ေရႊကြန္း ကြန္ဒို တြင္ ေရႊ အေရာင္း အဝယ္ လုပ္ တဲ့ လင္ မယား ႏွစ္ဦး ရဲ့ အျဖစ္ အပ်က္

ကမာ ရြတ္ၿမိဳ႕နယ္စံရိပ္ၿငိမ္ မွတ္တိုင္ အနီး ရတနာၿမိဳင္လမ္းရွိ ေရႊကြန္း ကြန္ဒို တြင္ ေနထိုင္ေသာ ေရႊအေရာင္း အဝယ္ လုပ္ငန္းရွင္လင္မယား အား ၾသဂုတ္ ၁၀ ရက္ည ၉ နာရီခြဲခန႔္အခ်ိန္က အႏုၾကမ္းစီးသည့္ အမႈျဖစ္ပြား ခဲ့ေၾကာင္း ကမာရြတ္ၿမိဳ႕နယ္ရဲစခန္းက ျပည္ျမန္မာ ကိုအတည္ျပဳေျပာၾကားသည္။

အဆိုပါအမႈကို ပ- ၇၇၉/၂၀၂၀ ျဖင့္ အမႈဖြင့္ ထားကာ စုံစမ္းေနၿပီျဖစ္ေၾကာင္း အဆိုပါစခန္း ၏ တာဝန္က်ရဲအရာထမ္း တစ္ဦးကဆိုသည္။

အႏုၾကမ္းစီးသူမ်ားကအိမ္ရွင္ အမ်ိဳးသား အား လက္ထိပ္ခတ္ ထား၍ ရတနာႏွင့္ ေငြမရမခ်င္း ေပါင္ၿခံကို ဓားျဖင့္စိတ္ႀကိဳက္မႊမ္း၍ စိမ္ေျပနေၿပ ျပဳလုပ္ ျပီးေနာက္ အိမ္ရွင္အမ်ိဳးသမီး အားလည္း လက္ထိပ္ခတ္ ေျခေထာက္ကိုပလပ္စတစ္ႀကိဳးျဖင့္ ခ်ည္ေႏွာင္၍ေငြသားႏွင့္ လက္ဝတ္ရတနာ အခ်ိဳ႕ယူေဆာင္ ထြက္ေျပး သြားေၾကာင္းလည္း သိရသည္။ က်ဴးလြန္သူမ်ားမွာအမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသား သုံးဦးတို႔ျဖစ္ေၾကာင္း ကနဦးသတင္းရရွိသည္။

ရွှေကွန်း ကွန်ဒို တွင် ရွှေ အရောင်း အဝယ် လုပ် တဲ့ လင် မယား နှစ်ဦး ရဲ့ အဖြစ် အပျက်

ကမာ ရွတ်မြို့နယ်စံရိပ်ငြိမ် မှတ်တိုင် အနီး ရတနာမြိုင်လမ်းရှိ ရွှေကွန်း ကွန်ဒို တွင် နေထိုင်သော ရွှေအရောင်း အဝယ် လုပ်ငန်းရှင်လင်မယား အား သြဂုတ် ၁၀ ရက်ည ၉ နာရီခွဲခန့်အချိန်က အနုကြမ်းစီးသည့် အမှုဖြစ်ပွား ခဲ့ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်းက ပြည်မြန်မာ ကိုအတည်ပြုပြောကြားသည်။

အဆိုပါအမှုကို ပ- ၇၇၉/၂၀၂၀ ဖြင့် အမှုဖွင့် ထားကာ စုံစမ်းနေပြီဖြစ်ကြောင်း အဆိုပါစခန်း ၏ တာဝန်ကျရဲအရာထမ်း တစ်ဦးကဆိုသည်။

အနုကြမ်းစီးသူများကအိမ်ရှင် အမျိုးသား အား လက်ထိပ်ခတ် ထား၍ ရတနာနှင့် ငွေမရမချင်း ပေါင်ခြံကို ဓားဖြင့်စိတ်ကြိုက်မွှမ်း၍ စိမ်ပြေနပြေ ပြုလုပ် ပြီးနောက် အိမ်ရှင်အမျိုးသမီး အားလည်း လက်ထိပ်ခတ် ခြေထောက်ကိုပလပ်စတစ်ကြိုးဖြင့် ချည်နှောင်၍ငွေသားနှင့် လက်ဝတ်ရတနာ အချို့ယူဆောင် ထွက်ပြေး သွားကြောင်းလည်း သိရသည်။ ကျူးလွန်သူများမှာအမျိုးသမီးတစ်ဦးနှင့် အမျိုးသား သုံးဦးတို့ဖြစ်ကြောင်း ကနဦးသတင်းရရှိသည်။