ယနေ့ မှာ ပ ရိသတ်တွေ အံ့သြစိတ်မကောင်းဖြစ်ခဲ့ရတာ နာမည်ကြီးမင်းသမီးတစ်ဦးရဲ့ သတင်းတစ်ပုဒ်ထွက်ပေါ်ခဲ့ပါတယ်…အဲတာကတော့ နာမည်ကျော် အကယ်ဒမီမင်းသမီးဖြစ်တဲ့ မေသန်းနုကို ရန်ကင်းတရားရုံးကနေ ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့တာပါ…အမှုကတော့ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ဖြစ်ပါတယ်…..

မေသန်းနုဟာ သိန်း ၁၂၀၀ ကျော်ချေးယူခဲ့ပြီး ပြန်မဆပ်နိုင်တာကြောင့် တရားရုံးမှာ အမှုရင်ဆိုင်နေရာကနေ ခုလို အမိန့်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်…
ဒါနဲ့ ပတ်သက်လို့ ဒါရိုက်တာစင်ရော်မောင်မောင်ကနေ ပရိသတ်တွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ခုလို မေတ္တာရပ်ခံထားပါတယ်…

“ကျွန်တော်၏ သားဖြစ်သူအတွက် သား၏မိခင်နှင့် ပတ်သက်၍ ရင်နှင့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါတယ်။ သို့ဖြစ်ပါ၍ လိုအပ်သောအချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော် တို့ သားအဖနှစ်ယောက် တွေ့ဆုံမည် ဖြစ်ပါသည်။ ယခုအချိန်အခါတွင် သားဖြစ်သူ၏ မိခင်အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးမေတ္တာရပ်ခံအပ်ပါသည်” လို့ ရေးသားထားတာဖြစ်ပါတယ်…

ခုလိုထောင်ဒဏ်ချမှတ်ခံရတဲ့ မေသန်းနုအတွက် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြပြီး အဆင်ပြေပါစေလို့ အားလုံးကဝိုင်းဝန်းဆုတောင်းပေးနေကြပါတယ်…

Writer – HW (Shwe Yaung Lan)
Source : Zin Yaw Mg Mg