မထင္ မွတ္ ထား တဲ့ Birthday Surprise ေၾကာင့္ ဝမ္းသာ ေနတဲ့ ခ်စ္သု ေဝ

ခ်စ္သုေဝ ဟာ ဒီႏွစ္ေမြးေန႔မွာ သူမ အတြက္ စိတ္ပင္ပန္း၊ လူပင္ပန္းခဲ့ ရေပမယ့္ မိသားစုေတြ၊ သူငယ္ခ်င္း ေတြေၾကာင့္ ေပ်ာ္႐ႊင္ခဲ့ ရတယ္လို႔ ဆိုပါတယ္။

ခ်စ္သုေဝ ကေတာ့ သူမရဲ႕ ေမြးေန႔ေလးကို မိသားစု ေတြနဲ႔ အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းခြင့္ရခဲ့လို႔ ဝမ္းသာမဆုံး ျဖစ္လို႔ေနပါတယ္။ ခင္ပြန္းျဖစ္သူ အဆိုေတာ္ လင္းလင္းနဲ႔ သူငယ္ခ်င္း မ်ားရဲ႕ Birthday Surprise ေၾကာင့္ လည္း အရမ္းေပ်ာ္ခဲ့ရတယ္လို႔ သူက ဆိုပါတယ္။

“ဒီႏွစ္ေမြးေန႔ေလးက မွတ္မွတ္ရရပါပဲ။ ဒီႏွစ္ဟာ စိတ္ပင္ပန္း လူပင္ပန္းအျဖစ္ ရဆုံးႏွစ္။ အေတြ႕အႀကဳံသစ္ေတြ ကို ရင့္က်က္မႈေပါင္းမ်ားစြာနဲ ႔ျဖတ္သန္းရတဲ့ႏွစ္။ ဒါေၾကာင့္ ထင္ပါရဲ႕…အရင္းႏွီးဆုံးအနားကသူေတြဟာ tre lay ကိုေပ်ာ္ေအာင္ လုပ္ေပးၾကေလရဲ႕။ ႀကိတ္စီစဥ္ၾကတာမ်ားဗ်ာ။ လူက ဘာျဖစ္သြားမွန္းေတာင္မသိဘူးရယ္။

ေအးေနာ္ ငယ္ငယ္ က ေမြးေန႔ဆို ေမွ်ာ္တတ္တဲ့ အက်င့္ေလးေတြေပ်ာက္ေနကာမွ အဲ့လိုေတြ surpriseေတြလုပ္ၾကတယ္ေနာ္…ပိုးေလးေတြျပန္ႂကြလာမယ္..ဒီက လူႀကီးစိတ္သြင္းၿပီး ေအးေအးလူလူေလး ျဖတ္သန္းမယ္ေတြးထားတာ” ဆိုၿပီးေတာ့ ၾသဂုတ္လ ၁၀ ရက္ေန႔ ည ၉ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာ မ်က္ႏွာမွာ မိသားစုဝင္ေတြနဲ႔ အတူတူ ေမြးေန႔ညေလးမွာ ေပ်ာ္ခဲ့ရတဲ့ အမွတ္တရဗီဒီယို ဖိုင္ေလးကိုတင္ရင္း ေရးသားခဲ့ပါတယ္။

အဆိုေတာ္ လင္းလင္း ကလည္း ခ်စ္ဇနီး ေခ်ာေလး ခ်စ္သုေဝကို ပုလဲ လက္ဝတ္ရတနာေလးေတြကို ေမြးေန႔ လက္ေဆာင္ ေပးခဲ့တယ္ဆိုတာကို အမွတ္တရ ဗီဒီယို ဖိုင္ေလးထဲမွာ ေတြ႕ခဲ့ရပါတယ္။ ခ်စ္သုေဝဟာ ေမြးေန႔ အႀကိဳအလႉအျဖစ္ ေနရာ(၃) ေနရာမွာ အလႉအတန္းေတြ ျပဳလုပ္ခဲ့တာပါ။

