




ဝေဖန် မှုတွေ မြင့်တက် နေတဲ့ ယုန်လေး ကို ဟဲဗီးဖြိုး လည်း ပြော ပြီ….

ပရိသတ်ကြီးရေ လေ ဆာ (6လဆာ)ဆိုတဲ့ကြော်ငြာလေးနဲ့ ပရိသတ်တွေ သဘောကျခဲ့ရတဲ့ ကလေးသရုပ်ဆောင် လေးကတော့ ဟဲဗီးဖြိုးပဲ ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့ အခါမှာလည်း သီချင်းတွေလည်းသီဆိုလျက် ရှိခဲ့ပေမယ့် အချိန်အတော်ကြာ အနုပညာအလုပ် တွေနဲ့လက်ရှိမှာဝေးကွာနေတာတွေ့ရပါတယ်။

ကလေးဘဝထဲက သရုပ်ဆောင်ကောင်းတဲ့ ဟဲဗီးဖြိုးကို ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကြီးမှာ တစ်ဖန်ပြန်တွေ့ခဲ့ရပြီးနောက် ပရိသတ်တွေ ရှေ့ကို ပြန်လည်ထွက်ပေါ် မလာခဲ့တာ တော်တော်ကြာခဲ့ပြီလို့ဆိုရမှာပါ။ လက်တလောမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာဟာသဗီဒီယိုလေးတွေ TikTokလေးတွေနဲ့ ပရိသတ်တွေရှေ့ပြန်လည်ရောက်ရှိလာတာတွေ့ရပါတယ်

အမြဲသရုပ်ဆောင် အပိုအလိုမရှိဘဲ အရွယ်နဲ့မလိုက်အောင် တော်လွန်းတဲ့ဟဲဗီဖြိုးကတော့ ယုန်လေးကို ဝေဖန်နေကြတာနဲ့ပတ်သက်ပြီး ” ကိုကြီးအတွက် စိတ်မကောင်းဘူးဗျာ ဘာလို့သူ့လိုစေတနာမှန်နဲ့လုပ်တဲ့ သူကိုမှ လုပ်ရက်ကြ တယ်ဗျာ ကိုကြီးအနုပညာ ဖန်တီးမှုကို ကျွန်တော် အရမ်းကြိုက်ပါတယ်ဗျာ”ဆိုတဲ့စာလေး နဲ့ စိတ်မကောင်းဖြစ်ကြောင်း ရင်ဖွင့်ခဲ့တာပါ။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။