



Source:Ni Ni Khin Zaw

(၁၀) တန်း မှာ ထူးထူး ချွန်ချွန်နဲ ့အောင်မြင် ခဲ့တုန်းက သူမ ရဲ့ ပုံရိပ်လေး ကိုချပြ လာတဲ့ နီနီခင် ဇော်

နီနီခင်ဇော် ကတော့ အသံပါဝါအားကောင်းကောင်းနဲ့ ထူးခြားတဲ့အသံကိုပိုင်ဆိုင် ရရှိထားတဲ့ အဆိုတော် တစ်ယောက်ပါ။ သူမကတော့ တေးစီရီးအယ်ဘမ်ပေါင်းများစွာ ကိုထွက်ရှိအောင်မြင်ထားတဲ့အပြင် ပရိသတ်အားပေးမှုကြောင့် တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုလည်း(၂)ကြိမ်တိုင်ကျင်းပထားနိုင်ခဲ့ပါတယ်။ နီနီခင်ဇော်ကတော့ယခုနောက်ပိုင်းမှာ အဆိုတော်အလုပ်တွေအပြင် ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်အနေနဲ့ပါ ဝါရင့်သရုပ်ဆောင် တွေနဲ့တွဲဖက်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

သူမကတော့ အနုပညာလောကမှာတင်အောင်မြင်မှု ရရှိနေတာမဟုတ်ဘဲ အပြင်စီးပွားရေးလုပ်ငန်း တစ်ခုအနေနဲ့လည်း Super Red Cosmetics အပြင်တခြားစီးပွားရေးတွေလည်း လုပ်ကိုင်နေတာဖြစ်ပါတယ်။ နီနီခင်ဇော်ကတော့သူမရဲ့တစ်နေ့တာလှုပ်ရှားမှုတွေနဲ့ချစ်စရာကောင်းတဲ့သူမရဲ့ပုံရိပ်လေးတွေကိုလူမှုကွန်ရက်စာမျက်နှာကနေတင်ပေးလေ့ရှိပါတယ်။ လက်ရှိမှာတော့ မနေ့ကထွက်ရှိခဲ့တဲ့(၁၀)တန်းအောင်စာရင်းနဲ့ပတ်သက်ပြီးတော့ ယခုလိုပဲရေးသားထားခဲ့ပါတယ်။

“(၁၀)တန်းဖြေထားတဲ့မောင်လေး၊ ညီမလေး တွေအောင်ကြတယ်ဟုတ်?ကိုယ်ဝါသနာပါရာ လျှောက်လှမ်းနိုင်ပါစေ(၁၀)တန်းအမှတ်တရ”ဆိုတဲ့စာသားနဲ့အတူ သူမရဲ့(၁၀)တန်းတုန်းက ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ပုံရိပ်လေးနဲ့အတူဖော်ပြထားခဲ့တာဖြစ်ပါတယ်။ အဆိုပုံရိပ်လေးကိုတော့ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Ni Ni Khin Zaw