ပဲခူး႐ိုးမ၊ေက်ာက္တံခါးၿမိဳ႕နယ္ရွိ ကုန္းျမင့္ သာေက်း႐ြာ(၁၂မိုင္) က ကိုယ္ထူကိုယ္ထ မူလတန္းေက်ာင္းေလးမွာရွိတဲ့ “စာၾကည့္တိုက္” ေဆာက္လုပ္ လႉဒါန္းဖို႔အတြက္ အလႉေငြမ်ား၊ ကမ္းေဇယ်ာ ပရဟိတ သီလရွင္ စာသင္တိုက္မွ သီလရွင္ေလးမ်ား နဲ႔ St. Mary( ေက်ာက္တန္း ) ကေလးငယ္ေလးေတြအတြက္ လိုအပ္တာေတြကိုလည္း သြားေရာက္ လႉဒါန္းခဲ့ပါတယ္။ သူမရဲ႕ ေမြးေန႔ အလႉေတြမွာလည္း ခင္ပြန္းျဖစ္သူ အဆိုေတာ္ လင္းလင္းက ပါရမီျဖည့္ေပးခဲ့တာ ျဖစ္ၿပီး အႏုပညာရွင္ ေမာင္ႏွမမ်ားနဲ႔ ပရိသတ္ေတြကလည္း သာဓု (၃) ႀကိမ္ ေခၚဆိုခဲ့ၾကပါေသးတယ္။

ခ်စ္သူေဝဟာ ေခတ္သစ္ ေဖာင္ေဒးရွင္းနဲ႔ ကိုဗစ္ကာလမွ အလႉအတန္းေတြ အဆက္မျပတ္ ေဆာင္႐ြက္ေနတာေတြ႕ရပါတယ္။ COVID-19 ကာကြယ္ေရး ေဆးပစၥည္းေတြ လိုအပ္မႈရွိေနတဲ့ ေဆး႐ုံႀကီးေတြ၊ စားနပ္ရိကၡာ အခက္အခဲႀကဳံေတြ႕ေနရတဲ့ ေနရာ ေဒသေတြကို ကိုယ္တိုင္သြားေရာက္ၿပီး အလႉအတန္းေတြ လုပ္ေနတာကိုလည္း ေတြ႕ရပါတယ္။

ခ်စ္သုေဝဟာ ခင္ပြန္းျဖစ္သူ လင္းလင္းနဲ ႔အတူ အႁမႊာသမီးေလးေတြျဖစ္တဲ့ ေမျမန္မာသစ္နဲ႔ ေမျမန္မာေခတ္ တို႔ကို ပိုင္ဆိုင္ထားသူေတြပါ။ သမီးေလး ႏွစ္ေယာက္နာမည္နဲ႔ ” ေခတ္သစ္ေဖာင္ေဒးရွင္း” ကိုလည္း ထူေထာင္ထားကာ ေမြးရာပါ ႏွလုံးေရာဂါပါရွိတဲ့ ကေလးငယ္ေတြကို အဓိကထား ခြဲစိတ္ကုသစာရိတ္ ေထာက္ပံ့ေပးေနသလို ကေလးေတြရဲ႕ ပညာေရးအတြက္ ပါ ေဆာင္႐ြက္ေပး ေနတာ ေတြ႕ရပါတယ္။

ဆယ္လီရပ္ကြက္

မထင် မှတ် ထား တဲ့ Birthday Surprise ကြောင့် ဝမ်းသာ နေတဲ့ ချစ်သု ဝေ

ချစ်သုဝေ ဟာ ဒီနှစ်မွေးနေ့မှာ သူမ အတွက် စိတ်ပင်ပန်း၊ လူပင်ပန်းခဲ့ ရပေမယ့် မိသားစုတွေ၊ သူငယ်ချင်း တွေကြောင့် ပျော်ရွှင်ခဲ့ ရတယ်လို့ ဆိုပါတယ်။

ချစ်သုဝေ ကတော့ သူမရဲ့ မွေးနေ့လေးကို မိသားစု တွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့်ရခဲ့လို့ ဝမ်းသာမဆုံး ဖြစ်လို့နေပါတယ်။ ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းနဲ့ သူငယ်ချင်း များရဲ့ Birthday Surprise ကြောင့် လည်း အရမ်းပျော်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

