အပြုံး ချိုချိုလေးတွေနဲ့ ကိုရီးယားမင်းသမီးလေးလို ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးက အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ နှစ်ပေါင်းအတော်ကြာ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ နန်းဆုရတီစိုးက သရုပ်ဆောင်အလုပ်သာမက အဆိုထူးချွန်သူလေးလည်းဖြစ်ပြီး သူမရဲ့  သီချင်းတိုင်းကို ပရိသတ်တွေကလည်း သဘောကျကြပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာလည်း သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။

မနေ့က ဇန်နဝါရီလ (၂) ရက်နေ့မှာတော့ နန်းဆုရတီစိုးက အမျိုးသားတစ်ယောက်ရဲ့ လက်ကို ဆွဲကိုင်ထားတဲ့ ဗီဒီယိုလေးက ဖေ့စ်ဘုတ်စာမျက်နှာမှာ တက်လာပြီး ပရိသတ်တွေကြား တော်တော်လေး ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။

အမှန်တကယ်မှာတော့ ထိုဗီဒီယိုက အဆိုတော် စည်သူနှင်းမိုးရဲ့ သီချင်း MV တစ်ခုရဲ့ ရိုက်ကွင်းပေါ်မှ ပုံရိပ်တချို့သာဖြစ်ကြောင်း အဆိုတော် စည်သူနှင်းမိုးက ချပြလာပါတယ်။

နန်းဆုရတီစိုးက အဆိုတော် G Fatt နဲ့ မကြာခင် အချိန်အတွင်းက လမ်းခွဲလိုက်ခဲ့တာဖြစ်တာကြောင့် အခြားတစ်ယောက်နဲ့ထင်ယောင်ထင်မှားဖြစ်အောင် လူတစ်ချို့က တမင်သက်သက် ဖွခဲ့တာ ဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ သူမအနေနဲ့ မမှန်ကန်တဲ့အဖြစ်တစ်ခုကို အာရုံမထားပဲ သူမလုပ်စရာရှိတာတွေကိုသာ အေးအေးဆေးဆေး လုပ်ကိုင်နေလျက်ရှိပါတယ်။

အခုဆို ပရိသတ်ကြီးလည်း နန်းဆုအပေါ် ထင်ယောင်ထင်မှားဖြစ်နေတဲ့ သံသယတွေ ရှင်းလင်းသွားပြီလို့ ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Rowena
Source: Si Thu Hninn Moe’s fb