ေအာင္ခ်က္ေကာင္း ၿပီး ဂုဏ္ထူး ေတြ အျမဲတမ္း ထြက္တဲ့ မလွိုင္ေက်ာင္း ရဲ့ ေနာက္ ကြယ္ က အေၾကာင္း ရင္း – HNM

ဒီေန႔ ဘာေျပာ ျဖစ္လဲ ဆိုရင္… နာမည္ႀကီးေက်ာင္း တစ္ခုရဲ့ ဆယ္တန္း ေအာင္ခ်က္။ ေအာင္ၾကတယ္။ All Dေတြ၊ 5 Dေတြ တျပဳံးႀကီးနဲ႔ေပ့ါ။

ဆရာသမား ဘုန္းႀကီးက ေျပာ တယ္။ ေတာ္တဲ့ လူေတြပဲ ေရြးလက္ခံတာ ဆိုေတာ့ ေအာင္ၾကမွာပဲ ဆိုတဲ့ သေဘာ။ အဲ့ဒိေက်ာင္း ဝင္ခြင့္တင္ ႏွစ္သိန္း ေပးရတယ္ ဆိုတယ္။ ဝင္ခြင့္ မွာတင္ တစ္နိုင္ငံလုံးက ပိုက္ဆံတတ္နိုင္တဲ့ သားသမီးေတြ သူ႔ထက္ငါ လာေျဖၾကတယ္။

ထားေတာ့။ ဝင္ခြင့္ရၿပီ။ ေနခြင့္ရၿပီဆိုရင္ ေက်ာင္း ဝင္ေၾကး၊ ဒီျပင္အကုန္အက်နဲ႔ တစ္ႏွစ္ စရိတ္က သိန္းတစ္ရာ ပတ္လည္ေလာက္ ရွိတယ္ေပါ့။ ဆိုတဲ့အခါ မိမိျမင္တာက အဲ့ီ ေက်ာင္းရဲ့ ေက်ာင္းသူေက်ာင္း သား အမ်ားစုက ပိုက္ဆံရွိတဲ့ လူေတြခ်ည္းပဲ။ မိဘက ေက်ာင္းစရိတ္တင္ သိန္းတစ္ရာေလာက္ ျဖဳန္းနိုင္တယ္။ ေက်ာင္းၿပီးရင္လည္း တကၠသိုလ္ အတြက္ ထပ္ျဖဳန္းနိုင္တယ္။ တကၠသိုလ္ၿပီးရင္ လုပ္ငန္းခြင္ဝင္ဖို႔လည္း ထပ္ရင္းႏွီးေပးနိုၾကတဲ့သူ မ်ားမယ္။ ဒီကေလးေတြဘဝက အာမခံခ်က္ ရွိတယ္ ဆိုလို႔ ရတယ္။

အျခားအျခား တစ္ႏွစ္ကို သားေလး သမီးေလး ဆယ္တန္းေအာင္ဖို႔ ဆယ္သိန္းေလာက္ ကို မနည္းႀကိဳးစား ရွာၿပီး နီးစပ္ရာ ေဘာ္ဒါ၊ က်ဴရွင္မွာ ထားၾကရတဲ့ မိဘေတြ ရွိတယ္။ တခ်ိဳ႕က် သားသမီးကို အျပင္ေဘာ္ဒါထားဖို႔ ပိုက္ဆံမတတ္နိုင္တာေၾကာင့္ ဘကလို ပရဟိတေတြဆီမွာ ထားၾကရတယ္။ ဒါလည္း အကုန္အက် ရွိတာပါပဲ။ ဆို… ပိုက္ဆံရွိတဲ့ မိဘေတြက သားသမီးအတြက္ သိန္း ၁၀၀ ေလာက္ထိ ျဖဳန္းနိုင္တဲ့ အခ်ိန္မွာ တစ္ဖက္က မတတ္နိုင္သူအဖို႔ သူတို႔ သားသမီး ဆယ္တန္းေအာင္ ဘြဲ႕ရ တစ္ဘဝလုံး အလုပ္လုပ္ရင္ေတာင္ သိန္း ၁၀၀ ေလာက္ဆိုတာ စုမိဖို႔ရာ မေသခ်ာဘူး။