“ဒီနှစ်မွေးနေ့လေးက မှတ်မှတ်ရရပါပဲ။ ဒီနှစ်ဟာ စိတ်ပင်ပန်း လူပင်ပန်းအဖြစ် ရဆုံးနှစ်။ အတွေ့အကြုံသစ်တွေ ကို ရင့်ကျက်မှုပေါင်းများစွာနဲ ့ဖြတ်သန်းရတဲ့နှစ်။ ဒါကြောင့် ထင်ပါရဲ့…အရင်းနှီးဆုံးအနားကသူတွေဟာ tre lay ကိုပျော်အောင် လုပ်ပေးကြလေရဲ့။ ကြိတ်စီစဉ်ကြတာများဗျာ။ လူက ဘာဖြစ်သွားမှန်းတောင်မသိဘူးရယ်။

အေးနော် ငယ်ငယ် က မွေးနေ့ဆို မျှော်တတ်တဲ့ အကျင့်လေးတွေပျောက်နေကာမှ အဲ့လိုတွေ surpriseတွေလုပ်ကြတယ်နော်…ပိုးလေးတွေပြန်ကြွလာမယ်..ဒီက လူကြီးစိတ်သွင်းပြီး အေးအေးလူလူလေး ဖြတ်သန်းမယ်တွေးထားတာ” ဆိုပြီးတော့ သြဂုတ်လ ၁၀ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမှာ မိသားစုဝင်တွေနဲ့ အတူတူ မွေးနေ့ညလေးမှာ ပျော်ခဲ့ရတဲ့ အမှတ်တရဗီဒီယို ဖိုင်လေးကိုတင်ရင်း ရေးသားခဲ့ပါတယ်။

အဆိုတော် လင်းလင်း ကလည်း ချစ်ဇနီး ချောလေး ချစ်သုဝေကို ပုလဲ လက်ဝတ်ရတနာလေးတွေကို မွေးနေ့ လက်ဆောင် ပေးခဲ့တယ်ဆိုတာကို အမှတ်တရ ဗီဒီယို ဖိုင်လေးထဲမှာ တွေ့ခဲ့ရပါတယ်။ ချစ်သုဝေဟာ မွေးနေ့ အကြိုအလှူအဖြစ် နေရာ(၃) နေရာမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တာပါ။

ပဲခူးရိုးမ၊ကျောက်တံခါးမြို့နယ်ရှိ ကုန်းမြင့် သာကျေးရွာ(၁၂မိုင်) က ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းလေးမှာရှိတဲ့ “စာကြည့်တိုက်” ဆောက်လုပ် လှူဒါန်းဖို့အတွက် အလှူငွေများ၊ ကမ်းဇေယျာ ပရဟိတ သီလရှင် စာသင်တိုက်မှ သီလရှင်လေးများ နဲ့ St. Mary( ကျောက်တန်း ) ကလေးငယ်လေးတွေအတွက် လိုအပ်တာတွေကိုလည်း သွားရောက် လှူဒါန်းခဲ့ပါတယ်။ သူမရဲ့ မွေးနေ့ အလှူတွေမှာလည်း ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းက ပါရမီဖြည့်ပေးခဲ့တာ ဖြစ်ပြီး အနုပညာရှင် မောင်နှမများနဲ့ ပရိသတ်တွေကလည်း သာဓု (၃) ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။

ချစ်သူဝေဟာ ခေတ်သစ် ဖောင်ဒေးရှင်းနဲ့ ကိုဗစ်ကာလမှ အလှူအတန်းတွေ အဆက်မပြတ် ဆောင်ရွက်နေတာတွေ့ရပါတယ်။ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံကြီးတွေ၊ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတဲ့ နေရာ ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။

ချစ်သုဝေဟာ ခင်ပွန်းဖြစ်သူ လင်းလင်းနဲ ့အတူ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ် တို့ကို ပိုင်ဆိုင်ထားသူတွေပါ။ သမီးလေး နှစ်ယောက်နာမည်နဲ့ ” ခေတ်သစ်ဖောင်ဒေးရှင်း” ကိုလည်း ထူထောင်ထားကာ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ် ထောက်ပံ့ပေးနေသလို ကလေးတွေရဲ့ ပညာရေးအတွက် ပါ ဆောင်ရွက်ပေး နေတာ တွေ့ရပါတယ်။

ဆယ်လီရပ်ကွက်