္အသစ္ကလည္း ျပန္ရွာရတာ ဒီကာလႀကီးမွာ သိပ္ကိုခက္ခဲလြန္းတဲ့အတြက္ အမ်ိဳးသားဟာ မိသားစုရဲ႕ စားဝတ္ေနေရးကိုေတြးပူၿပီး စိတ္ဓာတ္က်ေနတဲ့အခ်ိန္ေပါ့။

အဲဒီမွာ စိတ္ေျပ လက္ေပ်ာက္ ေမွ်ာ္လင့္ခ်က္ ေလးမ်ား ရွိမလားဆိုကာ ထီးထိုးဖို႔ အၾကံရ ခဲ့ပါတယ္တဲ့။ ဒါနဲ႔ပဲ ဇူလုိင္လ ၁၇ ရက္ေန႔ညမွာပဲ Wegman ဆိုတဲ့ဆုိင္ေလးမွာ ထီဝင္ထိုးခဲ့ ပါတယ္။ ထီတစ္ေစာင္ကို တစ္ေဒၚလာေပးရတဲ့ Pick 4 အမ်ိဳးအစားကို ထိုးခဲ့တာပါ။ သူ႕ရဲ႕ ဆုေပးတဲ့ ပံုစံကေတာ့ ကိုယ္က ကဏန္း ၄ လံုးပါတဲ့ နံပါတ္ကို ေရြးခ်ယ္ရမွာ ျဖစ္ၿပီး နံပါတ္တူကိုလည္း ဘယ္နေစာင္ ထိုးထိုးရတယ္ေပါ့ေလ။

ဒါနဲ႔ Raymond ဟာ 4-6-4-0 ဆိုတဲ့ နံပါတ္ေလးလံုး ကို ေရြးခ်ယ္ခဲ့ပါတယ္။ အစကေတာ့ တစ္ေစာင္ပဲ ထိုးဖို႔ ၾကံရြယ္ခဲ့ေပမယ့္ မသိစိတ္ကေနၿပီး သူ႕ကို အဲဒီနံပါတ္ကိုပဲ ၂၅ ေစာင္ထိုးဖို႔အတြက္ အရမ္းေတြ တိုက္တြန္းေနခဲ့တာေၾကာင့္ စိတ္ဆံုးျဖတ္ၿပီး ၂၅ ေဒၚလာနဲ႔ 4-6-4-0 ကိုပဲ ၂၅ ေစာင္တိတိ ထိုးလိုက္ခဲ့ပါေတာ့တယ္။ Pick 4 ထီက ဒီေန႔ထိုးတဲ့ နံပါတ္ေတြကို မနက္ျဖန္တစ္ခါတည္း ထီေပါက္စဥ္ထုတ္ေပးတာျဖစ္တဲ့အတြက္ ေနာက္တစ္ေန႔မွာေတာ့ Raymond အေနနဲ႔ ဘဝႀကီးတစ္ခုလံုး ေျပာင္းလဲသြား ေစခဲ့ပါေတာ့တယ္။

သူထိုးခဲ့တဲ့ 4-6-4-0 ကဏန္း ဟာ ထီေပါက္ကဏန္း ျဖစ္သြားခဲ့ပါတယ္။ တစ္ေစာင္ကို ေဒၚလာ ၅၀၀၀ ဆိုေတာ့ ၂၅ ႀကိမ္ ဆိုေတာ့ ေဒၚလာ ၁၂၅,၀၀၀ ေတာင္ ရသြားခဲ့တာပါ။ ေတာ္ေတာ္ေလး ကံေကာင္းတဲ့ Raymond ပါပဲ။ ထီထိုးတုန္းက စိတ္ထဲမွာရွိေနတာ သူရဲ႕ သားေလးႏွစ္ေယာက္ တကၠသိုလ္တက္တဲ့အခါ ေပးရမယ့္ ပိုက္ဆံေတြကိုပဲ ရွိေနတာပါတဲ့။ အခုေတာ့ Raymond ဘဝေလး အဆင္ေျပေခ်ာင္လည္သြားၿပီေပါ့။

credit – shwemom

ထီ လက် မှတ် ၂၅ စောင် လုံး တစ်ပြိုင် တည်း ပေါက် ခဲ့တဲ့ ပူပူနွေးနွေး အလုပ် လက်မဲ့ ဖခင်ကြီး

