ရှော့ပင်းမော လ်တစ်ခု မှာ ဈေးဝယ်ထွက်ခဲ့တဲ့ မိခင်တစ်ဦးဟာ သူမရဲ့ကလေးငယ်ကို ကားထဲထားကာ ဈေးဝယ်ထွက်ခဲ့ပါတယ်။

မိခင်ဈေးဝယ်နေတဲ့အချိန် ကားထဲလှောင်ပိတ်ခံထားရတဲ့ ကလေးကို တွေ့ခဲ့တဲ့ ဈေးဝယ်သူတွေဟာ ရဲကိုဖုန်းဆက်တိုင်ကြားခဲ့ပါတယ်။

ရဲတွေရောက်လာတာနဲ့ ကားမှန်ကိုခွဲပြီး ကလေးကိုကယ်ထုတ်ခဲ့ပေမယ့် ကလေးငယ်ဟာ ချွေးတွေရွှဲပြီး နေရခက်လျက်ရှိနေတာကို တွေ့ရပါတယ်။

ဒီလို ပြတင်းပေါက်တွေအကုန်ပိတ်ကာ အအေးစက်လည်းမပေးထားတဲ့ ကားထဲမှာ ကလေးငယ်သာ အချိန်ကြာကြာနေရမယ်ဆိုရင်တော့ တကယ့်ကို ထိတ်လန့်စရာပါပဲ။

ရဲတွေဟာ ဈေးဝယ်ရာကပြန်လာတဲ့ မိခင်ကို ဒီအဖြစ်အပျက်ကို သတိပေးခဲ့ကြပါတယ်။ ခဏတဖြုတ် အန္တရာယ်မဖြစ်လောက်ဘူးအထင်နဲ့ လုပ်လိုက်တဲ့ ဖြစ်ရပ်တစ်ခုဟာ ကလေးတစ်ယောက်ကို ထိခိုက်စေနိုင်တာကို ပရိသတ်ကြီးလည်း သတိထားသင့်ပါတယ်နော်။

Writer -LLA ( Shwe Yaung Lan )
Source-Viral Hog