ဆယ္တန္း ကို ဂုဏ္ထူးေလး ဘာသာ နဲ႔ နွစ္ခ်င္း ေပါက္ ေအာင္ျမင္ ခဲ့တဲ့ ကေလး သရုပ္ ေဆာင္ ဂ်ဴလီယာ ပါဝါ

႐ုပ္ရွင္ ဇာတ္ကားေကာင္း တစ္ခုမွာ သ႐ုပ္ေဆာင္ ၾကတဲ့ ဇာတ္ေဆာင္ မင္းသား၊ မင္းသမီး၊ ဇာတ္ပို႔၊ ဇာတ္ရံေတြ ကလည္း အေရးႀကီးတယ္ ဆိုေပမယ့္ ကေလး သ႐ုပ္ေဆာင္ ေတြကလည္း ဇာတ္လမ္းတစ္ခုကို အရွိန္ရေစဖို႔ ပံ့ပိုးေပးၾကသူမ်ား ျဖစ္ၾကပါတယ္။ ကေလးသ႐ုပ္ေဆာင္ ေတာ္ေတာ္မ်ားမ်ားက အ႐ြယ္ေရာက္ႀကီးျပင္းလာခ်ိန္မွာ အႏုပညာေလာကထဲမွာ ဆက္လက္က်င္လည္ၾကၿပီး တစ္ခ်ိဳ႕ကေတာ့ အႏုပညာေလာကကေန အၿပီးတိုင္ ေပ်ာက္ကြယ္ၿပီး သာမာန္လူတစ္ေယာက္အျဖစ္ပဲ ေနထိုင္ၾကေလ့ရွိပါတယ္။

ကေလး သ႐ုပ္ေဆာင္ေတြထဲက လြန္ခဲ့တဲ့ (၇)ႏွစ္ေက်ာ္ (၈) ေလာက္က ပရိသတ္ေတြသိခဲ့ၾကတဲ့ ဒါရိုက္တာ ေအာင္ဗပါဝါရဲ႕သမီး ဂ်ဴလီယာပါဝါကို ပရိသတ္ႀကီး မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ဂ်ဴလီယာပါဝါက အခုဆိုရင္ အႏုပညာအလုပ္ေတြနဲ႕ အလွမ္းေဝးသြားခဲ့ၿပီး တကၠသိုလ္ဝင္တန္းစာေမးပြဲကို ေျဖဆိုထားတာပဲ ျဖစ္ပါတယ္။ ဂ်ဴလီယာပါဝါက သူမရဲ႕ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ျမန္မာစာ၊ သခၤ်ာ၊ ဓာတုေဗဒ၊ ဇီဝေဗဒ ဘာသာရပ္မ်ားနဲ႕ ႏွစ္ခ်င္းေပါက္ေအာင္ျမင္ခဲ့တယ္လို႔ သိရပါတယ္။

ဂ်ဴလီယာပါဝါကေတာ့ တကၠသိုလ္ ဝင္တန္း စာေမးပြဲကို မႏၱေလးတိုင္းေဒသႀကီး မလွိုင္ စာစစ္ဌာနကေနၿပီး ေလးဘာသာဂုဏ္ထူး နဲ႕ ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဂ်ဴလီယာပါဝါ အတြက္ ဝမ္းသာဂုဏ္ယူေနၾကမယ္ ထင္ပါ တယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Aungba Power’s f

ဆယ်တန်း ကို ဂုဏ်ထူးလေး ဘာသာ နဲ့ နှစ်ချင်း ပေါက် အောင်မြင် ခဲ့တဲ့ ကလေး သရုပ် ဆောင် ဂျူလီယာ ပါဝါ

ရုပ်ရှင် ဇာတ်ကားကောင်း တစ်ခုမှာ သရုပ်ဆောင် ကြတဲ့ ဇာတ်ဆောင် မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံတွေ ကလည်း အရေးကြီးတယ် ဆိုပေမယ့် ကလေး သရုပ်ဆောင် တွေကလည်း ဇာတ်လမ်းတစ်ခုကို အရှိန်ရစေဖို့ ပံ့ပိုးပေးကြသူများ ဖြစ်ကြပါတယ်။ ကလေးသရုပ်ဆောင် တော်တော်များများက အရွယ်ရောက်ကြီးပြင်းလာချိန်မှာ အနုပညာလောကထဲမှာ ဆက်လက်ကျင်လည်ကြပြီး တစ်ချို့ကတော့ အနုပညာလောကကနေ အပြီးတိုင် ပျောက်ကွယ်ပြီး သာမာန်လူတစ်ယောက်အဖြစ်ပဲ နေထိုင်ကြလေ့ရှိပါတယ်။

ကလေး သရုပ်ဆောင်တွေထဲက လွန်ခဲ့တဲ့ (၇)နှစ်ကျော် (၈) လောက်က ပရိသတ်တွေသိခဲ့ကြတဲ့ ဒါရိုက်တာ အောင်ဗပါဝါရဲ့သမီး ဂျူလီယာပါဝါကို ပရိသတ်ကြီး မှတ်မိကြဦးမယ် ထင်ပါတယ်။ ဂျူလီယာပါဝါက အခုဆိုရင် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုထားတာပဲ ဖြစ်ပါတယ်။ ဂျူလီယာပါဝါက သူမရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များနဲ့ နှစ်ချင်းပေါက်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ဂျူလီယာပါဝါကတော့ တက္ကသိုလ် ဝင်တန်း စာမေးပွဲကို မန္တလေးတိုင်းဒေသကြီး မလှိုင် စာစစ်ဌာနကနေပြီး လေးဘာသာဂုဏ်ထူး နဲ့ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဂျူလီယာပါဝါ အတွက် ဝမ်းသာဂုဏ်ယူနေကြမယ် ထင်ပါ တယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aungba Power’s f