ေဝဖန္ မႈေတြ ၾကဳံ ေန ရတဲ့ အခ်စ္ ေရး အေၾကာင္း ကို ေျဖရွင္း လာ တဲ့ ေက်ာ္ထက္ ေအာင္

ေက်ာ္ထက္ေအာင္ ဟာ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ပရိသတ္ သိခ်င္ ေနတဲ့ အရာေတြ ကို ပြင့္ပြင့္ လင္းလင္း ေျပာျပလာပါတယ္။ ေက်ာ္ထက္ေအာင္ရဲ့ အခ်စ္ေရး အေၾကာင္းေတြကိုေတာ့ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ လူသိမ်ားလွတဲ့ ေဖ့စ္ဘြတ္ေပ့ခ်္ကေန တင္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ့ ေဝဖန္မႈကို ခံခဲ့ရတာ ျဖစ္ပါတယ္ ။ဒါေၾကာင့္ ေက်ာ္ထက္ေအာင္က ပရိသတ္ေတြ စိတ္ဝင္စားလွတဲ့ သူ႔ရဲ့ အခ်စ္ေရးအေၾကာင္းေတြကို ေျပာျပလာပါတယ္။

“ အကုန္လုံးက မွန္သည္ ျဖစ္ေစ၊ မွားသည္ျဖစ္ေစ သူ႔ရႈေထာင့္ နဲ႔ သူဆိုတာ ရွိၾကတယ္။ ကၽြန္ေတာ္ ဘာမွ မျဖစ္ခင္ အခ်ိန္တုန္းကေတာ့ ခ်စ္သူရွိခဲ့ဖူးတာေပါ့ေလ။ အခုေတာ့ သူက အိမ္ေထာင္ ေတာင္က်သြားပါၿပီ။ ေဝဖန္မႈေတြဆိုတာကလည္း Myanmar idol (Season-1) ကတည္းက ရွိခဲ့တာပါ။ ဒီအေပၚမွာ ဘာမွ မခံစားရေပမယ့္ ရိုက္ခတ္မႈေတြေတာ့ ရွိလာတာေပါ့။ ပုထုဇဥ္ တစ္ေယာက္ဆိုေတာ့ ကိုယ္က အႏုပညာရွင္လည္း ျဖစ္တဲ့အတြက္ ဒီလိုမ်ိဳးအျဖစ္ေတြနဲ႔ သာမန္လူေတြရင္ဆိုင္ရတဲ့အခါမွာ ဘယ္လို ေနထိုင္သင့္တယ္ဆိုတာကို ကိုယ္က ျပရမယ့္ တာဝန္လည္းရွိေနျပန္တာေၾကာင့္ ကိုယ့္ ဘက္ကလည္း ဘယ္လိုရင္ဆိုင္ရမယ္ ဆိုတဲ့ အရာေလးေတြရွာေဖြရင္း ႀကိဳးစားေနထိုင္တာေပါ့ေလ” ဆိုၿပီးေတာ့ ၾသဂုတ္လ (၉) ရက္ေန႔က ေျဖဆိုခဲ့တာပါ။

ေက်ာ္ထက္ေအာင္ ကိုယ္တိုင္ကလည္း သူၾကဳံေတြ႕ခဲ့ရတဲ့ အရာေတြ မွာ အမွား ရွိခဲ့ရင္ေတာင္ ဒီအမွားေတြထဲ ကေန သင္ခန္းစာ ယူတယ္လို႔ ဆိုပါတယ္။ သူကိုယ္တိုင္ ကလည္း ျမန္မာအိုင္ေဒါ ၿပိဳင္ပြဲ အစကတည္းက ပရိသတ္ ေဝဖန္မႈေတြ ၾကဳံခဲ့ဖူးတယ္လို႔ သိရပါတယ္။ “ လူဆိုတာ အမွားနဲ႔ မကင္းၾကပါဘူး။ အမွားဆိုတာမ်ိဳး က သူမ်ား မိသားစု ပ်က္စီးသြားေအာင္၊ စီးပြားပ်က္ သြားေအာင္၊ သူမ်ား သားမယားဖ်က္ဆီးသြားေအာင္၊ သူမ်ားမိသားစု ဘဝေတြ စုတ္ျပတ္ မသတ္သြားလို႔ရွိရင္ တခ်ိဳ႕ အမွားေတြက ျပန္ခ်စ္ေပးလို႔ရတဲ့ အရာေတြရွိတယ္။ အဲဒီအတြက္ ကိုယ္တိုင္ကလည္း သူမ်ား အမွား၊ ကိုယ့္အမွားေတြ ကို ျပန္သုံးသပ္ၿပီး သင္ခန္းစာ ဘယ္လို ယူရမလဲဆိုတဲ့ အေပၚမွာပဲ မူတည္ပါတယ္ခင္ဗ်ာ” လို႔ဆက္လက္ ေျပာျပခဲ့ပါတယ္။