ဆယ္တန္းေအာင္၊ မိဘက ပိုက္ဆံရွိသူ အတြက္ ေရွ႕ေရးက အာမခံခ်က္ အမ်ားႀကီး ရွိတယ္။ ဘြဲ႕ရ၊ အလုပ္ဝင္ – အားလုံး ေသခ်ာေရရာ သေလာက္ပဲ။ ဆယ္တန္းေအာင္၊ မိဘက ပိုက္ဆံ မရွိသူအတြက္ ေရွ႕ေရးက အာမခံခ်က္က မေရမရာ။ အေဝးသင္ သို႔မဟုတ္ day,တက္ ဘြဲ႕ရ။ ဘြဲ႕ရၿပီးလည္း အလုပ္ရဖို႔ မေရမရာ။ ဘဝက လုံးခ်ာလည္။

ဆိုေတာ့ ဆယ္တန္း ေအာင္တာ ခ်င္း တူတယ္။ မိဘခ်င္း မတူဘူး။ မိဘခ်င္း မတူတာ၊ ပိုက္ဆံျဖဳန္းနိုင္/ ရင္းေပးနိုင္တာခ်င္း မတူတာနဲ႔ပဲ ဘဝေတြက ေဝးသြား ၾကတယ္။ ေယဘုယ် ေျပာရင္ ပိုက္ဆံရွိတဲ့ သားသမီး ဆယ္တန္း ေအာင္၊ ပို ပိုၿပီးသာ ရွိရွိသြားဖို႔၊ အဆင့္ျမင့္သြားဖို႔ ရွိတယ္။ ပိုက္ဆံ မရွိတဲ့ သားသမီး ဆယ္တန္းေအာင္။ မရွိတဲ့သူက မရွိတဲ့ ဘဝနဲ႔ပဲ လိုက္ေလ်ာညီေထြ ႐ုန္းကန္ေပေရာ့ပဲ။ အာမခံခ်က္၊ ေသခ်ာ ေရရာမႈ နည္းပါးလြန္းတယ္။

cakkhu

အောင်ချက်ကောင်း ပြီး ဂုဏ်ထူး တွေ အမြဲတမ်း ထွက်တဲ့ မလှိုင်ကျောင်း ရဲ့ နောက် ကွယ် က အကြောင်း ရင်း – HNM

ဒီနေ့ ဘာပြော ဖြစ်လဲ ဆိုရင်… နာမည်ကြီးကျောင်း တစ်ခုရဲ့ ဆယ်တန်း အောင်ချက်။ အောင်ကြတယ်။ All Dတွေ၊ 5 Dတွေ တပြုံးကြီးနဲ့ပေ့ါ။

ဆရာသမား ဘုန်းကြီးက ပြော တယ်။ တော်တဲ့ လူတွေပဲ ရွေးလက်ခံတာ ဆိုတော့ အောင်ကြမှာပဲ ဆိုတဲ့ သဘော။ အဲ့ဒိကျောင်း ဝင်ခွင့်တင် နှစ်သိန်း ပေးရတယ် ဆိုတယ်။ ဝင်ခွင့် မှာတင် တစ်နိုင်ငံလုံးက ပိုက်ဆံတတ်နိုင်တဲ့ သားသမီးတွေ သူ့ထက်ငါ လာဖြေကြတယ်။

