Myanmar Idol Season (4) ပြိုင်ပွဲကြီး ရဲ့ Finalist ပြိုင်ပွဲဝင်တွေထဲ မှ ချင်းတိုင်းရင်းသားတွေဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်၊ဘင်ဂျမင်ဆုမ်း၊ယောကီး၊တန်ခွန်ကျော်တို့ကို ချင်းလူမှုရေးအသင်း(ရန်ကုန်)မှ ဇန်နဝါရီလ (၂)ရက်နေ့ဖြစ်တဲ့ ယနေ့မှာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပခဲ့တာလည်းဖြစ်ပါတယ်။

ချင်းလူမှုရေးအသင်း(ရန်ကုန်)ဟာ Myanamar Idol Season (4) 2019 ပြိုင်ပွဲတွင် အောင်မြင်မှုရရှိသော ချင်းတိုင်းရင်းသား လူငယ်မောင်မယ်များအား ဂုဏ်ပြုခြင်းအခမ်းအနားကို ရန်ကုန်မြို့၊ Novotel Hotel ၌ ယနေ့(၂.၁.၂၀၂၀)ရက်နေ့ မနက် ၉:၀၀နာရီတွင် ကျင်းပခဲ့တာဖြစ်ပြီး မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ Winner အက်စတာဒေါ့သ်ချင်းဆုန်၊ Top(3) ဘင်ဂျမင်ဆုမ်း၊ Top(5) ယောကီးနဲ့ Channel 9 Wild Card Winner တန်ခွန်ကျော်ကို အသီးသီး ဂုဏ်ပြုလွှာပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ချင်းတိုင်းရင်းသားတွေဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်၊ ဘင်ဂျမင်ဆုမ်း၊ ယောကီး၊တန်ခွန်ကျော်တို့ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲတစ်လျှောက် ပရိသတ်အခိုင်အမာနဲ့ တစ်ခဲနက်မှုရရှိထားကြသူတွေဖြစ်ပြီး လက်ရှိမှာလည်း ချင်လူမှုရေးအသင်း(ရန်ကုန်)မှ ဂုဏ်ပြုမှတ်တမ်းလွှာတောင်ချီးမြင့်ခဲ့တာနော်။

Source: We Love Ester Dawt Chin Sung