ကမၻာ့ ပထမဆုံး ကိုဗစ္ ကာကြယ္ေဆး ကို ႐ုရွားနိုင္ငံ က ၾသဂုတ္လ ၁၂ ရက္ေန႔ တြင္ မွတ္ပုံတင္ မည္

COVID-19 ကာကြယ္ေဆး ရ ရွိနိုင္ဖို႔ ကမၻာ တဝွမ္းက ႀကိဳးစားရွာေဖြေနၾကပါတယ္။အေမရိကန္၊ တ႐ုတ္၊ယူေကနဲ႔ ႐ုရွားနိုင္ငံ အပါအဝင္ နိုင္ငံအမ်ားစုက COVID-19 ကာကြယ္ေဆး ရရွိဖို႔ ႀကိဳးစားေနၾကပါတယ္။ဇူလိုင္လေႏွာင္းပိုင္းမွာေတာ့ ႐ုရွားနိုင္ငံက ၾသဂုတ္လထဲမွာ ကာကြယ္ေဆး ထုတ္လုပ္နိုင္မယ့္ လမ္းေၾကာင္းေပၚေရာက္ေနၿပီလို႔ ေျပာၾကားခဲ့သလို အေမရိကန္ ကူးစက္ေရာဂါ ဆိုင္ရာ ပညာရွင္ ေဒါက္တာ Anthony Fauci ကလည္း မၾကာခင္ပိုင္းေလာက္မွာ COVID-19 ကာကြယ္ေဆး ရရွိနိုင္မယ္လို႔ ေမၽွာ္လင့္ထားေၾကာင္း အေမရိကန္ လႊတ္ေတာ္အမတ္ေတြကို ေျပာၾကားခဲ့ပါတယ္။

႐ုရွားနိုင္ငံရဲ့ က်န္းမာေရး ဝန္ႀကီးဌာနက ၾသဂုတ္လ ၁၂ ရက္ေန႔မွာ COVID-19 ကာကြယ္ေဆး မွတ္ပုံတင္မယ္ လို႔ ေၾကညာထားသလို ႐ုရွားသမၼတ ပူတင္ကလည္း ကမၻာ့ပထမဆုံး COVID-19 ကာ ကြယ္ေဆးကို မၾကာခင္ရက္ပိုင္းအတြင္း မွတ္ပုံတင္သြားမယ္လို႔ ေျပာၾကားထားပါတယ္။႐ုရွားနိုင္ငံက သိပၸံ ပညာရွင္ေတြဟာ လိုအပ္တဲ့ စမ္းသပ္ စစ္ေဆးမႈေတြကို ျပဳလုပ္နိုင္ခဲ့ၿပီး ကာကြယ္ေဆးဟာ လုံျခဳံမႈနဲ႔ ထိေရာက္မႈ ရွိတယ္လို႔လည္း သမၼတ ပူတင္က ေျပာပါတယ္။ တဆက္တည္းမွာပဲ ႐ုရွားသမၼတက ဒီကာကြယ္ေဆးကို ႐ုရွားတနိုင္ငံတည္းအတြက္ သုံးစြဲသြားမွာ မဟုတ္ဘဲ ကမၻာတဝွမ္းလုံးအတြက္ သုံးစြဲသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

႐ုရွားနိုင္ငံ က်န္းမာေရးဝန္ႀကီးခ်ဳပ္ျဖစ္သူ Mikhail Murashko ကလည္း ေအာက္တိုဘာလ ကစၿပီး ႐ုရွားတနိုင္ငံလုံးကို ကာကြယ္ ေဆးထိုးျခင္း အစီအစဥ္ေတြ ေဆာင္ရြက္သြားမယ္လို႔ ေျပာၾကား ခဲ့ပါ တယ္။ ကာကြယ္ေဆးထိုးတဲ့ ကုန္က်စရိတ္ေတြ အားလုံးကို ႐ုရွားအစိုးရက က်ခံသြားမယ္လို႔ သိရပါ တယ္။ကာကြယ္ေဆး စမ္းသပ္မႈ အစီအစဥ္ကို ဇြန္လ ၁၈ ရက္ေန႔က ေမာ္စကိုၿမိဳ႕ရဲ့ တကၠသိုလ္ တခုမွာ ေစတနာဝန္ထမ္း ၃၈ ေယာက္ နဲ႔ စမ္းသပ္ခဲ့ပါတယ္။ ေလ့လာမႈေတြအရ ကာကြယ္ေဆးထိုးတဲ့လူ အားလုံး ေဘးကင္း လုံျခဳံမႈရွိသလို ေရာဂါကူးစက္မႈဒဏ္ကို ပိုၿပီး ခံနိုင္ရည္ရွိေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

