တနိုင္ငံလုံး အမွတ္ အမ်ားဆုံး ျဖင့္ ပထမ ရရွိခဲ့ ေသာ မေမသက္ထြန္းအား bella scholarship ဂုဏ္ျပဳ ခ်ီးျမႇင့္

(၂၀၁၉- ၂၀၂၀) ပညာ သင္ႏွစ္ တကၠသိုလ္၀င္တန္းစာေမးပြဲ တြင္ (၆) ဘာသာဂုဏ္ထူး ရွိၿပီး အမွတ္ေပါင္း (၅၅၂) မွတ္ တနိုင္ငံလုံး အမွတ္အမ်ားဆုံးျဖင့္ ပထမ ရရွိခဲ့ေသာ မေမသက္ထြန္းအား bella မွ သြားေရာက္ ေတြ႕ဆုံကာ လက္ေဆာင္မ်ား ေပးအပ္ခဲ့ၿပီး bella scholarship အား ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ပါတယ္။

Bella အေနနဲ႔ လွရင္းနဲ႔ လွူ , လွူရင္းနဲ႔ လွဆိုတဲ့ ေဆာင္ပုဒ္နဲ႔ အညီ လူမွုအက်ိဳးျပဳလုပ္ငန္း ေတြမွာ အားတက္သေရာနဲ႔ ပါဝင္ေဆာင္ရြက္ခဲ့ၾကတာ ၂၀၁၇ ခုႏွစ္မွစလို့ ယခုလက္ရွိ အခ်ိန္အထိပဲ ျဖစ္ပါတယ္။ Bella အေနနဲ႔ ျပဳလုပ္ခဲ့တဲ့ေကာင္းမွုကုသိုလ္အားလုံးဟာ Bella ကို သုံးစြဲသူ Star ေလးတို့အားလုံးရဲ့ အလွူပဲျဖစ္ပါတယ္။

ပညာျမင့္မွ လူမ်ိဳးတင့္မယ္ ဆိုတဲ့ စကားနဲ႔အညီ ပညာတေခတ္ကို ထူေထာင္ နိုင္ေစဖို့ အနာဂတ္ရဲ့ ေခါင္းေဆာင္ေတြျဖစ္တဲ့ လူငယ္ေတြရဲ့ ပညာေရးက႑ကို အဓိကထားကာ ေထာက္ပံ့ေပးလ်က္ရွိပါတယ္ ဒီလိုေထာက္ပံ့ေပးတဲ့ေနရာမွာ Pannthee foundation မွ ေကာက္ယူထားတဲ့ စစ္တမ္းေတြမွတဆင့္ အမွန္တကယ္လိုအပ္လ်က္ရွိေသာ ေနရာေတြအထိ လူအား ေငြအား ေစတနာအားေတြနဲ႔ အားတက္သေရာ ပါဝင္လွူဒါန္းလ်က္ရွိပါတယ္။

အနာဂတ္မွာ နိုင္ငံတကာနဲ ႔ရင္ေဘာင္တန္းၿပီး တိုးတက္တဲ့ နိုင္ငံတစ္နိုင္ငံျဖစ္ဖို့ ဆိုတာ တိုင္းျပည္ကို ေခါင္းေဆာင္မည့္ လူငယ္ေတြ ပညာေရးနဲ႔ ဉာဏစြမ္းအားေတြ အဘက္ဘက္မွာထူးခၽြန္ေနမွ ျဖစ္မွာမို့ လူငယ္ေတြ ပညာေရးကို အပူအပင္ကင္းကင္းနဲ႔ ေလ့လာဆည္းပူးနိုင္ရန္အတြက္ Bella National Star Scholarship ဆိုတဲ့ “ပညာသင္ထူးခၽြန္ဆုခ်ီးျမႇင့္ျခင္း” ကို မိမိတို့ဝါသနာပါရာ ဘာသာရပ္မ်ားကို အမွန္တကယ္ထူးခၽြန္စြာတက္ေျမာက္ခ်င္ေသာ, မိမိတို့သင္ယူ တတ္ေျမာက္ထားေသာ ပညာရပ္ျဖင့္ တိုင္းျပည္ ႏွင့္ လူမ်ိဳးကို အက်ိဳးျပဳလိုေသာ ထူးခၽြန္သူ တကၠသိုလ္ေက်ာင္းသား ေက်ာင္းသူ မ်ားကို ပညာသင္ထူးခၽြန္ ေထာက္ပံ့ဆု Bella National Star Scholarship အားပံ့ပိုးလွူဒါန္းေပးျခင္းျဖစ္ပါတယ္။

