Myanmar Idol Season 4 ကတော့ ဇာတ်ရှိန်အမြင့်မားဆုံးကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီး နောက်ဆုံး၅ ယောက်စာရင်းဝင်တွေထဲက ယနေ့ညမှာတော့ ထပ်မံထွက်ခွာရမဲ့သူပေါ်ထွက်လာခဲ့ပါပြီ။ယနေ့မှတော့ ဒိုင်တစ်ယောက်ဖြစ်တဲ့ ဦးအောင်ကိုလတ်ဟာ ကျန်းမာရေးအခြေအနေကြောင့်လာရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါတာပါ။

ဒီတစ်ခေါက်ထွက်ခွာခဲ့ရသူကတော့ ယောကီး ဖြစ်ပြီး သူ့အနေနဲ့ အကောင်းဆုံးကြိူးစားယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် Voting အနည်းဆုံးရရှိခဲ့တာမို့ ပြိုင်ပွဲကထွက်ခွာခဲ့ရတာပါ။Bottom 3 ထိုင်ခဲ့ရတဲ့ အက်စတာ၊ယောကီးနဲ့ ဘင်ဂျမင်ဆုမ်းတို့အနက် ယောကီးကထွက်ခွာခဲ့ရတာပါ။
ယောကီးဟာ ထပ်မဝေးဘူး သီချင်းနဲ့ဒီတပတ်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အားလုံးက နှစ်သက်ခဲ့ကြပေမယ့် Voting နည်းသွားခဲ့တာကြောင့် ဝမ်းနည်းစရာ ရလဒ်နဲ့တွေ့ကြုံခဲ့ရတာလည်းပါ

ပြိုင်ပွဲကထွက်ခွာခဲ့ရတဲ့ယောကီးကို ယခုအချိန်မှာ အားလုံးကဝိုင်းဝန်း ချီးကျူးနေကြတာကြောင့် ယောကီးတစ်ယောက် အနုပညာခရီးလမ်းဖြောင့်ဖြူးနိုင်မယ်လို့ယုံကြည်မိပါတယ်နော်။

Writer – Magic( Shwe Yaung Lan)

Source – Myanmar Idol