Credit Irrawaddy
Ref: rt

ကမ္ဘာ့ ပထမဆုံး ကိုဗစ် ကာကွယ်ဆေး ကို ရုရှားနိုင်ငံ က သြဂုတ်လ ၁၂ ရက်နေ့ တွင် မှတ်ပုံတင် မည်

COVID-19 ကာကွယ်ဆေး ရ ရှိနိုင်ဖို့ ကမ္ဘာ တဝှမ်းက ကြိုးစားရှာဖွေနေကြပါတယ်။အမေရိကန်၊ တရုတ်၊ယူကေနဲ့ ရုရှားနိုင်ငံ အပါအဝင် နိုင်ငံအများစုက COVID-19 ကာကွယ်ဆေး ရရှိဖို့ ကြိုးစားနေကြပါတယ်။ဇူလိုင်လနှောင်းပိုင်းမှာတော့ ရုရှားနိုင်ငံက သြဂုတ်လထဲမှာ ကာကွယ်ဆေး ထုတ်လုပ်နိုင်မယ့် လမ်းကြောင်းပေါ်ရောက်နေပြီလို့ ပြောကြားခဲ့သလို အမေရိကန် ကူးစက်ရောဂါ ဆိုင်ရာ ပညာရှင် ဒေါက်တာ Anthony Fauci ကလည်း မကြာခင်ပိုင်းလောက်မှာ COVID-19 ကာကွယ်ဆေး ရရှိနိုင်မယ်လို့ မျှော်လင့်ထားကြောင်း အမေရိကန် လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက သြဂုတ်လ ၁၂ ရက်နေ့မှာ COVID-19 ကာကွယ်ဆေး မှတ်ပုံတင်မယ် လို့ ကြေညာထားသလို ရုရှားသမ္မတ ပူတင်ကလည်း ကမ္ဘာ့ပထမဆုံး COVID-19 ကာ ကွယ်ဆေးကို မကြာခင်ရက်ပိုင်းအတွင်း မှတ်ပုံတင်သွားမယ်လို့ ပြောကြားထားပါတယ်။ရုရှားနိုင်ငံက သိပ္ပံ ပညာရှင်တွေဟာ လိုအပ်တဲ့ စမ်းသပ် စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ခဲ့ပြီး ကာကွယ်ဆေးဟာ လုံခြုံမှုနဲ့ ထိရောက်မှု ရှိတယ်လို့လည်း သမ္မတ ပူတင်က ပြောပါတယ်။ တဆက်တည်းမှာပဲ ရုရှားသမ္မတက ဒီကာကွယ်ဆေးကို ရုရှားတနိုင်ငံတည်းအတွက် သုံးစွဲသွားမှာ မဟုတ်ဘဲ ကမ္ဘာတဝှမ်းလုံးအတွက် သုံးစွဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးချုပ်ဖြစ်သူ Mikhail Murashko ကလည်း အောက်တိုဘာလ ကစပြီး ရုရှားတနိုင်ငံလုံးကို ကာကွယ် ဆေးထိုးခြင်း အစီအစဉ်တွေ ဆောင်ရွက်သွားမယ်လို့ ပြောကြား ခဲ့ပါ တယ်။ ကာကွယ်ဆေးထိုးတဲ့ ကုန်ကျစရိတ်တွေ အားလုံးကို ရုရှားအစိုးရက ကျခံသွားမယ်လို့ သိရပါ တယ်။ကာကွယ်ဆေး စမ်းသပ်မှု အစီအစဉ်ကို ဇွန်လ ၁၈ ရက်နေ့က မော်စကိုမြို့ရဲ့ တက္ကသိုလ် တခုမှာ စေတနာဝန်ထမ်း ၃၈ ယောက် နဲ့ စမ်းသပ်ခဲ့ပါတယ်။ လေ့လာမှုတွေအရ ကာကွယ်ဆေးထိုးတဲ့လူ အားလုံး ဘေးကင်း လုံခြုံမှုရှိသလို ရောဂါကူးစက်မှုဒဏ်ကို ပိုပြီး ခံနိုင်ရည်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

Credit Irrawaddy
Ref: rt