CeleGabar
CG
Bella

တနိုင်ငံလုံး အမှတ် အများဆုံး ဖြင့် ပထမ ရရှိခဲ့ သော မမေသက်ထွန်းအား bella scholarship ဂုဏ်ပြု ချီးမြှင့်

(၂၀၁၉- ၂၀၂၀) ပညာ သင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် (၆) ဘာသာဂုဏ်ထူး ရှိပြီး အမှတ်ပေါင်း (၅၅၂) မှတ် တနိုင်ငံလုံး အမှတ်အများဆုံးဖြင့် ပထမ ရရှိခဲ့သော မမေသက်ထွန်းအား bella မှ သွားရောက် တွေ့ဆုံကာ လက်ဆောင်များ ပေးအပ်ခဲ့ပြီး bella scholarship အား ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

Bella အနေနဲ့ လှရင်းနဲ့ လှူ , လှူရင်းနဲ့ လှဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ လူမှုအကျိုးပြုလုပ်ငန်း တွေမှာ အားတက်သရောနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြတာ ၂၀၁၇ ခုနှစ်မှစလို့ ယခုလက်ရှိ အချိန်အထိပဲ ဖြစ်ပါတယ်။ Bella အနေနဲ့ ပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်အားလုံးဟာ Bella ကို သုံးစွဲသူ Star လေးတို့အားလုံးရဲ့ အလှူပဲဖြစ်ပါတယ်။

ပညာမြင့်မှ လူမျိုးတင့်မယ် ဆိုတဲ့ စကားနဲ့အညီ ပညာတခေတ်ကို ထူထောင် နိုင်စေဖို့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ လူငယ်တွေရဲ့ ပညာရေးကဏ္ဍကို အဓိကထားကာ ထောက်ပံ့ပေးလျက်ရှိပါတယ် ဒီလိုထောက်ပံ့ပေးတဲ့နေရာမှာ Pannthee foundation မှ ကောက်ယူထားတဲ့ စစ်တမ်းတွေမှတဆင့် အမှန်တကယ်လိုအပ်လျက်ရှိသော နေရာတွေအထိ လူအား ငွေအား စေတနာအားတွေနဲ့ အားတက်သရော ပါဝင်လှူဒါန်းလျက်ရှိပါတယ်။

အနာဂတ်မှာ နိုင်ငံတကာနဲ ့ရင်ဘောင်တန်းပြီး တိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ ဆိုတာ တိုင်းပြည်ကို ခေါင်းဆောင်မည့် လူငယ်တွေ ပညာရေးနဲ့ ဉာဏစွမ်းအားတွေ အဘက်ဘက်မှာထူးချွန်နေမှ ဖြစ်မှာမို့ လူငယ်တွေ ပညာရေးကို အပူအပင်ကင်းကင်းနဲ့ လေ့လာဆည်းပူးနိုင်ရန်အတွက် Bella National Star Scholarship ဆိုတဲ့ “ပညာသင်ထူးချွန်ဆုချီးမြှင့်ခြင်း” ကို မိမိတို့ဝါသနာပါရာ ဘာသာရပ်များကို အမှန်တကယ်ထူးချွန်စွာတက်မြောက်ချင်သော, မိမိတို့သင်ယူ တတ်မြောက်ထားသော ပညာရပ်ဖြင့် တိုင်းပြည် နှင့် လူမျိုးကို အကျိုးပြုလိုသော ထူးချွန်သူ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များကို ပညာသင်ထူးချွန် ထောက်ပံ့ဆု Bella National Star Scholarship အားပံ့ပိုးလှူဒါန်းပေးခြင်းဖြစ်ပါတယ်။

CeleGabar
CG
Bella