ကျွန်တော်တို ့တွေများ တစ်လတစ်ခါ ထီပုံမှန် ထိုးနေတာ ၅ သောင်းဆုတောင် တစ်ခါမှမပေါက်ခဲ့ ဖူးဘူး။ ဒါပေမဲ့ အခု အမျိုးသားကတော့ ထီပုံမှန်ထိုးနေကျ မဟုတ်ဘဲ ဒီတိုင်း ကံစမ်းလိုက်တာတောင် မှပဲ တစ်ခါတည်းနဲ့ ထီဆု ၂၅ ဆုကို ပေါက်သွားခဲ့ သတဲ့လေ။သူ့နာမည်ကတော့ Raymond Harrington ဖြစ်ကြောင်း Fox News သတင်း ဌာနက ဖော်ပြခဲ့ပါတယ်။ Virginia ကမ်းခြေမှာနေထိုင်သူ တစ်ဦးဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးတစ်ဦးဖြစ်ပေမယ့်လည်း COVID-19 ကြောင့် မိသားစု တစ်စုလုံး မှီခိုနေရတဲ့ အလုပ်ကလေးကနေပြီး ပြုတ်သွားခဲ့ပါတယ်။ အလုပ်အသစ်ကလည်း ပြန်ရှာရတာ ဒီကာလကြီးမှာ သိပ်ကိုခက်ခဲလွန်းတဲ့အတွက် အမျိုးသားဟာ မိသားစုရဲ့ စားဝတ်နေရေးကိုတွေးပူပြီး စိတ်ဓာတ်ကျနေတဲ့အချိန်ပေါ့။

အဲဒီမှာ စိတ်ပြေ လက်ပျောက် မျှော်လင့်ချက် လေးများ ရှိမလားဆိုကာ ထီးထိုးဖို့ အကြံရ ခဲ့ပါတယ်တဲ့။ ဒါနဲ့ပဲ ဇူလိုင်လ ၁၇ ရက်နေ့ညမှာပဲ Wegman ဆိုတဲ့ဆိုင်လေးမှာ ထီဝင်ထိုးခဲ့ ပါတယ်။ ထီတစ်စောင်ကို တစ်ဒေါ်လာပေးရတဲ့ Pick 4 အမျိုးအစားကို ထိုးခဲ့တာပါ။ သူ့ရဲ့ ဆုပေးတဲ့ ပုံစံကတော့ ကိုယ်က ကဏန်း ၄ လုံးပါတဲ့ နံပါတ်ကို ရွေးချယ်ရမှာ ဖြစ်ပြီး နံပါတ်တူကိုလည်း ဘယ်နစောင် ထိုးထိုးရတယ်ပေါ့လေ။

ဒါနဲ့ Raymond ဟာ 4-6-4-0 ဆိုတဲ့ နံပါတ်လေးလုံး ကို ရွေးချယ်ခဲ့ပါတယ်။ အစကတော့ တစ်စောင်ပဲ ထိုးဖို့ ကြံရွယ်ခဲ့ပေမယ့် မသိစိတ်ကနေပြီး သူ့ကို အဲဒီနံပါတ်ကိုပဲ ၂၅ စောင်ထိုးဖို့အတွက် အရမ်းတွေ တိုက်တွန်းနေခဲ့တာကြောင့် စိတ်ဆုံးဖြတ်ပြီး ၂၅ ဒေါ်လာနဲ့ 4-6-4-0 ကိုပဲ ၂၅ စောင်တိတိ ထိုးလိုက်ခဲ့ပါတော့တယ်။ Pick 4 ထီက ဒီနေ့ထိုးတဲ့ နံပါတ်တွေကို မနက်ဖြန်တစ်ခါတည်း ထီပေါက်စဉ်ထုတ်ပေးတာဖြစ်တဲ့အတွက် နောက်တစ်နေ့မှာတော့ Raymond အနေနဲ့ ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွား စေခဲ့ပါတော့တယ်။

သူထိုးခဲ့တဲ့ 4-6-4-0 ကဏန်း ဟာ ထီပေါက်ကဏန်း ဖြစ်သွားခဲ့ပါတယ်။ တစ်စောင်ကို ဒေါ်လာ ၅၀၀၀ ဆိုတော့ ၂၅ ကြိမ် ဆိုတော့ ဒေါ်လာ ၁၂၅,၀၀၀ တောင် ရသွားခဲ့တာပါ။ တော်တော်လေး ကံကောင်းတဲ့ Raymond ပါပဲ။ ထီထိုးတုန်းက စိတ်ထဲမှာရှိနေတာ သူရဲ့ သားလေးနှစ်ယောက် တက္ကသိုလ်တက်တဲ့အခါ ပေးရမယ့် ပိုက်ဆံတွေကိုပဲ ရှိနေတာပါတဲ့။ အခုတော့ Raymond ဘဝလေး အဆင်ပြေချောင်လည်သွားပြီပေါ့။

credit – shwemom