ငိုဖို႔ မ်က္ ရည္ မက်လို႔ ဒါရိုက္တာ စတီးလ္ က ေက်ာ ကို တီးတာ ခံ လိုက္ရ တယ္ ဆိုတဲ့ ျဖဴျဖဴ ေထြး

ၿပီးခဲ့တဲ့ႏွစ္ ေတြကစၿပီး ပရိသတ္ရဲ့ ခ်စ္ျခင္း ေမတၱာကို ရရွိလာၿပီး အခု ဆိုရင္ အႏုပညာ အလုပ္ေတြကို ဆက္တိုက္ လုပ္ေနၿပီ ျဖစ္တဲ့ ျဖဴျဖဴေထြးက အခုခ်ိန္မွာေတာ့ ေၾကာ္ျငာရိုက္ကူးေရးေတြ ကိုလည္း ဆက္တိုက္ ရိုက္ကူးေနရၿပီး ခ်စ္စရာ ေကာင္းၿပီး ဟန္ေဆာင္မႈကင္း ရိုးသားပြင့္လင္းတဲ့ စကားေျပာ ပုံေတြေၾကာင့္လည္း ျဖဴျဖဴေထြး ကို ပရိသတ္ေတြက ပိုၿပီးခ်စ္ ပိုၿပီး လက္ခံအားေပးလာၾကတာကေတာ့ အမွန္ပါပဲ။ ျဖဴျဖဴေထြးက အခုဆိုရင္ ႐ုပ္ရွင္ေတြလည္း ရိုက္ေနရၿပီျဖစ္ၿပီး တက္သစ္စ မင္းသမီးေလးတစ္ေယာက္ျဖစ္ေနတဲ့အျပင္ မိဘကိုလုပ္ေကၽြးနိုင္တဲ့ သမီးေကာင္းရတနာေလးလည္းျဖစ္ေနပါၿပီ။

ျဖဴျဖဴေထြးက မၾကာေသးမီက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ဒါရိုက္တာ စတီးလ္ရဲ့ သင္ျပမႈေတြ အေၾကာင္းနဲ႔ ရိုက္ကြင္းမွာ ေက်ာျပင္ကို ေဗ်ာတင္ခံ လိုက္ရတယ္ဆိုတဲ့အေၾကာင္း ေျပာျပလာခဲ့ပါတယ္။ ျဖဴျဖဴေထြးက ဇာတ္ကားရိုက္ရင္းနဲ႔ ငိုရမယ့္အခန္းေတြမွာ အခက္ေတြ႕ရေၾကာင္း “ငယ္ငယ္ေလးတုန္းကလည္း မိသားစုေတြရန္ျဖစ္တယ္ဆို လို႔ရွိရင္ ကိုယ့္ေရွ႕ မွာျမင္တာမွ ငိုတာကိုး။ကိုယ္တကယ္လုပ္လိုက္တဲ့ဟာတစ္ခုမွားသြားၿပီဆိုမွ ကိုယ့္ကို အိမ္ကဆူလိုက္တယ္ ေငါက္လိုက္တယ္ဆိုမွ အဲ့ေတာ့မွ မ်က္ရည္က်တာကိုး ဒါေပမယ့္ အဲဒီမွာ လုံးဝမ်က္ရည္မက်ဘူး။ တကယ္က်ရမယ့္ အခန္းမွာ လုံးဝမ်က္ရည္မက်ဘူး ရယ္ပဲရယ္ေနတာ”လို႔ ေျပာၿပ ထားပါတယ္။

အဲဒီမွာ ဦးစတီးလ္က ေက်ာကို တီးလိုက္ေတာ့ မွ မ်က္ရည္က ေအာ္တို က်လာတယ္ လို႔လည္း “မုဒ္သြင္းရမယ္ ဆိုတာ ကိုယ့္ ကိုယ္ကိုယ္ သိတယ္ေလ။ ဒါေပမယ့္ မုဒ္မသြင္း တတ္ဘူး။ မိသားစု အေၾကာင္းေတြျပန္ေတြးတဲ့ ငိုတဲ့ အကုန္တိတ္ ဘာညာနဲ႔ ေျပာၿပီးေတာ့ မွ မိသားစုအေၾကာင္းေတြ ျပန္ေတြးလည္း မိသားစုက ေပ်ာ္ေပ်ာ္ပဲ ငိုလို႔ မရဘူး။ အဲဒါနဲ႔ ဦးစတီးလ္က ဒီလိုေလး ကိုင္ၿပီး အုံးအုံးဆိုၿပီး သုံးခ်က္ ေကၽြးလိုက္တာ အဲ့မွာ ေႂကြထြက္သြားတယ္ ရင္ဘတ္ေတြ အကုန္။ အဲ့မွာစၿပီး မ်က္လုံးထဲ ကေန မ်က္ရည္ေတြ က်လာတာ။ အဲ့အခန္းကေတာ့ ေၾကာက္ဖို႔အေကာင္းဆုံးပဲ”လို႔ ရင္ဖြင့္ထားပါတယ္။

