ေရေႏြးၾကမ္းမင္းသားႀကီးဟုအမ်ားသိေသာ ဒုတိယရဲမွဴးက စည္းကမ္းလိုက္နာ သူမ်ား အား ေ၀ငွသည့္ ေအာင္ဘာ ေလထီ မွ တစ္သိန္း ဆု ႏွစ္ဆု ႏွင့္ ငါးေသာင္း ဆု သံုး ဆု ဆြတ္ခူး

ေရေႏြးၾကမ္း မင္းသားႀကီးဟု အမ်ား သိေသာ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕တြင္ တာ၀န္ထမ္း ေဆာင္ ေနသည့္ ယာဥ္ထိန္းတပ္ဖြဲ႕စုမွဴး ဒုတိယရဲမွဴးေက်ာ္ခိုင္(ေရေႏြးၾကမ္းရဲ မင္းသား)က ယာဥ္စည္း ကမ္းလမ္း စည္းကမ္းလိုက္နာသူမ်ားအား အခမဲ့ေ၀ငွခဲ့သည့္ ေအာင္ဘာေလထီလက္မွတ္မွ တစ္သိန္းဆု ႏွစ္ဆုႏွင့္ ငါးေသာင္းဆု သံုးဆု ဆြတ္ခူးရရွိခဲ့ေၾကာင္း အဆိုပါ ဒုတိယရဲမွဴးေက်ာ္ခိုင္က ျပည္ျမန္မာကို ေျပာသည္။

အဆိုပါ တစ္သိန္းဆု ႏွစ္ဆုႏွင့္ ငါးေသာင္းဆု ေပါက္ခဲ့သူ ငါးဦးမွာ (၁၈) ႀကိမ္ေျမာက္ တစ္ေထာင္က်ပ္တန္ ေအာင္ဘာေလ ထီစနစ္မွ ဆြတ္ခူးရရွိခဲ့ျခင္းျဖစ္ေၾကာင္း၊၄င္းအေနျဖင့္ ယာဥ္စည္းကမ္းလမ္းစည္းကမ္း လိုက္နာသူမ်ားကိုသာ ထီလက္မွတ္ ေပးေ၀ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ဒီအတိုင္းႀကီး လိုက္ေ၀တာ မဟုတ္ပါဘူး။ ယာဥ္စည္းကမ္း ၊လမ္းစည္းကမ္းနား လည္တယ္ ဆိုမွေ၀တာ။ ဥပမာဆိုင္ကယ္စီးလာတယ္။ ဦးထုတ္ေဆာင္းလာတယ္။ ေမးသိုင္းႀကိဳးတပ္ လာတယ္။ ဘတ္မွန္ပါလာတယ္။ ၿပီးရင္ေအာက္မီးထိုးလာတယ္။ အဲေလာက္ကို ဆိုရင္ေတာင္ မေ၀ေသးဘူး။ ယာဥ္ ေမာင္းလိုင္းစင္၊ ယာဥ္လိုင္စင္ပါလာၿပီးဆိုမွ ထီတစ္ေစာင္ဆိုၿပီး ခ်ီးျမွင့္ ေ၀ငွတာပါ။ ဒါမွမဟုတ္ လမ္းစည္း ကမ္းအခ်က္ငါးခ်က္ရွိတယ္။ ေမးၾကည့္လို႔ အဲဒီဟာေတြပါ သိရင္ သံုးေစာင္တို႕ ငါးေစာင္တို႕ ေပးလိုက္တာပါ။ေပးတာ ၅ ႀကိမ္ ရွိပါၿပီ” ဟု ယင္းက ရွင္းျပသည္။

အဆိုပါ ဒုတိယရဲမွဴးေက်ာ္ခိုင္ အား အေျခခံပညာအထက္တန္း ေက်ာင္းမ်ားႏွင့္ အလယ္တန္းေက်ာင္းမ်ား ၌ယာဥ္စည္းကမ္းလမ္း စည္းကမ္းႏွင့္ ပတ္သက္ေသာ အသိပညာေပးမွဳေၾကာင့္ လူမႈကြန္ယက္စာမ်က္ႏွာ ေပၚတြင္ နာမည္ေက်ာ္ၾကားသူတစ္ဦး ျဖစ္ေၾကာင္း သိရသည္။

ျပည္ျမန္မာ

ရေနွေးကြမ်းမင်းသားကြီးဟုအများသိသော ဒုတိယရဲမှူးက စည်းကမ်းလိုက်နာ သူများ အား ဝေငှသည့် အောင်ဘာ လေထီ မှ တစ်သိန်း ဆု နှစ်ဆု နှင့် ငါးသောင်း ဆု သုံး ဆု ဆွတ်ခူး

ရေနွေးကြမ်း မင်းသားကြီးဟု အများ သိသော ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် တာဝန်ထမ်း ဆောင် နေသည့် ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးကျော်ခိုင်(ရေနွေးကြမ်းရဲ မင်းသား)က ယာဉ်စည်း ကမ်းလမ်း စည်းကမ်းလိုက်နာသူများအား အခမဲ့ဝေငှခဲ့သည့် အောင်ဘာလေထီလက်မှတ်မှ တစ်သိန်းဆု နှစ်ဆုနှင့် ငါးသောင်းဆု သုံးဆု ဆွတ်ခူးရရှိခဲ့ကြောင်း အဆိုပါ ဒုတိယရဲမှူးကျော်ခိုင်က ပြည်မြန်မာကို ပြောသည်။

အဆိုပါ တစ်သိန်းဆု နှစ်ဆုနှင့် ငါးသောင်းဆု ပေါက်ခဲ့သူ ငါးဦးမှာ (၁၈) ကြိမ်မြောက် တစ်ထောင်ကျပ်တန် အောင်ဘာလေ ထီစနစ်မှ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း၊၄င်းအနေဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာသူများကိုသာ ထီလက်မှတ် ပေးဝေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီအတိုင်းကြီး လိုက်ဝေတာ မဟုတ်ပါဘူး။ ယာဉ်စည်းကမ်း ၊လမ်းစည်းကမ်းနား လည်တယ် ဆိုမှဝေတာ။ ဥပမာဆိုင်ကယ်စီးလာတယ်။ ဦးထုတ်ဆောင်းလာတယ်။ မေးသိုင်းကြိုးတပ် လာတယ်။ ဘတ်မှန်ပါလာတယ်။ ပြီးရင်အောက်မီးထိုးလာတယ်။ အဲလောက်ကို ဆိုရင်တောင် မဝေသေးဘူး။ ယာဉ် မောင်းလိုင်းစင်၊ ယာဉ်လိုင်စင်ပါလာပြီးဆိုမှ ထီတစ်စောင်ဆိုပြီး ချီးမြှင့် ဝေငှတာပါ။ ဒါမှမဟုတ် လမ်းစည်း ကမ်းအချက်ငါးချက်ရှိတယ်။ မေးကြည့်လို့ အဲဒီဟာတွေပါ သိရင် သုံးစောင်တို့ ငါးစောင်တို့ ပေးလိုက်တာပါ။ပေးတာ ၅ ကြိမ် ရှိပါပြီ” ဟု ယင်းက ရှင်းပြသည်။

အဆိုပါ ဒုတိယရဲမှူးကျော်ခိုင် အား အခြေခံပညာအထက်တန်း ကျောင်းများနှင့် အလယ်တန်းကျောင်းများ ၌ယာဉ်စည်းကမ်းလမ်း စည်းကမ်းနှင့် ပတ်သက်သော အသိပညာပေးမှုကြောင့် လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် နာမည်ကျော်ကြားသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

ပြည်မြန်မာ