(၅)ဘာသာ ဂုဏ္ထူး ရွင္ သမီးေလး အ တြက္ ဂုဏ္ယူ မဆုံးျဖစ္ ေနတဲ့ လူ႐ႊင္ ေတာ္ ေဂၚဇီလာ

သူငယ္တန္း ကတည္းက အရမ္းစာႀကိဳးစား တဲ့ သမီးေလး ပါ။ လူ႐ႊင္ေတာ္ ေဂၚဇီလာတဲ့ သမီးငယ္ေလး မသမီးေခ်ာ ကေတာ့ တကၠသိုလ္ဝင္တန္း စာေမးပြဲကို ဂုဏ္ထူး(၅) ဘာသာ နဲ႔ ေအာင္ျမင္ခဲ့တယ္လို႔ သိရပါတယ္။ လူ႐ႊင္ေတာ္ႀကီး ေဂၚဇီလာကိုေတာ့ သီးေလးသီးဟာသအဖြဲ႕ဝင္ တစ္ေယာက္အျဖစ္ လူသိမ်ားပါတယ္။ အခုဆိုရင္ေတာ့ သူ႔ရဲ႕ သမီးငယ္ေလးဟာ ၂၀၂၀ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ဂုဏ္ထူး(၅) ဘာသာနဲ႔ ႏွစ္ခ်င္းေပါက္ ေအာင္ျမင္ခဲ့တယ္ဆိုတာကို Duwun ကေန ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းရာမွာ သူ႔ရဲ႕ ပီတိစကားကို ေျပာျပလာပါတယ္။

“ ကြၽန္ေတာ့္ သမီးနာမည္ ကေတာ့ သမီးေခ်ာလို႔ ေခၚပါတယ္။ စာေမးပြဲ ေအာင္တာကေတာ့ အ.ထ.က(၂) အင္းစိန္ ေက်ာင္းက ေအာင္တာပါ။ (၅) ဘာသာဂုဏ္ထူးပါတယ္။ ႐ူပေဗဒ ဘာသာရပ္ တစ္ခုတည္းပဲ ဂုဏ္ထူး မပါတာပါ။ သမီးကေတာ့ ဆရာဝန္ျဖစ္ခ်င္တယ္ေျပာတယ္။ သူ႔ ရည္မွန္းခ်က္ေလးကေတာ့ မဆိုးဘူး။ ကြၽန္ေတာ္တို႔ ျဖစ္ေစခ်င္တဲ့ ဆႏၵလိုပဲ သမီးေလးကလည္း အေကာင္းဆုံး ႀကိဳးစားပါတယ္” လို႔ ဆိုပါတယ္။

သမီးေလးကို ေက်ာင္းေကာင္းေကာင္းမွာ မထားေပးႏိုင္ခဲ့လို႔လည္း စိတ္မေကာင္းျဖစ္ရတယ္လို႔ ေဂၚဇီလာက ဆိုပါတယ္။ အေျခခံလူတန္းစား အျဖစ္ ဘဝကို ႐ုန္းကန္ေနရတဲ့ အခ်ိန္ မွာ သမီးေလး က ပညာေရးမွာ ထူးထူးခြၽန္ခြၽန္ ေအာင္ျမင္ခဲ့လို႔လည္း အတိုင္းမသိစိတ္ေက်နပ္မိတယ္လို႔ ဆက္လက္ ေျပာျပလာပါတယ္။ “ ဖခင္တစ္ေယာက္အေနနဲ႔ကေတာ့ အတိုင္းမသိ အရမ္းဝမ္းသာတယ္။ သူကိုယ္တိုင္ကလည္း သူငယ္တန္းတက္စဥ္ကတည္းက အဆင့္ (၁)၊ (၂) ဆိုၿပီးေတာ့ ႀကိဳးစားလာခဲ့တာေလ။ ကြၽန္ေတာ္တို႔ အေနအထားက အေျခခံလူတန္းစားပါ။ သမီးေလးကို ေက်ာင္းေကာင္းေကာင္းလည္း မထားႏိုင္ပါဘူး။ ဂိုက္လည္း မထားေပးႏိုင္တဲ့အတြက္ သူ႔ဘာသာသူ ပင္ကို အစြမ္းအစေလးေတြနဲ႔ အခုလို ေအာင္ျမင္မႈ ရလာတဲ့ အေပၚမွာ အတိုင္းမသိ ဝမ္းသာမိတာေပါ့ဗ်ာ” လို႔ ဆိုပါတယ္။

