၆ ႏွစ္ေက်ာ္ၾကာ သူမ ရဲ့ အိမ္ေထာင္ေရး ျပတ္စဲခဲ့ရ တဲ့အေၾကာင္းအရင္းအမွန္ ကို ဖြင့္ဟလာတဲ့ ေရဗကၠာဝင္း

ေရဗကၠာဝင္း နဲ႔ ခင္ပြန္းျဖစ္သူ ကိုေကာင္းေက်ာ္ေဆြ တို႔ ဇနီးေမာင္ႏွံဟာ ၂၀၁၃ ခုႏွစ္ ေမလ ၁ ရက္ေန႔က Judson Church ဘုရားေက်ာင္းမွာ မဂၤလာပြဲ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ေထာင္သက္တမ္းဟာ ၆ ႏွစ္တာကာလကို ေက်ာ္လြန္လာခဲ့တဲ့ေနာက္မွာေတာ့ ႏွစ္ဦးသေဘာတူ ကြာရွင္းခဲ့ၾကတာပါဒီရက္ပိုင္းမီဒီယာေတြ႕ဆုံပြဲတစ္ခုမွာေတာ့ ေရဗကၠာဝင္းက သူမရဲ့ ၆ ႏွစ္ေက်ာ္ၾကာအိမ္ေထာင္ေရး ပ်က္စီးသြားခဲ့ရတဲ့ အဓိကအေၾကာင္းအရင္းကိုဖြင့္ဟလာခဲ့တာပါေရဗကၠာဝင္းက ”အိမ္ေထာင္ေရးဆိုတာေတာ့ကံစမ္းမဲပါပဲ

အဆင္ေျပတဲ့လူရွိမယ္မေျပတဲ့လူရွိမယ္ေပါ့ ဗကၠာကေတာ့ အဆင္မေျပဘူးျဖစ္သြားတာေပါ့ နည္းလမ္းေပါင္းစုံနဲ႔ ညႇိႏွိုင္းခဲ့ပါေသးတယ္ ဒါေပမယ့္ ဘယ္လိုမွ အဆင္ေျပတဲ့ လားရာ ျဖစ္မလာဘူးေပါ့ေနာ္

ဒါေၾကာင့္အရင္ဆုံး Separated အရင္ေနၾကည့္တယ္ ေနာက္က်ေတာ့ Divorce လုပ္လိုက္တာပါ” လို႔ ေျပာျပလာခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ ေရဗကၠာဝင္းက ” “ကိုယ့္သေဘာ နဲ႔ ကိုယ္ျပဳခဲ့တဲ့အိမ္ေထာင္ေရးေၾကာင့္ မိဘ ၊ ေမာင္ႏွမေတြ အရွက္မကြဲရေအာင္ နည္းလမ္းမ်ိဳးစုံ နဲ႔ ထိန္းသိမ္း တည္ေဆာက္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

ေနာက္ဆုံး ဘယ္လိုမွ လုပ္လို႔မရေတာ့လို႔ တိုင္းသိျပည္သိ နဲ႔ ကြာရွင္း / Divorce လုပ္ခဲ့တာပါ။ ညႇိႏွိုင္းဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစား ခဲ့ပါေသးတယ္” လို႔ ထပ္ေဆာင္းေျပာျပလာခဲ့တာပါေရဗကၠာဝင္းကိုေတာ့ အခ်စ္သီခ်င္း ခ်ိဳခ်ိဳေလးေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တာျဖစ္ပါတယ္

Credit-Shwe Yaung Myanmr

၆ နှစ်ကျော်ကြာ သူမ ရဲ့ အိမ်ထောင်ရေး ပြတ်စဲခဲ့ရ တဲ့အကြောင်းအရင်းအမှန် ကို ဖွင့်ဟလာတဲ့ ရေဗက္ကာဝင်း

ရေဗက္ကာဝင်း နဲ့ ခင်ပွန်းဖြစ်သူ ကိုကောင်းကျော်ဆွေ တို့ ဇနီးမောင်နှံဟာ ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့က Judson Church ဘုရားကျောင်းမှာ မင်္ဂလာပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အိမ်ထောင်သက်တမ်းဟာ ၆ နှစ်တာကာလကို ကျော်လွန်လာခဲ့တဲ့နောက်မှာတော့ နှစ်ဦးသဘောတူ ကွာရှင်းခဲ့ကြတာပါဒီရက်ပိုင်းမီဒီယာတွေ့ဆုံပွဲတစ်ခုမှာတော့ ရေဗက္ကာဝင်းက သူမရဲ့ ၆ နှစ်ကျော်ကြာအိမ်ထောင်ရေး ပျက်စီးသွားခဲ့ရတဲ့ အဓိကအကြောင်းအရင်းကိုဖွင့်ဟလာခဲ့တာပါရေဗက္ကာဝင်းက ”အိမ်ထောင်ရေးဆိုတာတော့ကံစမ်းမဲပါပဲ

အဆင်ပြေတဲ့လူရှိမယ်မပြေတဲ့လူရှိမယ်ပေါ့ ဗက္ကာကတော့ အဆင်မပြေဘူးဖြစ်သွားတာပေါ့ နည်းလမ်းပေါင်းစုံနဲ့ ညှိနှိုင်းခဲ့ပါသေးတယ် ဒါပေမယ့် ဘယ်လိုမှ အဆင်ပြေတဲ့ လားရာ ဖြစ်မလာဘူးပေါ့နော်

ဒါကြောင့်အရင်ဆုံး Separated အရင်နေကြည့်တယ် နောက်ကျတော့ Divorce လုပ်လိုက်တာပါ” လို့ ပြောပြလာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ရေဗက္ကာဝင်းက ” “ကိုယ့်သဘော နဲ့ ကိုယ်ပြုခဲ့တဲ့အိမ်ထောင်ရေးကြောင့် မိဘ ၊ မောင်နှမတွေ အရှက်မကွဲရအောင် နည်းလမ်းမျိုးစုံ နဲ့ ထိန်းသိမ်း တည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။

နောက်ဆုံး ဘယ်လိုမှ လုပ်လို့မရတော့လို့ တိုင်းသိပြည်သိ နဲ့ ကွာရှင်း / Divorce လုပ်ခဲ့တာပါ။ ညှိနှိုင်းဖို့ အကြိမ်ကြိမ် ကြိုးစား ခဲ့ပါသေးတယ်” လို့ ထပ်ဆောင်းပြောပြလာခဲ့တာပါရေဗက္ကာဝင်းကိုတော့ အချစ်သီချင်း ချိုချိုလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်

Credit-Shwe Yaung Myanmr