ေက်ာ္ထက္ေအာင္ ဟာ Myanmar Idol Season 1 က တည္းက ပရိသတ္ ေတြ အားေပးမႈ ကို မ်ားစြာရရွိခဲ့တဲ့သူ ျဖစ္ပါတယ္။ အဲဒီက တစ္ဆင့္ နာမည္ရလာၿပီး အခုဆိုရင္ ေခါင္းေဆာင္ မင္းသား တစ္ေယာက္အျဖစ္နဲ႔ပါ ႐ုပ္ရွင္ဇာတ္ကားႀကီး ေတြရိုက္ကူးေနရပါၿပီ။ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း ႐ုံတ င္ျပသခဲ့ၿပီးျဖစ္သလို ႐ုံမတင္ရေသးတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြလည္း ရွိေနေသးတယ္လို႔ သိရပါတယ္။

Duwun

ဝေဖန် မှုတွေ ကြုံ နေ ရတဲ့ အချစ် ရေး အကြောင်း ကို ဖြေရှင်း လာ တဲ့ ကျော်ထက် အောင်

ကျော်ထက်အောင် ဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ် သိချင် နေတဲ့ အရာတွေ ကို ပွင့်ပွင့် လင်းလင်း ပြောပြလာပါတယ်။ ကျော်ထက်အောင်ရဲ့ အချစ်ရေး အကြောင်းတွေကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူသိများလှတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ တင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ် ။ဒါကြောင့် ကျော်ထက်အောင်က ပရိသတ်တွေ စိတ်ဝင်စားလှတဲ့ သူ့ရဲ့ အချစ်ရေးအကြောင်းတွေကို ပြောပြလာပါတယ်။

“ အကုန်လုံးက မှန်သည် ဖြစ်စေ၊ မှားသည်ဖြစ်စေ သူ့ရှုထောင့် နဲ့ သူဆိုတာ ရှိကြတယ်။ ကျွန်တော် ဘာမှ မဖြစ်ခင် အချိန်တုန်းကတော့ ချစ်သူရှိခဲ့ဖူးတာပေါ့လေ။ အခုတော့ သူက အိမ်ထောင် တောင်ကျသွားပါပြီ။ ဝေဖန်မှုတွေဆိုတာကလည်း Myanmar idol (Season-1) ကတည်းက ရှိခဲ့တာပါ။ ဒီအပေါ်မှာ ဘာမှ မခံစားရပေမယ့် ရိုက်ခတ်မှုတွေတော့ ရှိလာတာပေါ့။ ပုထုဇဉ် တစ်ယောက်ဆိုတော့ ကိုယ်က အနုပညာရှင်လည်း ဖြစ်တဲ့အတွက် ဒီလိုမျိုးအဖြစ်တွေနဲ့ သာမန်လူတွေရင်ဆိုင်ရတဲ့အခါမှာ ဘယ်လို နေထိုင်သင့်တယ်ဆိုတာကို ကိုယ်က ပြရမယ့် တာဝန်လည်းရှိနေပြန်တာကြောင့် ကိုယ့် ဘက်ကလည်း ဘယ်လိုရင်ဆိုင်ရမယ် ဆိုတဲ့ အရာလေးတွေရှာဖွေရင်း ကြိုးစားနေထိုင်တာပေါ့လေ” ဆိုပြီးတော့ သြဂုတ်လ (၉) ရက်နေ့က ဖြေဆိုခဲ့တာပါ။

ကျော်ထက်အောင် ကိုယ်တိုင်ကလည်း သူကြုံတွေ့ခဲ့ရတဲ့ အရာတွေ မှာ အမှား ရှိခဲ့ရင်တောင် ဒီအမှားတွေထဲ ကနေ သင်ခန်းစာ ယူတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင် ကလည်း မြန်မာအိုင်ဒေါ ပြိုင်ပွဲ အစကတည်းက ပရိသတ် ဝေဖန်မှုတွေ ကြုံခဲ့ဖူးတယ်လို့ သိရပါတယ်။ “ လူဆိုတာ အမှားနဲ့ မကင်းကြပါဘူး။ အမှားဆိုတာမျိုး က သူများ မိသားစု ပျက်စီးသွားအောင်၊ စီးပွားပျက် သွားအောင်၊ သူများ သားမယားဖျက်ဆီးသွားအောင်၊ သူများမိသားစု ဘဝတွေ စုတ်ပြတ် မသတ်သွားလို့ရှိရင် တချို့ အမှားတွေက ပြန်ချစ်ပေးလို့ရတဲ့ အရာတွေရှိတယ်။ အဲဒီအတွက် ကိုယ်တိုင်ကလည်း သူများ အမှား၊ ကိုယ့်အမှားတွေ ကို ပြန်သုံးသပ်ပြီး သင်ခန်းစာ ဘယ်လို ယူရမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်ခင်ဗျာ” လို့ဆက်လက် ပြောပြခဲ့ပါတယ်။

ကျော်ထက်အောင် ဟာ Myanmar Idol Season 1 က တည်းက ပရိသတ် တွေ အားပေးမှု ကို များစွာရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီက တစ်ဆင့် နာမည်ရလာပြီး အခုဆိုရင် ခေါင်းဆောင် မင်းသား တစ်ယောက်အဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက်ကူးနေရပါပြီ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ရုံတ င်ပြသခဲ့ပြီးဖြစ်သလို ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

Duwun