ဂုဏ္ထူး(၅) ဘာသာနဲ႔ ေအာင္ျမင္ခဲ့တဲ့ လူ႐ႊင္ေတာ္ ေဂၚဇီလာရဲ႕ သမီးေလး အတြက္ အႏုပညာ အသိုင္းအဝိုင္းက မိတ္ေဆြ၊ အေပါင္းအသင္း ေတြကလည္း ဝမ္းသာ ဂုဏ္ယူေနၾကတာေတြကို လူမႈကြန္ယက္ စာမ်က္ႏွာေတြေပၚမွာ ေရးသားထားၾကပါေသးတယ္။ ေဂၚဇီလာ ဟာ အႏုပညာေလာကထဲကို လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ စတင္ဝင္ ေရာက္လာခဲ့သူ ျဖစ္ပါတယ္။ အဲဒီေနာက္ ဗီဒီယို ဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားေတြမွာလည္း ဇာတ္ပို႔ သ႐ုပ္ေဆာင္ တစ္ဦးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဓူဝံ

(၅)ဘာသာ ဂုဏ်ထူး ရှင် သမီးလေး အ တွက် ဂုဏ်ယူ မဆုံးဖြစ် နေတဲ့ လူရွှင် တော် ဂေါ်ဇီလာ

သူငယ်တန်း ကတည်းက အရမ်းစာကြိုးစား တဲ့ သမီးလေး ပါ။ လူရွှင်တော် ဂေါ်ဇီလာတဲ့ သမီးငယ်လေး မသမီးချော ကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး(၅) ဘာသာ နဲ့ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ လူရွှင်တော်ကြီး ဂေါ်ဇီလာကိုတော့ သီးလေးသီးဟာသအဖွဲ့ဝင် တစ်ယောက်အဖြစ် လူသိများပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ သမီးငယ်လေးဟာ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး(၅) ဘာသာနဲ့ နှစ်ချင်းပေါက် အောင်မြင်ခဲ့တယ်ဆိုတာကို Duwun ကနေ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ သူ့ရဲ့ ပီတိစကားကို ပြောပြလာပါတယ်။

“ ကျွန်တော့် သမီးနာမည် ကတော့ သမီးချောလို့ ခေါ်ပါတယ်။ စာမေးပွဲ အောင်တာကတော့ အ.ထ.က(၂) အင်းစိန် ကျောင်းက အောင်တာပါ။ (၅) ဘာသာဂုဏ်ထူးပါတယ်။ ရူပဗေဒ ဘာသာရပ် တစ်ခုတည်းပဲ ဂုဏ်ထူး မပါတာပါ။ သမီးကတော့ ဆရာဝန်ဖြစ်ချင်တယ်ပြောတယ်။ သူ့ ရည်မှန်းချက်လေးကတော့ မဆိုးဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ဆန္ဒလိုပဲ သမီးလေးကလည်း အကောင်းဆုံး ကြိုးစားပါတယ်” လို့ ဆိုပါတယ်။

သမီးလေးကို ကျောင်းကောင်းကောင်းမှာ မထားပေးနိုင်ခဲ့လို့လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဂေါ်ဇီလာက ဆိုပါတယ်။ အခြေခံလူတန်းစား အဖြစ် ဘဝကို ရုန်းကန်နေရတဲ့ အချိန် မှာ သမီးလေး က ပညာရေးမှာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့လို့လည်း အတိုင်းမသိစိတ်ကျေနပ်မိတယ်လို့ ဆက်လက် ပြောပြလာပါတယ်။ “ ဖခင်တစ်ယောက်အနေနဲ့ကတော့ အတိုင်းမသိ အရမ်းဝမ်းသာတယ်။ သူကိုယ်တိုင်ကလည်း သူငယ်တန်းတက်စဉ်ကတည်းက အဆင့် (၁)၊ (၂) ဆိုပြီးတော့ ကြိုးစားလာခဲ့တာလေ။ ကျွန်တော်တို့ အနေအထားက အခြေခံလူတန်းစားပါ။ သမီးလေးကို ကျောင်းကောင်းကောင်းလည်း မထားနိုင်ပါဘူး။ ဂိုက်လည်း မထားပေးနိုင်တဲ့အတွက် သူ့ဘာသာသူ ပင်ကို အစွမ်းအစလေးတွေနဲ့ အခုလို အောင်မြင်မှု ရလာတဲ့ အပေါ်မှာ အတိုင်းမသိ ဝမ်းသာမိတာပေါ့ဗျာ” လို့ ဆိုပါတယ်။

ဂုဏ်ထူး(၅) ဘာသာနဲ့ အောင်မြင်ခဲ့တဲ့ လူရွှင်တော် ဂေါ်ဇီလာရဲ့ သမီးလေး အတွက် အနုပညာ အသိုင်းအဝိုင်းက မိတ်ဆွေ၊ အပေါင်းအသင်း တွေကလည်း ဝမ်းသာ ဂုဏ်ယူနေကြတာတွေကို လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ရေးသားထားကြပါသေးတယ်။ ဂေါ်ဇီလာ ဟာ အနုပညာလောကထဲကို လူရွှင်တော် တစ်ယောက်အဖြစ် စတင်ဝင် ရောက်လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဇာတ်ပို့ သရုပ်ဆောင် တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဓူဝံ