မိုးနီ လွင်
ယုန်လေး LIVE လွှင့်ပီးေ တာင် ပေါက်ကွဲသွား ရတဲ့ ကိုမိုးနီလွင် ရဲ့ ပို့စ် လို့ပြောနေတဲ့ အကြောင်းအရာ
ပညာ ရှိတွေရဲ့ ရိုက်ချက်က ထိချက်ပျင်းလွန်းပါတယ် ကွယ်….သူပြောတာ ဘာမှားလို့လဲ….? တကယ့်အဖြစ်အပျက်။
လုပ်ကြံဖန်တီးထားတဲ့ လုပ်ဇာတ်တော့မဟုတ် တိုင်းပြည်ကို အာဏာရှင်အောက်က သူမ,ဆွဲထုတ်ပြခဲ့တာ တကယ်……
ဒရာမာတွေအရမ်းချိုးထားတဲ့ ထိုးဇာတ်လည်းမဟုတ် နှစ်ပေါင်းသုံးဆယ်စာမက ပေးဆပ်ပြခဲ့တာ တကယ်…..
လွမ်းပြ၊ ဆွေးပြ၊ မျက်ရည်တုနဲ့ ချူပြနေကြတဲ့ အက်တာမဟုတ် အဖေ၊ ခင်ပွန်း၊ သား၊ ဘဝတစ်ခုလုံး အားလုံးကို စွန့်လွှတ်ခဲ့ရတာ တကယ်…..
သူရဲကောင်းဖြစ်ဖို့ ဗီလိန်ဖမ်းပြ လက်တစ်လုံး အလိုမှ ကယ်တင်ကြတဲ့ စူပါဟီးရိုးကာတွန်းကားတော့မဟုတ် မိန်းမသားတစ်ဦးတည်း သေနတ်ပြောင်းဝတွေကြား တည့်တည့်လျှောက်သွားခဲ့တာ တကယ်……
ပိုစတာမှာ တစ်မျိုး ရုံထဲကျတစ်မျိုး ပရိသတ်ကိုဂျင်းထည့်သွားပြီးမှ ရိုက်စားကြတဲ့ ပေါကားလည်းမဟုတ် အမှန်တရားနဲ့ ရင်းထား တဲ့ မှတ်တမ်းရာဇဝင်တွေက တကယ်……
သူတော်ကောင်းတွေဇွတ်ဖြစ် ပြည်သူကိုအရမ်းချစ်ပြပြီးမှ အကယ်ဒမီတွေတန်းစီရမယ့် အကျိုးပြုရုပ်ရှင်လည်းမဟုတ် ဖြတ်တောက်ပြင်ဆင်ခြင်းမရှိတဲ့ သူမရဲ့အတ်ထု ပ်ပတ်တိ ရာဇဝင် ဆိုတာ
တကယ်…….လက်နက် မလိုဘူး၊ အမိန့် မလိုဘူး လေးငါးနှစ် တစ်ခါ ရွေးချယ်စရာ လည်း မလိုဘူး ကတိတွေပေး မဲဆွယ်နေစရာလည်း မလိုဘူးသူရဲကောင်း အာဇာနည် ကယ်တင်ရှင် အမည်အမျိုးမျိုးတပ် မတ်တပ်ရပ်ပြီး ဟန်ဆောင်ဦးညွှတ် ဇွတ်ဂုဏ်ပြုစရာလည်း မလိုတဲ့…
အတုမရှိတဲ့ တစ်ဦးတည်းသော အနှိုင်း မဲ့ေ မတ္တာရှင် မင်းတို့က သူ့သမိုင်း ရာဇဝင်ကို ပြင်ရေးချင် ရင်တောင်ပြည်သူတွေရဲ့နှလုံးသားမှာ ရေးထွင်းပြီးသား အက္ခရာ….
စာမဖတ်တတ်ရင် အသံကိုနားစိုက်ထောင် အဲ့ဒါ…..ငါတို့နိုင်ငံမှာ “အမေ”တစ်ယောက် ရှိခဲ့တယ်ဆိုတာ တကယ်……။ ။
မိုးနီ လွင်