ဗုဒ္ဓ ဘာသာဟာ အာရှဒေသမှာ အထွန်းကားဆုံးဘာသာတစ်ခုဖြစ်ပါတယ် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ နီပေါစတဲ့ နိုင်ငံတွေဟာ အာရှမှာ ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံတွေလို့ ဆိုရမှာပါ ဥရောပ၊ အမေရိက၊ အာဖရိကစတဲ့နေရာတွေမှာတော့ ဗုဒ္ဓဘာသာဟာကျယ်ကျယ်ပြန့်ပြန့် ထွန်းကားခြင်းမရှိသေးပါဘူး ဒါပေမဲ့ ခုနောက်ပိုင်းမှာတော့ ဗုဒ္ဓရဲ့ တရားတော်တွေကို ယုံကြည်လက်ခံလိုက်နာကျင့်သုံးသူတွေများလာတာကြောင့် အဆိုပါဒေသတွေမှာလည်း ဗုဒ္ဓဘာသာဟာထွန်းကားစပြုလာပြီဖြစ်ပါတယ်…

ခု လည်းပဲ အာဖရိကလို ဒေသမှာ ဗုဒ္ဓဘာသာကို ဘုရင်မကြီး ကိုယ်တိုင် လှူဒါန်းတည်ထောင်တဲ့ ဝမ်းသာစရာဖြစ်စဉ်လေးတစ်ခုဖြစ်ခဲ့ပါပြီ ဒီသတင်းလေးဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဝမ်းသာစရာသတင်းလေးပဲ ဖြစ်ပါတယ်…

ယုဂန္ဓာဘုရင်မကြီးဖြစ်တဲ့ “ဘက်စ် ခေမီကီဆာ” HRH Queen “Best Kemigisa” ဟာ ယုဂန္ဓာမှာရှိတဲ့ သာသနာ့ဝန်ထမ်း ရဟန်း သံဃာ သီလရှင်များ ပရိယတ္တိ ပရိပတ္တိ ပရိဝေဓ သာသနာလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် ဗုဒ္ဓသာသနာ့ တက္ကသိုလ်ကြီး ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပါတယ် ဒီဗုဒ္ဓတက္ကသိုလ်ကြီး ဆောက်ဖို့အတွက်ကိုလည်း ဘုရင်မကြီးကိုယ်တိုင် ပိုင်ဆိုင်ထားတဲ့ မြေနေရာတွေကို သာသနာအတွက် လှူဒါန်းလိုက်ပါတယ်…

နိုင်ငံတစ်ခုရဲ့ ဘုရင်မကြီးကိုယ်တိုင် ဒီလို ဗုဒ္ဓဘာသာပြန့်ပွားထွန်းကားရေးအတွက် ဆောင်ရွက်လာတာဟာ ဗုဒ္ဓဘာသာ ထွန်းကားခြင်းမရှိသေးတဲ့ ဒေသမှာ ဗုဒ္ဓဘာသာထွန်းကားလာဖို့အတွက် အားတစ်ခုဖြစ်ပါတယ် ဒါကြောင့် ဗုဒ္ဓဘာသာဟာ အာဖရိကထိ ထွန်းကားလာပြီဖြစ်တဲ့ ဒီသတင်းလေးကို သိပြီး ဗုဒ္ဓဘာသာဝင်အပေါင်းတို့လည်း ဝမ်းသာ သာဓုခေါ်ဆိုနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…

Writer ; Kwee (Jeeptoolay)

Source ; Cr. Sunthorn Utaithumအညတရ ဘိက္ခုDham Ma Piyaစီအာဒီ