ပရိသတ္ႀကီးေရာ ျဖဴျဖဴေထြးကိုခ်စ္ၾကလား။ ျဖဴျဖဴေထြး ရဲ့ ေနာက္ထပ္လုပ္မယ့္အႏုပညာအလုပ္ေတြကိုေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ငိုဖို့ မျက် ရည် မကျလို့ ဒါရိုက်တာ စတီးလ် က ကျော ကို တီးတာ ခံ လိုက်ရ တယ် ဆိုတဲ့ ဖြူဖြူ ထွေး

ပြီးခဲ့တဲ့နှစ် တွေကစပြီး ပရိသတ်ရဲ့ ချစ်ခြင်း မေတ္တာကို ရရှိလာပြီး အခု ဆိုရင် အနုပညာ အလုပ်တွေကို ဆက်တိုက် လုပ်နေပြီ ဖြစ်တဲ့ ဖြူဖြူထွေးက အခုချိန်မှာတော့ ကြော်ငြာရိုက်ကူးရေးတွေ ကိုလည်း ဆက်တိုက် ရိုက်ကူးနေရပြီး ချစ်စရာ ကောင်းပြီး ဟန်ဆောင်မှုကင်း ရိုးသားပွင့်လင်းတဲ့ စကားပြော ပုံတွေကြောင့်လည်း ဖြူဖြူထွေး ကို ပရိသတ်တွေက ပိုပြီးချစ် ပိုပြီး လက်ခံအားပေးလာကြတာကတော့ အမှန်ပါပဲ။ ဖြူဖြူထွေးက အခုဆိုရင် ရုပ်ရှင်တွေလည်း ရိုက်နေရပြီဖြစ်ပြီး တက်သစ်စ မင်းသမီးလေးတစ်ယောက်ဖြစ်နေတဲ့အပြင် မိဘကိုလုပ်ကျွေးနိုင်တဲ့ သမီးကောင်းရတနာလေးလည်းဖြစ်နေပါပြီ။

ဖြူဖြူထွေးက မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဒါရိုက်တာ စတီးလ်ရဲ့ သင်ပြမှုတွေ အကြောင်းနဲ့ ရိုက်ကွင်းမှာ ကျောပြင်ကို ဗျောတင်ခံ လိုက်ရတယ်ဆိုတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။ ဖြူဖြူထွေးက ဇာတ်ကားရိုက်ရင်းနဲ့ ငိုရမယ့်အခန်းတွေမှာ အခက်တွေ့ရကြောင်း “ငယ်ငယ်လေးတုန်းကလည်း မိသားစုတွေရန်ဖြစ်တယ်ဆို လို့ရှိရင် ကိုယ့်ရှေ့ မှာမြင်တာမှ ငိုတာကိုး။ကိုယ်တကယ်လုပ်လိုက်တဲ့ဟာတစ်ခုမှားသွားပြီဆိုမှ ကိုယ့်ကို အိမ်ကဆူလိုက်တယ် ငေါက်လိုက်တယ်ဆိုမှ အဲ့တော့မှ မျက်ရည်ကျတာကိုး ဒါပေမယ့် အဲဒီမှာ လုံးဝမျက်ရည်မကျဘူး။ တကယ်ကျရမယ့် အခန်းမှာ လုံးဝမျက်ရည်မကျဘူး ရယ်ပဲရယ်နေတာ”လို့ ပြောပြ ထားပါတယ်။

အဲဒီမှာ ဦးစတီးလ်က ကျောကို တီးလိုက်တော့ မှ မျက်ရည်က အော်တို ကျလာတယ် လို့လည်း “မုဒ်သွင်းရမယ် ဆိုတာ ကိုယ့် ကိုယ်ကိုယ် သိတယ်လေ။ ဒါပေမယ့် မုဒ်မသွင်း တတ်ဘူး။ မိသားစု အကြောင်းတွေပြန်တွေးတဲ့ ငိုတဲ့ အကုန်တိတ် ဘာညာနဲ့ ပြောပြီးတော့ မှ မိသားစုအကြောင်းတွေ ပြန်တွေးလည်း မိသားစုက ပျော်ပျော်ပဲ ငိုလို့ မရဘူး။ အဲဒါနဲ့ ဦးစတီးလ်က ဒီလိုလေး ကိုင်ပြီး အုံးအုံးဆိုပြီး သုံးချက် ကျွေးလိုက်တာ အဲ့မှာ ကြွေထွက်သွားတယ် ရင်ဘတ်တွေ အကုန်။ အဲ့မှာစပြီး မျက်လုံးထဲ ကနေ မျက်ရည်တွေ ကျလာတာ။ အဲ့အခန်းကတော့ ကြောက်ဖို့အကောင်းဆုံးပဲ”လို့ ရင်ဖွင့်ထားပါတယ်။

ပရိသတ်ကြီးရော ဖြူဖြူထွေးကိုချစ်ကြလား။ ဖြူဖြူထွေး ရဲ့ နောက်ထပ်လုပ်မယ့်အနုပညာအလုပ်တွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။