ထားတော့။ ဝင်ခွင့်ရပြီ။ နေခွင့်ရပြီဆိုရင် ကျောင်း ဝင်ကြေး၊ ဒီပြင်အကုန်အကျနဲ့ တစ်နှစ် စရိတ်က သိန်းတစ်ရာ ပတ်လည်လောက် ရှိတယ်ပေါ့။ ဆိုတဲ့အခါ မိမိမြင်တာက အဲီ့ ကျောင်းရဲ့ ကျောင်းသူကျောင်း သား အများစုက ပိုက်ဆံရှိတဲ့ လူတွေချည်းပဲ။ မိဘက ကျောင်းစရိတ်တင် သိန်းတစ်ရာလောက် ဖြုန်းနိုင်တယ်။ ကျောင်းပြီးရင်လည်း တက္ကသိုလ် အတွက် ထပ်ဖြုန်းနိုင်တယ်။ တက္ကသိုလ်ပြီးရင် လုပ်ငန်းခွင်ဝင်ဖို့လည်း ထပ်ရင်းနှီးပေးနိုကြတဲ့သူ များမယ်။ ဒီကလေးတွေဘဝက အာမခံချက် ရှိတယ် ဆိုလို့ ရတယ်။

အခြားအခြား တစ်နှစ်ကို သားလေး သမီးလေး ဆယ်တန်းအောင်ဖို့ ဆယ်သိန်းလောက် ကို မနည်းကြိုးစား ရှာပြီး နီးစပ်ရာ ဘော်ဒါ၊ ကျူရှင်မှာ ထားကြရတဲ့ မိဘတွေ ရှိတယ်။ တချို့ကျ သားသမီးကို အပြင်ဘော်ဒါထားဖို့ ပိုက်ဆံမတတ်နိုင်တာကြောင့် ဘကလို ပရဟိတတွေဆီမှာ ထားကြရတယ်။ ဒါလည်း အကုန်အကျ ရှိတာပါပဲ။ ဆို… ပိုက်ဆံရှိတဲ့ မိဘတွေက သားသမီးအတွက် သိန်း ၁၀၀ လောက်ထိ ဖြုန်းနိုင်တဲ့ အချိန်မှာ တစ်ဖက်က မတတ်နိုင်သူအဖို့ သူတို့ သားသမီး ဆယ်တန်းအောင် ဘွဲ့ရ တစ်ဘဝလုံး အလုပ်လုပ်ရင်တောင် သိန်း ၁၀၀ လောက်ဆိုတာ စုမိဖို့ရာ မသေချာဘူး။

ဆယ်တန်းအောင်၊ မိဘက ပိုက်ဆံရှိသူ အတွက် ရှေ့ရေးက အာမခံချက် အများကြီး ရှိတယ်။ ဘွဲ့ရ၊ အလုပ်ဝင် – အားလုံး သေချာရေရာ သလောက်ပဲ။ ဆယ်တန်းအောင်၊ မိဘက ပိုက်ဆံ မရှိသူအတွက် ရှေ့ရေးက အာမခံချက်က မရေမရာ။ အဝေးသင် သို့မဟုတ် day,တက် ဘွဲ့ရ။ ဘွဲ့ရပြီးလည်း အလုပ်ရဖို့ မရေမရာ။ ဘဝက လုံးချာလည်။

ဆိုတော့ ဆယ်တန်း အောင်တာ ချင်း တူတယ်။ မိဘချင်း မတူဘူး။ မိဘချင်း မတူတာ၊ ပိုက်ဆံဖြုန်းနိုင်/ ရင်းပေးနိုင်တာချင်း မတူတာနဲ့ပဲ ဘဝတွေက ဝေးသွား ကြတယ်။ ယေဘုယျ ပြောရင် ပိုက်ဆံရှိတဲ့ သားသမီး ဆယ်တန်း အောင်၊ ပို ပိုပြီးသာ ရှိရှိသွားဖို့၊ အဆင့်မြင့်သွားဖို့ ရှိတယ်။ ပိုက်ဆံ မရှိတဲ့ သားသမီး ဆယ်တန်းအောင်။ မရှိတဲ့သူက မရှိတဲ့ ဘဝနဲ့ပဲ လိုက်လျောညီထွေ ရုန်းကန်ပေရော့ပဲ။ အာမခံချက်၊ သေချာ ရေရာမှု နည်းပါးလွန်းတယ်။

cakkhu